Monday, 23 November 2015

ရွေ့ပြောင်းအလုပ်သမားလူသစ်များအတွက် ပန်းရောင်ဘတ် လုပ်ပေးရန် ထိုင်းအလုပ်သမား စီမံခန့်ခွဲရေး ဦးစီးဌာန ထုတ်ပြန်


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
 ___၂၃ နိုဝင်ဘာ ၂၀၁၅
ထိုင်းနိင်ငံ ပင်လယ်ကမ်းခြေဒေသ ခရိုင်၂၂ခုမှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံကရွေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်ခွင့် လက်မှတ် (ပန်းရောင်ဘတ်) တွေကို ယ္ခုလလာမယ့် ၂၅ ရက်နေ့မှ စတင် လုပ်ပေး တော့မယ်လို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်လိုက်ပါသည်။
ယ္ခုတစ်ကြိမ် ပြုလုပ်ပေးမယ့် ပန်းရောင်ကဒ်တွေဟာ ရေလုပ်သားတစ်မျိုးပဲ မဟုတ်တော့ပဲ
ရေလုပ်ငန်းနဲ့ပက်သက်သည့် ငါးရုံ ပုဇွန်ရုံ ငါးသေတ္တာစည်သွတ် ဘူးရုံများနှင့် အခြားကုန်း
ပေါ် လုပ်သားများကိုလည်း အထူးအခွင့်အရေးအနေနဲ့ ပန်းရောင်ဘတ်အသစ်များပြုလုပ်
ပေးမှာဖြစ်တယ်လို့ ထပ်မံသိရှိရပါသည်။
ထိုင်းနိင်ငံရဲ့အလုပ်သမားရှားပါးမှုပြဿနာ တရားမဝင်အလုပ်သမားပြဿနာတွေဖြေရှင်းတဲ့အနေနဲ့
၂၀၁၅ နိုဝင်ဘာ ၂၅ ရက်မှ ၂၀၁၆ ဖေဖော်ဝါရီ ၂၅ရက်နေ့အထိ သုံးလအတွင်း နေထိုင်ခွင့် မှတ်ပုံတင်တွေလုပ်ပေးသွားမယ်လို့ ထိုင်းအလုပ်သမားစီမံခန့် ခွဲရေးဦးစီးဌာနမှ သိရပါသည်။
ပန်းရောင်ဘတ်တွေပြုလုပ်ပေးမယ့် ခရိုင်တွေထဲမှာ စမွတ်စာခွန်(မဟာချိုင်) စမူပါရကန်
စမွတ်ဆုန်ကရန်(မဲ့ကောင်) ကျန်ထပ်ဘူရီ ဖစ်ဘူရီ ချွန်းဘူရီလယောင်း ချုံဖော် ဆုန်ခလာ ရနောင်း ဆဒွန်းချာချင်ဆောင် ပါကျွတ်ကရီခရန် နခွန်းဆီထမရတ်ကဗီ ဖန်င ဖူးကတ် စူရတ်ဌာနီ တရန်း ပါသာနီတရတ် နာရသိဝတ် စတဲ့ ခရိုင်ပေါင်း ၂၂ ခုပါဝင်ပါသည်။
သက်ဆိုင်ရာ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားတွေခေါ်ဆောင်ပြီး ခရိုင်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ တစ်နေရာတည်းနေ့ချင်းအပြီးဆောင်ရွက် ပေးတဲ့ ဌာနတွေမှာ သွားရောက်
ဆောင်ရွက်နိင်တယ်လို့သိရပါသည်။
ယ္ခုပြုလုပ်ပေးမယ့် ပန်းရောင်ဘတ်ဟာအလုပ်ရှင်ပြောင်းရွေ့ ခွင့်မရှိပဲ ဘတ်ကဒ်မှ ပတ်စပို့စ်
ပြန်ပြောင်းပြုလုပ်သည့်အခါမှာလည်း မူလအလုပ်ရှင်နဲ့သာ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အမြဲလုပ်မယ့်သဌေးအလုပ်ရှင်နာမည်နဲ့သာပြုလုပ်သင့်ပြီး အလုပ်ရှင်မရှိသေးသူများလည်း အလုပ်ရှင်ရှာပြီးနောက်မှသာပြုလုပ်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ပန်းရောင်ဘတ်အသစ်မှာ နေထိုင်ခွင့် ၁ နှစ် အလုပ်လုပ်ခွင့် ၁ နှစ် နဲ့ ၃၀ ဘတ်နှင့်ဆေး ကုသခွင့် ၁နှစ်ပါရှိမှာဖြစ်တယ်လို့ သိရပါသည်။
____ရဲမင်း( AAC ) မြန်မာအလုပ်သမားကူညီရေးမဟာမိတ်ကော်မတီ-ထိုင်းနိင်ငံ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate