Friday, 2 October 2015








( Ye Wint )


Ref: Mirror
..................................................................
အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇရောဂါကြောင့် နှာခေါင်းနှစ်ခုနဲ ့မွေးဖွားလာတဲ့ကလေးငယ်

အလွန် ့အလွန်ရှားပါးလှတဲ့ မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ပီရူးနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ နှာခေါင်းနှစ်ခုနဲ ့မွေးဖွားလာခဲ့ပါတယ်။

Baby Angelito ( နတ်သားလေး) လို ့မိဘတွေက နာမည်ပေးထားတဲ့ အဆိုပါကလေးငယ်ကို Peru နိုင်ငံ၊ Chimbote မြို ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ကလေးအထူးကုဆရာဝန် Jose Castillo က Patau Syndrome လို ့ခေါ်တဲ့ အဆိုပါ ကိုယ်အင်္ဂါမူမမှန်တဲ့ရောဂါဟာ အလွန်တရာ ရှားပါးလှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မီးဖွားမှု ၁၀၀၀၀ ကနေ ၁၅၀၀၀ မှာမှ တစ်ကြိမ်သာ ဖြစ်နိုင်ခြေရှိတယ်လို ့ဆိုပါတယ်။

ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိပဲ တိုက်ကျွေးထားတဲ့ အာဟာရကို ပုံမှန် စားနိုင်တာကြောင့် သူ ့ရဲ့ နှလုံးနဲ ့အသက်ရှူလမ်းကြောင်းကလည်း ကောင်းမွန်စွာအလုပ်လုပ်တယ်လို ့ဆိုပါတယ်။

ကလေးရဲ့အဖေနဲ ့အမေဟာ မွေးပြီးကတည်းက ကလေးကုတင်ဘေးနားက မခွာဘဲ ကလေးငယ်ကို Nuevo Chimbote မှာရှိတဲ့ နေအိမ်ကနေ မိုင် ၃၀၀ ခန် ့ဝေးတဲ့ မြို ့တော် Lima က ဆေးရုံဆီ ပို ့ဆောင်ခဲ့ကာ အဆိုပါ ဆေးရုံမှာ သာမန်နှာခေါင်းတစ်ခုထဲ ဖြစ်အောင်လို ့ခွဲစိတ်မှုခံယူရမှာဖြစ်ပါတယ်။

ဆေးရုံရဲ့ မွေးကင်းစကလေးငယ်စောင့်ရှောက်ရေးဌာနအကြီးအကဲ Carlos Arrestegu Ramos က
“ ကလေးလေးက အခုတော့ အသက်ရှူရတာ ခက်ခဲမှုမရှိပေမယ့်၊ ပလတ်စတစ်ဆာဂျရီလုပ်ဖို ့တော့ လိုမှာပါ” လို ့ပြောကြားခဲ့ပါတယ်။

ကလေးရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုက ကလေးရဲ့ခန္ဓာကိုယ်ကို တခြားဘာအကျိုးဆက်တွေ သက်ရောက်နေသလဲဆိုတာကိုတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်လိမ့်မယ်လို ့ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate