Monday, 14 September 2015

ဘတ် ၁ဝ သန်းတန်စိန်ကို ခိုးယူသူအမျိုးသမီး၏အူလမ်းကြောင်းအတွင်းမှ ပြန်လည်ရယူ


Thai police use colonoscope to retrieve £180,000 diamond that Chinese thief had hidden up her bottom

 
Clear cut: She finally agreed to the operation after being told that the diamond could cause damage to her insides, and nature and laxatives had failed to do the job

ဗန်ကောက် ၊ ၁၄-၉-၂ဝ၁၅

ဗန်ကောက် စိန်ရွှေလက်ဝတ် ရတနာပြပွဲ အတွင်း ခိုးယူခံခဲ့ ရသည့် ဘတ် ၁ဝ သန်းတန် စိန်ကို ခိုးယူသူ တရုတ်အမျိုးသမီး တစ်ဦး၏ အူလမ်းကြောင်း အတွင်းမှ စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်ရယူ နိုင်ခဲ့ကြောင်း ဗန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ စိန်အား တရုတ် ဇနီးမောင်နှံမှ ခိုးယူကြောင်း CCTV ကင်မရာ အထောက်အထား များအရ တွေ့ရှိခဲ့ ပြီးနောက် စက်တင်ဘာ ၁ဝ ရက်ညတွင် ၄င်းတို့နှစ်ဦး အား သုဝဏ္ဏဘူမိ အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးအား စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ အမျိုးသမီး ဖြစ်သူ ကျန်းစုလျန် ၏ အူလမ်းကြောင်း အတွင်း ယင်းစိန်ကို တွေ့ရှိခဲ့သည်။ ထို့နောက် တာဝန်ရှိ သူများသည် ဆရာဝန်၏ အကူအညီကို ရယူ၍ ကျန်းစုလျန် ၏ အူလမ်းကြောင်း အတွင်းမှ အလေးချိန် ၆ ကာရက်ရှိ စိန်ကို ပြန်လည်ရယူ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲချုပ် ဆန်နစ် မဟာသာဘွန်း က သတင်းထောက် များအား ပြောကြားသည်။

ထို့ပြင် အဆိုပါစုံတွဲအား မွန်ထောင်းချာနီ တရားရုံးသို့ တရားစွဲဆို တင်ပို့ သွားမည် ဖြစ်ကြောင်း ရဲချုပ် က ဆက်လက် ပြောကြား ထားသည်ဟု သိရသည်။

#PyiChitThar

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate