Monday, 23 November 2015

ကျောက်ဖြူတွင် ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်၍ တစ်ဦးသေ


Kyauk-pru-signboardကျော်ဝင်း
ကျောက်ဖြူ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား၍ ၁၀ တန်းကျောင်းသား တစ်ဦး  သေဆုံးသွားကြောင်း ကျောက်ဖြူရဲစခန်းမှ အတည်ပြု ပြောကြားသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ကျောက်ဖြူမြို့၊ ကားကြီးကွင်း၊ မဟာဘုံကထိန် အထိမ်း အမှတ် စတိတ်ရှိုးပွဲတွင် စကားများကြရာမှ ရှစ်တန်းကျောင်းသား မောင်ကျော်လင်းထွန်း(ခ)မောင်ချေ (၁၅)နှစ်မှ ဓါးဖြင့် ထိုးသဖြင့် ဆယ်တန်းကျောင်းသား မောင်မင်းသန့်စိုး  (၁၆) နှစ် သေဆုံးသွားကြောင်း နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ရဲထွန်း က နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
“မောင်မင်းသန့်စိုးက  သူ့သူငယ်ချင်းနဲ့ စကားများပြီး ရန်ဖြစ်တာကို ကူညီတာလို့ သိရတယ်။ ရန်ဖြစ်ပြီး ခဏ နေတဲ့ အခါမှာ မောင်ကျော်လင်းထွန်း ဓားနဲ့ လာထိုးပါတယ်။ ညာဘက်နို့အုံကို ၀င်သွားပါတယ်။ ဆေးရုံကို ချက်ချင်းပို့ပေမယ့် ဆေးရုံ ရောက်တာနဲ့ သေဆုံးသွားတယ်။ တရားခံကိုတော့  ဒီနေ့ နံနက် ၅ နာရီမှာ ဖမ်းမိထားပါပြီ ” ဟု ရဲအုပ် ရဲထွန်းက ပြောသည်။
ဓါးဖြင့်ထိုးသူ ရှစ်တန်းကျောင်းသား မောင်ကျော်လင်းထွန်း(ခ)မောင်ချေမှာ  ကျောက်ဖြူမြို့၊ အရာရှိ ရပ်ကွက်မှ ဖြစ်ပြီး သေဆုံးသွားသူ ဆယ်တန်းကျောင်းသား မောင်မင်းသန့်စိုးမှာ ကျောက်ဖြူမြို့နယ်၊ မလကျွန်း ကျေးရွာမှ(အရာရှိရပ်ကွက်)တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
၎င်းလူသတ်မှုနှင့် ပတ်သက်ပြီး အရာရှိရပ်ကွက်မှ ဒေါ်ဖြူဖြူသန်း မှ တရားလိုလုပ်ကာ ရဲစခန်းတွင် တိုင်တန်းထားပြီး ကျောက်ဖြူမြို့မရဲစခန်းမှ  လူသတ်မှု  (ပ)၂၇၅/၂၀၁၅- ပြစ်မှုပုဒ်မ ၃၀၂ဖြင့်  အမှုဖွင့် အရေးယူထားကြောင်း ရဲအုပ်ရဲထွန်းက ပြောသည်။
၎င်းအမှုကို ကျောက်ဖြူ စခန်းမှူး ဒုရဲမှူး မိုးဇော်သူ က စစ်ဆေးနေကြောင်းသိရသည်။
ဓားထိုးသူ ရှစ် တန်းကျောင်းသားနှင့် သေဆုံးသူ ဆယ်တန်းကျောင်းသားတို့မှာ  အထက(၁) ကျောက်ဖြူတွင် တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသားများဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate