မြောက်ဦးမြို့မှ ရှေးဟောင်း ဘုရားဆင်းတုတော်များ စမ်းချောင်းမြို့နယ်တွင် ဖမ်းမိ
Arakan State
ရန်ကုန်၊ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရှေးဟောင်း ရုပ်တုတော် ၅၇ ဆူအား ခိုးယူ သယ်ဆောင်လာသော ရဟန်းတော် တစ်ပါးနှင့် လူနှစ်ဦးအား နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု ယနေ့ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့မှ ရှေးဟောင်း ဘုရားများ ရောင်းချသည်ဟု သတင်း ရရှိသဖြင့် စမ်းချောင်းမြို့နယ်၊ မုန့်လဆောင်းကုန်း (တောင်) ရပ်ကွက်၊ ပြည်သူ့ကွက်သစ် (၁) လမ်း၊ မအူပင် ကျောင်းတိုက် အတွင်းသို့ သွားရောက် စစ်ဆေးရာ သံဃာတော်တစ်ပါး၏ ခရီးဆောင်အိတ်ထဲတွင် တရားမ၀င် ရောင်းချရန် စီစဉ်ထားသည့် ဘုရား ဆင်းတုတော် ၁၈ ဆူအားတွေ့ရှိရကြောင်း၊ ထို့နောက် ဆက်လက် စုံစမ်း စစ်ဆေးရာ ဇေယျာမြိုင်လမ်း၊ (၅၄) ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်တွင် နေထိုင်သည့် မ………. (၄၆) နှစ်၏ နေအိမ်မှ ရှေးဟောင်းဆင်းတုတော် ၃၉ ဆူအား ထပ်မံ တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရှေးဟောင်းဆင်းတုတော်များကို
သတင်းအရ ဖမ်းဆီးရမိခြင်းနှင့် ရဟန်းတော်တစ်ပါး၊ အမျိုးသား၊ အမျိုးသမီး
တစ်ဦးတို့အား ဖမ်းဆီးထားခြင်းမှာ ဟုတ်မှန်ကြောင်း စမ်းချောင်းမြို့နယ်
ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားကြောင်း သတင်းတွင်
ဆက်လက် ဖော်ပြသည်။
ဖမ်းဆီးမိသူ သုံးဦးအား စမ်းချောင်းမြို့နယ် ရဲစခန်းတွင် (ပ) ၃၆၉/ ၂၀၁၅၊ ပြစ်မှု ပုဒ်မ - ၃၈၀ / ၅၄/ ၂၉၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
(ဓာတ်ပုံမှာ မြောက်ဦးမြို့မှ ရှေးဟောင်းဘုရားဆင်းတုတော်များ
ဖြစ်သည်။ ယခုအခါ မြောက်ဦးမြို့မှ ရှေးဟောင်း ဘုရားဆင်းတုတော်များ ကို
ပြည်ပနိုင်ငံများသို့ ခိုးထုတ် ရောင်းချလျက်ရှိနေကြောင်း သိရသည်။)
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရှေးဟောင်း ရုပ်တုတော် ၅၇ ဆူအား ခိုးယူ သယ်ဆောင်လာသော ရဟန်းတော် တစ်ပါးနှင့် လူနှစ်ဦးအား နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု ယနေ့ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့မှ ရှေးဟောင်း ဘုရားများ ရောင်းချသည်ဟု သတင်း ရရှိသဖြင့် စမ်းချောင်းမြို့နယ်၊ မုန့်လဆောင်းကုန်း (တောင်) ရပ်ကွက်၊ ပြည်သူ့ကွက်သစ် (၁) လမ်း၊ မအူပင် ကျောင်းတိုက် အတွင်းသို့ သွားရောက် စစ်ဆေးရာ သံဃာတော်တစ်ပါး၏ ခရီးဆောင်အိတ်ထဲတွင် တရားမ၀င် ရောင်းချရန် စီစဉ်ထားသည့် ဘုရား ဆင်းတုတော် ၁၈ ဆူအားတွေ့ရှိရကြောင်း၊ ထို့နောက် ဆက်လက် စုံစမ်း စစ်ဆေးရာ ဇေယျာမြိုင်လမ်း၊ (၅၄) ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်တွင် နေထိုင်သည့် မ………. (၄၆) နှစ်၏ နေအိမ်မှ ရှေးဟောင်းဆင်းတုတော် ၃၉ ဆူအား ထပ်မံ တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရှေးဟောင်းဆင်းတုတော်များကိ
ဖမ်းဆီးမိသူ သုံးဦးအား စမ်းချောင်းမြို့နယ် ရဲစခန်းတွင် (ပ) ၃၆၉/ ၂၀၁၅၊ ပြစ်မှု ပုဒ်မ - ၃၈၀ / ၅၄/ ၂၉၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
(ဓာတ်ပုံမှာ မြောက်ဦးမြို့မှ ရှေးဟောင်းဘုရားဆင်းတုတော်မ

0 comments:
Post a Comment