ကျောက်ဖြူတွင် ဥပဒေအထောက်အကူပြုသင်တန်းပြုလုပ်
ကျောက်ဖြူ၊ ဒီဇင်ဘာ ၁
ကျောက်ဖြူမြို့တွင် U KYAW MYINT LAW FIRM မှ ဦးစီးပြီး စတုတ္ထအကြိမ်မြောက် ဥပဒေအထောက်အကူပြု သင်တန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ (၅) ရက်ကြာ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
၎င်းသင်တန်းကို ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ကျောက်ဖြူအရပ်ဘက်အဖွဲ့အစည်းများ
“ ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန် ဥပဒေ အကောင်အထည်ဖော်လာတဲ့ အခါ ဒေသခံတွေရဲ့နစ်နာမှုတွေနဲ့ သူတို့ အခွင့်အရေးတွေ ကိုကာကွယ်နိုင်အောင်ရည်ရွယ်ပြီး ဥပဒေအထောက်အကူပြုသင်တန်း ပြုလုပ်ရတာဖြစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေ ဆရာဦးကျော်မြင့်
က သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းပြင် ဆရာ ဦးကျော်မြင့်က “ ကျောက်ဖြူဒေသမှာ မြန်မာနိုင်ငံမှာ အထူးစီးပွားရေး ဇုန်တည်ထောင်ဖို့ ဆိုပြီး ပြင်ဆင်နေတယ်။ ကားလမ်းတစ်လျှောက်မှာ လျှပ်စစ်မီးတိုင် တည်ဆောက်တာတို့ ရေကာတာ တည်ဆောက် တာတွေ လုပ်နေတာကို တွေ့နေရပြီ။ လူထုတွေကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ခုထိ ဘာမှ မသိသေးဘူး။ အထူး စီးပွားရေးဇုန်လုပ်လာရင် ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဥပဒေကို နားလည်ထားရင် သူတို့ အခွင့်အရေး တွေကို သူတို့ကာကွယ်နိုင်မယ်။ ဒီလို ကာကွယ်ဖို့ဆိုရင် ဥပဒေတွေကို သိရှိထားရမယ်။ ဒီရည်ရွယ်ျချက်တွေနဲ့ သင်တန်း ပြုလုပ်ရတာ ဖြစ်တယ်” ဟု ဆရာ ဦးကျော်မြင့် ကပြောသည်။
ယခုသင်တန်းတွင် ဒေသခံ လူထုထဲမှ တက်တက်ကြွကြွ လူမှုရေး လုပ်ဆောင်နေသူများကို အဓိက ရွေးချယ် သင်တန်းပေးခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဒေသတွင်းတွင် ဥပဒေနှင့် ပတ်သက်ပြီး အကြံအညာဏ်များ ပေးနိုင်ရန်နှင့် ဆက်သွယ် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဥပဒေများကို သိရှိ နားလည်အောင် သင်တန်းပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
၎င်းဥပဒေအထောက်အကူပြုသင်တန်းတွင် အထူးစီးပွားရေးဇုန်ဥပဒေ၊ တရားမဥပဒေ၊ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ အလုပ်သမားဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ မျိုးစောင့်ဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး


0 comments:
Post a Comment