Saturday, 3 October 2015

မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေ နန်းတော်ရာကုန်း တတိယ တံတိုင်း အပြင်ဘက်ရှိ ရေတွင်း အနီးတွင် ရှေးဟောင်း သုတေသန ဌာက နိုင်ငံခြား ဧည့်သည်များ အတွက် အိမ်သာ ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက်ထားသည်ဟု သတင်း ရရှိသည်။

ANP-yangon-election-campaings

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊ အောက်တိုဘာ ၃

တာဝန်ကျေသော ရခိုင်သား များဖြစ်ရန် ရခိုင်သားတိုင်း ရခိုင်အမျိုး သားပါတီကိုမဲပေးကြပါဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြိံး ဦးဇော်အေးမောင်က စက်တင်ဘာလ ၂၇ရက်နေ့ က လှိုင်သာယာမြို့နယ်တွင်  ပြုလုပ်သည့် လူထု မဲဆွယ်စည်ရုံး ဟောပြောပွဲတွင် ပြောကြားသည်။
“တာဝန်ကျေတဲ့ ရခိုင်သားတွေဖြစ်အောင် ရခိုင်သားတိုင်း ရခိုင်အမျိုးသား ပါတီကိုမဲပေးကြပါ။ ရခိုင်အမျိုးသား
ပါတီက များများနိုင်ရင် ရခိုင်လူမျိုး အကျိုးကိုများများဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား
ရေးရာဝန်ကြိံး ဦးဇော်အေးမောင်က   ပြောသည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ဒေါ်သန်းနုမှလည်း ” ဒီမှာနေတာကြာပါပြီ၊၂၀၁၀တုန်းက တော့ မဲပေးခွင့် မရခဲ့ပါဘူး။ခုတော့ မဲပေးခွင့်ရတဲ့ အတွက် ရခိုင်ပါတီကိုဘဲ မဲပေးမှာပါ။ ရခိုင်လူမျိုးအကျိုးကို ဆောင်ရွက်ပေးမယ့် ရခိုင်ရေးရာဝန် ကြိံး နေရာပါတဲ့အတွက် ပိုပြီးပေးချင် ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်
ANP-yangon-election-campaing
ရခိုင်အမျိုးသား ပါတီ ဗဟိုကော်မတီဝင် ဦးသာထွန်းလှမှ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့်ရရှိမှသာ ကိုယ့်လူမျိုး အကျိုးစီးပွားကို ဆောင်ရွက်နိုင်မှာပါ။ ဒါကြောင့် ရခိုင်ပြည်နဲ့ရခိုင်လူမျိုး အကျိုးစီးပွား အတွက် ရခိုင်အမျိုးသား ပါတီကို မဲပေးကြပါ” ဟု  အခမ်းအနားတွင် ပြောကြားသည်။
ရခိုင်အမျိုးသားတေးသံရှင် ကိုဒိုးလ်ရီမှလည်း” ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့တစ်ခုတည်းသော ရခိုင် အမျိုးသား ပါတီကို အားပေး ဂုဏ်ယူပါတယ်။ ဒါကြောင့် ဒီပွဲကို ကိုယ်တိုင်လာရောက် သီဆိုဖြေဖျော် ပေးတာပါ။  ရခိုင်လူမျိုးတိုင်း မိမိတို့ ရခိုင်အမျိုးသား ပါတီကိုဘဲ အားပေး ကြပါ” ဟု  ပြောသည်။
“ရခိုင်လူမျိုးဖြစ်တဲ့ အတွက် ရခိုင်အမျိုးသားပါတီကိုဘဲ မဲပေးချင် ပါတယ်။ဒါပေမယ့် မဲစာရင်းမှာ မပါတော့ မဲပေးရ ၊ မပေးရဆိုတာ မသေ ချာသေးပါဘူး၊ ပုံစံ(၃)နဲ့တော့ လျှောက် ထားပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ် နေကြတဲ့ ရခိုင်လူမျိုးအများစု ကတော့ မဲစာရင်းမှာ မပါဘူး။ ဧည့်စာရင်းနဲ့ နေတဲ့ သူတွေ၊ ဧည့်စာရင်း မရှိတဲ့သူတွေ အများစုမို့ လို့ ခုလို မဲစာရင်းထဲမှာ မပါဘူးလို့ ထင်ပါတယ်”ဟု  လှိုင်သာယာ အထည်ချုပ်စက်ရုံမှာ  အလုပ်လုပ်နေသည့် မခိုင်ခိုင်ဇံက နိရဉ္စရာသို့ ပြောသည်။
လှိုင်သာယာမြို့နယ်တွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ခင်လှမြိုင် မှလည်း “လှိုင်သာယာမှာ ရခိုင်လူမျိုး တစ်သိန်းကျော်ရှိပေမယ့် မဲစာရင်းမှာ တော့ ကိုးသောင်းကျော်လောက်ဘဲပါတယ်။ မဲပေးခွင့်ရှိတဲ့ ရခိုင်သားတိုင်း မဲပေးခွင့်ရရှိအောင် ဧည့်စာရင်းနဲ့  နေသူတွေ၊ အမည်စာရင်း မပါသူတွေ ကို မဲပေးခွင့် ရရှိအောင် ဆောင်ရွက်ပေး နေပါတယ်” ဟု နိရဉ္စရာသို့  ပြောဆိုသည်။
ANP-yangon-election-campaing-2015
အဆိုပါ လူထု မဲဆွယ်စည်းရုံး ဟောပြောပွဲသို့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြိံး ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးသာထွန်းလှ၊ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၊ပါတီအောင်  နိုင်ရေး ဆောင်ရွက် နေသူများ၊ ပါတီ ၀င်များ၊ရခိုင်သူ၊ရခိုင်သား လူဦးရေ သုံးထောင်ကျော်ခန့် တက်ရောက် သည်။
ရန်ကုန်တိုင်းဒေသကြိံး  ရခိုင်အမျိုးသားပါတီ၏ နောက်ထပ် လူထုဟောပြောပွဲတစ်ခုကို အောက်တို ဘာလ ၄ ရက် တနင်္ဂနွေနေ့  နေ့လယ်တွင် ရွှေပြည်သာမြို့နယ်၌ ပြုလုပ်မည်။
ထိုပွဲသို့ အမျိုးသားသီချင်းများသီဆိုရန် အတွက် ရခိုင်အမျိုးသားအဆိုတော် ၀င်ကိုခိုင် နှင့် ကို ဒိုးလ်ရီတို့အား ဖိတ်ကြားထား ကြောင်း ပါတီအောင်နိုင်ရေးခေါင် ဆောင် ဦးဘဆွေက နိရဉ္စရာသို့  ပြောသည်။
http://www.narinjara.com/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate