Friday, 2 October 2015

စတိုးဆိုင္ကေန ကြန္ဒံုးခိုးတဲ႔သမီးကို အရွက္ေျပသတ္ခဲ႔တဲ႔ ဖခင္တစ္ဦး

ရည္းစားနဲ႔ ခ်စ္တင္းေႏွာဖို႔အတြက္ စတိုးဆိုင္ကေန ကြန္ဒံုးခိုးခဲ႔တဲ႔ ၁၉ႏွစ္အရြယ္ သမီးအေၾကာင္းကို ၾကားၿပီးတဲ႔ေနာက္မွာ ဖခင္ျဖစ္သူက သမီးကို လည္ပင္းညွစ္သတ္ခဲ႔တဲ႔ အျဖစ္အပ်က္တစ္ခု ျဖစ္သြားခဲ႔ပါတယ္။ ေကာင္မေလးရဲ႕ ရည္းစားဆိုတာကလည္း မိဘေတြက မေတြ႔ရဘူးလို႔ တားျမစ္ထားတဲ႔သူ ျဖစ္ေတာ႔ ပိုဆိုးကုန္တာေပါ႔။

သမီးျဖစ္သူ Lareebကို လည္ပင္းညွစ္သတ္ၿပီးတဲ႔ေနာက္ Asdullah နဲ႔ သူ႔ရဲ႕ဇနီး Shazia တို႔ဟာ အေလာင္းကို ဘီးတပ္ကုလားထုိင္ေပၚတင္၊ ကားထဲထည္႔ၿပီး ေတာအုပ္ထဲကို ေမာင္းႏွင္ခဲ႔ပါတယ္။ ၿပီးေတာ႔ အေလာင္းကို ေဖ်ာက္ခဲ႔ၾကေတာ႔တာပါပဲ။ ေနာက္ရက္မ်ားအၾကာမွာ ျဖတ္သြားျဖတ္လာေတြက အေလာင္းကို ရွာေတြ႔ခဲ႔ပါတယ္။
“သမီးက အိမ္ျပန္မအိပ္တာ ရက္ေတာ္ေတာ္ၾကာၿပီ၊ ေခါင္းေဆာင္းလဲ မေဆာင္းေတာ႔ဘူး။ တစ္ေန႔က်ေတာ႔ ကြန္ဒံုးေတြခိုးတာ မိတယ္ဆိုၿပီး ရဲေတြဆီက အေၾကာင္းၾကားစာကို ရခဲ႔တာပဲ။ ဒါ လိင္ပိုင္းဆိုင္ရာ အထိအေတြ႔ရွိခဲ႔ၿပီဆိုတာ ရွင္းေနတာပဲ။ ဒီအေၾကာင္းၾကားစာကို သူ႔အေဖကိုျပလိုက္ေတာ႔ လည္ပင္းညွစ္သတ္ေတာ႔တာပဲ။” လို႔ မိခင္ျဖစ္သူက တရားရံုးမွာ ထြက္ဆိုပါတယ္။

Lareeb ကိုအိမ္ျပင္မထြက္ဖို႔ တားျမစ္ထားၿပီး သူ႔ရည္းစားနဲ႔ ခ်ိန္းေတြ႔တဲ႔အတြက္ေၾကာင္႔လည္း မိဘေတြက ရိုက္ႏွက္ခဲ႔ပါတယ္။ သူက မိဘစကားနားမေထာင္ဘဲ သူ႔ရည္းစားကို ထပ္မံခ်ိန္းေတြ႔ခဲ႔ၿပီး ေခါင္းေဆာင္းကိုလည္း ေဆာင္းဖို႔ ျငင္းပယ္ခဲ႔ပါတယ္။

အမႈမွန္ေပၚေပါက္ခဲ႔တာကေတာ႔ Lareeb ရဲ႕ ညီမေလး Nida က တရားရံုးမွာထြက္ဆိုခဲ႔တာေၾကာင္႔လို႔ သိရပါတယ္။ “မမက ထိန္းမႏိုင္ဘူး၊ သူလုပ္ခ်င္တာ သူလုပ္တယ္။ သမီးကိုတုတ္နဲ႔ အျမဲရိုက္တယ္။ မမရဲ႕ ေကာင္ေလးအေၾကာင္းကို ဘယ္ေတာ႔မွ ေျပာဖို႔အခြင္႔မေပးဘူး။ မမကို ေယာက်ာ္းအတင္း ေပးစားရမွာလို႔ ေဖေဖက အျမဲေျပာတယ္။” လို႔ Nida က ေျပာခဲ႔ပါတယ္။

“ေနာက္ျပန္လွည္႔လို႔ရမယ္ဆိုရင္ ဒါေတြအားလံုး ကြ်န္ေတာ္ ျပင္လိုက္မွာပါ။ ကြ်န္ေတာ္႔ဇနီးက ကြ်န္ေတာ္႔စကား နားေထာင္တာပါ။ ဇနီးနဲ႔ သမီးေတြကို ကြ်န္ေတာ္ ခ်စ္ပါတယ္။” လို႔ Asadullah ကေျပာခဲ႔ပါတယ္။

( Skyler )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref:ibtimes

.........................................................................................

