Friday, 23 October 2015

မြန်မာ-ထိုင်း နယ်စပ်ကျေးရွာများတွင် ဝမ်းရောဂါကြောင့် ၁၂ဦးသေဆုံး

KDHW logo

အောက်တိုဘာလ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်မြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်မှ ကျေးရွာပေါင်း ၆၁ရွာတွင် ၀မ်းပျက်ဝမ်း လျှောရောဂါကြောင့် အောက်တိုဘာလအထိ သေဆုံးသူ ၁၂ဦးရှိသွားပြီးဖြစ်သည်ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)က ကေအိုင်စီသို့ ယနေ့ ပြောသည်။
အဆိုပါဝမ်းရောဂါမှာ အစိုးရကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသည့် နယ်စပ်ကျေးရွာများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ယခုအထိ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ရှိနေဆဲဖြစ်ကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHW ၏ Monitoring evaluation staff နော်ချာ့အယ်ဖောက ပြောသည်။
သူမက “ရောဂါဖြစ်ပွားတာတော့ တစ်ချို့ရွာတွေမှာ နည်းသွားပြီးတစ်ချို့ရွာတွေကျတော့ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အရင်လတွေထက်စာရင် နည်းနည်း လျော့ကျသွားတဲ့ အခြေအနေရှိတယ်။ ဒီလအတွင်းမှာ အခုထိ သေဆုံးသူတစ်ဦး ရှိသေး တယ်”ဟု ပြောသည်။
လက်ရှိအခြေအနေများအရ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားရာနေရာတွင် ကျန်းမာရေးဆိုင်ရာ
အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းတို့ကို လုပ်ဆောင်နေပြီး လာမည့် နှစ်လအထိ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင် သွားမည်ဟု နော်ချာ့အယ်ဖော့က ပြောသည်။
အဆိုပါ မြို့နယ်နှစ်ခုအတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့မှစတင်ကာ လူဦးရေ ၂၁၇ဦး ၀မ်းပျက်ဝမ်း လျှောဖြစ်ကာ သေဆုံးသူ ၁၂ဦးရှိကြောင်း KDHW ၏ အောက်တိုဘာလ ၁၆ရက်နေ့က နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ သိရသည်။
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHWနှင့်အတူ BMA၊ BPHWT၊ PRAD၊ PU-AMI (Thai and Myanmar)၊ Solidarity International (SI)၊ Thai Hospital Public Health၊ Unicef (Myanmar) စသည့် ပြည်တွင်း၊ နယ်စပ် နှင့်ထိုင်း နိုင်ငံရှိ ကျန်းမာရေးအဖွဲ့ (၉)ဖွဲ့ဖြင့် ၀မ်းရောဂါဖြစ်ပွားသည့်နေရာများအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။
kicnews

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate