Friday, 23 October 2015

အရွိန္မထိန္းႏိုင္ေသာ ကုန္တင္ယာဥ္ေတာင္နံရံ၀င္တုိက္တိမ္းေမွာက္


ေကာ့ကရိတ္ ေအာက္တုိဘာ ၂၂

ေအာက္တုိဘာ ၂ဝ ရက္ ညေန ၃ နာရီခန္႔က ျမဝတီမွ ေကာ့ကရိတ္ သုိ႔ ယာဥ္ေမာင္းေက်ာ္မင္းဦး(၄ဝ ႏွစ္) ေမာင္းႏွင္လာေသာ ၁၂ ဘီးကုန္တင္ ယာဥ္ ျဖဴ/နက္ျပာယာဥ္မွာ ျမဝတီ ၿမိဳ႕မွ ေကာ့ကရိတ္ၿမိဳ႕သုိ႔ ကုန္ပစၥည္း မ်ား တင္ေဆာင္ေမာင္းႏွင္လာစဥ္ ေခ်ာင္းမပူးတံတား (၅)တန္အနီး အေရာက္တြင္ အရွိန္မထိန္းႏုိင္ဘဲ လမ္းယာဘက္ေတာင္နံရံအား ဝင္ ေရာက္တုိက္မိခဲ့ၿပီး တိမ္းေမွာက္ ခဲ့ေၾကာင္း သိရသည္။
ယာဥ္ထိန္းတပ္ဖဲြ႕စု(၇၁)မွ ရဲအုပ္ ဝင္းေအာင္၊ ခ႐ုိင္ရဲတပ္ဖဲြ႕မွ ရဲအုပ္ မ်ဳိးမင္းထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွ ရဲအုပ္ေဇယ်ာစုိးတုိ႔က အခင္းျဖစ္ပြား ရာေနရာကို သြားေရာက္စစ္ေဆး ခဲ့ရာ ယာဥ္ေမာင္းေက်ာ္မင္းဦး မွာ ဒဏ္ရာ(မစုိးရိမ္ရ)ရရွိခဲ့ၿပီး ေကာ့ကရိတ္ခ႐ုိင္ ျပည္သူ႔ေဆး႐ံုသုိ႔ တင္ပုိ႔ေပးခဲ့သည္။

သို႔ျဖစ္၍ ယာဥ္မဆင္မျခင္ ေမာင္းႏွင္သူ ယာဥ္ေမာင္း ေက်ာ္မင္းဦးအား ဥပေဒအရ အေရးယူေပးပါရန္ ရဲအုပ္ဝင္းေအာင္ က တရားလုိျပဳ လုပ္တုိင္တန္းၿပီး ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

တင္ဝင္းလိႈင္(ေကာ့ကရိတ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
....................

ကော့ကရိတ် အောက်တိုဘာ ၂၂

အောက်တိုဘာ ၂ဝ ရက် ညနေ ၃ နာရီခန့်က မြဝတီမှ ကော့ကရိတ် သို့ ယာဉ်မောင်းကျော်မင်းဦး(၄ဝ နှစ်) မောင်းနှင်လာသော ၁၂ ဘီးကုန်တင် ယာဉ် ဖြူ/နက်ပြာယာဉ်မှာ မြဝတီ မြို့မှ ကော့ကရိတ်မြို့သို့ ကုန်ပစ္စည်း များ တင်ဆောင်မောင်းနှင်လာစဉ် ချောင်းမပူးတံတား (၅)တန်အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်တောင်နံရံအား ဝင် ရောက်တိုက်မိခဲ့ပြီး တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့စု(၇၁)မှ ရဲအုပ် ဝင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ဇေယျာစိုးတို့က အခင်းဖြစ်ပွား ရာနေရာကို သွားရောက်စစ်ဆေး ခဲ့ရာ ယာဉ်မောင်းကျော်မင်းဦး မှာ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။

သို့ဖြစ်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကျော်မင်းဦးအား ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်ဝင်းအောင် က တရားလိုပြု လုပ်တိုင်တန်းပြီး ကော့ကရိတ်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:

Post a Comment

Follow on Blogger

ရခိုင္ မ်ဳိးဆက္သစ္ လူငယ္မ်ား အစည္းအရံုး (ထိုင္းနိုင္ငံေရာက္ ျမန္မာ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းဥပေဒႏွင့္အညီ အေထြေထြ ကူညီေပးေရး ေစတနာ့ဝန္ထမ္း ကြန္ယက္) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO ​

ထိုင္းျမန္မာတိုင္းရင္းေပါင္းေပါင္းစံုရိုးရာယဥ္ေက်းမႈမႈပြဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ္အမ်ားဆံုး

အုပ္စုအလိုက္ ပိုစ့္မ်ား

ဆရာေတာ္ အသွ်င္ဥတၱမ

http://www.agyo.org/2015/01/blog-post.html

ဆရာၾကီး ဦးသာထြန္း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက္ ပိုစ့္မ်ား

Translate