စတိုးဆိုင်ကနေ ကွန်ဒုံးခိုးတဲ့သမီးကို အရှက်ပြေသတ်ခဲ့တဲ့ ဖခင်တစ်ဦး
 
ရည်းစားနဲ့ ချစ်တင်းနှောဖို့အတွက် စတိုးဆိုင်ကနေ ကွန်ဒုံးခိုးခဲ့တဲ့ ၁၉နှစ်အရွယ် သမီးအကြောင်းကို ကြားပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူက သမီးကို လည်ပင်းညှစ်သတ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကောင်မလေးရဲ့ ရည်းစားဆိုတာကလည်း မိဘတွေက မတွေ့ရဘူးလို့ တားမြစ်ထားတဲ့သူ ဖြစ်တော့ ပိုဆိုးကုန်တာပေါ့။
သမီးဖြစ်သူ Lareebကို လည်ပင်းညှစ်သတ်ပြီးတဲ့နောက် Asdullah နဲ့ သူ့ရဲ့ဇနီး Shazia တို့ဟာ အလောင်းကို ဘီးတပ်ကုလားထိုင်ပေါ်တင်၊ ကားထဲထည့်ပြီး တောအုပ်ထဲကို မောင်းနှင်ခဲ့ပါတယ်။ ပြီးတော့ အလောင်းကို ဖျောက်ခဲ့ကြတော့တာပါပဲ။ နောက်ရက်များအကြာမှာ ဖြတ်သွားဖြတ်လာတွေက အလောင်းကို ရှာတွေ့ခဲ့ပါတယ်။
“သမီးက အိမ်ပြန်မအိပ်တာ ရက်တော်တော်ကြာပြီ၊ ခေါင်းဆောင်းလဲ မဆောင်းတော့ဘူး။ တစ်နေ့ကျတော့ ကွန်ဒုံးတွေခိုးတာ မိတယ်ဆိုပြီး ရဲတွေဆီက အကြောင်းကြားစာကို ရခဲ့တာပဲ။ ဒါ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ရှိခဲ့ပြီဆိုတာ ရှင်းနေတာပဲ။ ဒီအကြောင်းကြားစာကို သူ့အဖေကိုပြလိုက်တော့ လည်ပင်းညှစ်သတ်တော့တာပဲ။” လို့ မိခင်ဖြစ်သူက တရားရုံးမှာ ထွက်ဆိုပါတယ်။
Lareeb ကိုအိမ်ပြင်မထွက်ဖို့ တားမြစ်ထားပြီး သူ့ရည်းစားနဲ့ ချိန်းတွေ့တဲ့အတွက်ကြောင့်လည်း မိဘတွေက ရိုက်နှက်ခဲ့ပါတယ်။ သူက မိဘစကားနားမထောင်ဘဲ သူ့ရည်းစားကို ထပ်မံချိန်းတွေ့ခဲ့ပြီး ခေါင်းဆောင်းကိုလည်း ဆောင်းဖို့ ငြင်းပယ်ခဲ့ပါတယ်။
အမှုမှန်ပေါ်ပေါက်ခဲ့တာကတော့ Lareeb ရဲ့ ညီမလေး Nida က တရားရုံးမှာထွက်ဆိုခဲ့တာကြောင့်လို့ သိရပါတယ်။ “မမက ထိန်းမနိုင်ဘူး၊ သူလုပ်ချင်တာ သူလုပ်တယ်။ သမီးကိုတုတ်နဲ့ အမြဲရိုက်တယ်။ မမရဲ့ ကောင်လေးအကြောင်းကို ဘယ်တော့မှ ပြောဖို့အခွင့်မပေးဘူး။ မမကို ယောကျာ်းအတင်း ပေးစားရမှာလို့ ဖေဖေက အမြဲပြောတယ်။” လို့ Nida က ပြောခဲ့ပါတယ်။
“နောက်ပြန်လှည့်လို့ရမယ်ဆိုရင် ဒါတွေအားလုံး ကျွန်တော် ပြင်လိုက်မှာပါ။ ကျွန်တော့်ဇနီးက ကျွန်တော့်စကား နားထောင်တာပါ။ ဇနီးနဲ့ သမီးတွေကို ကျွန်တော် ချစ်ပါတယ်။” လို့ Asadullah ကပြောခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref:ibtimes

0 comments:

Post a Comment

Follow on Blogger

ရခိုင္ မ်ဳိးဆက္သစ္ လူငယ္မ်ား အစည္းအရံုး (ထိုင္းနိုင္ငံေရာက္ ျမန္မာ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းဥပေဒႏွင့္အညီ အေထြေထြ ကူညီေပးေရး ေစတနာ့ဝန္ထမ္း ကြန္ယက္) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO ​

ထိုင္းျမန္မာတိုင္းရင္းေပါင္းေပါင္းစံုရိုးရာယဥ္ေက်းမႈမႈပြဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ္အမ်ားဆံုး

အုပ္စုအလိုက္ ပိုစ့္မ်ား

ဆရာေတာ္ အသွ်င္ဥတၱမ

http://www.agyo.org/2015/01/blog-post.html

ဆရာၾကီး ဦးသာထြန္း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက္ ပိုစ့္မ်ား

Translate