Monday, 14 September 2015

ရေဆာချိန်များတွင် ရေသောက်ပေးခြင်းဖြင့် ရောဂါခုနစ်မျိုးကို ကာကွယ်နိုင်

drinking
ရေဆာချိန်များ၌ ရေသောက်ခြင်းဖြင့်ရောဂါခုနစ်မျိုးကို ကာကွယ်သွားနိုင်ကြောင်းလူတစ်ဦးအနေဖြင့် တစ်နေ့လျှင် ရေရှစ်ခွက် နှစ်လီတာခန့် သောက်သုံးရန်လိုအပ် ကြောင်း မြန် မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ သိရသည်။
ယင်းကဲ့သို့သောက်သုံးခြင်းဖြင့် ကျန်းမာရေးညီညွတ်စေမည့်အပြင် အသားအရေလှပစေရန်ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊လန်းဆန်းစွာ အလုပ်ကိုပိုမိုလုပ်ကိုင်နိုင်ခြင်း၊ ဆီးမှန်ဝမ်းမှန်ဖြစ်စေခြင်း၊ ပင်ပန်းနွမ်းနယ်မှု ကိုပြေပျောက်စေခြင်း၊ ခေါင်းကိုက် သက်သာစေခြင်းနှင့် အစာအိမ် အူ လမ်းကြောင်း ဆိုင်ရာ ကင်ဆာ ရောဂါဖြစ်နိုင် ခြေကို လျော့ကျစေခြင်းစသည့်ရောဂါခုနစ်မျိုးအား ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့အကျိုးကျေးဇူးများကိုရရှိခံစားလိုပါက ရေဆာ ချိန်များတွင် ရေသောက်သုံးပေးရန်လိုအပ်ကြောင်း၊ အများအားဖြင့် ရေဆာချိန်တွင်အချိုရည်များ ဖြည့်စွက် သောက်သုံးတတ်သော အမူအကျင့်များကိုများစွာတွေ့ရှိနေရကြောင်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းကြီး၏ အထွေထွေ အတွင်းရေး မှူးပါမောက္ခ ဒေါက်တာ ကိုကိုက သုံးသပ်ပြောသည်။
ရေဆာချိန်တိုင်း အချိုရည်များသောက်၍ရေငတ်ဖြေခြင်းသည် ဆီးချိုသွေး ချိုကဲ့သို့သော မလိုလားအပ်သောရောဂါများကိုဖြစ်စေတတ်သဖြင့် ကာကွယ်နိုင်ရန် အစား အသောက် ဆင်ခြင်ခြင်းဖြင့် အထောက်အကူပြုစေနိုင်ကြောင်း သိရသည်။
မြဝတီ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate