Wednesday, 4 November 2015

နိုင်ငံတော် သမ္မတ ရခိုင်ရှေးဟောင်းစေတီတွင် ထီးတော်တင်

ရန်ကုန်၊ အောက်တိုဘာ ၎
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၃ ရက်နေ့က မြောက်ဦးမြို့သို့ ရောက်ရှိလာပြီး ရှေးဟောင်း စေတီ တစ်ဆူ ဖြစ်သော မဟာပညာကျော် စေတီအား ထီးတော်တင်ခဲ့သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မြောက်ဦးမြို့သို့ ရောက်ရှိလာပြီး အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အရိယာဝံသအား ဖူးမြော် ကြည်ညို ကြခဲ့ကြပြီး ၎င်းနောက်ပိုင်းတွင် မဟာပညာကျော်စေတီတော် ရတနာ စိန်ဖူးတော်နှင့် ရွှေထီးတော် တင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ရေးသား ဖော်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို အမွှေး နံ့သာရည် တို့ဖြင့်ပက်ဖျန်းပူဇော်ကြကာ လက်ဆင့်ကမ်း ပင့်ဆောင်ကြပြီး ပရိသတ်များက စေတီတော် အထွတ်တွင် တင်လှူပူဇော်ကြသည်။

အဆိုပါ မဟာပညာကျော်စေတီတော်မှာ မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်ဘက်ကိုးတန့်စေ့ စေတီမြို့ဦးခေါင်းတောင်၏အောက်ဘက် မဟာပညာကျော် အိမ်တော်ရာကြီး အတွင်း၌ တည်ရှိသည်ဟု သိရသည်။

မဟာပညာကျော်အမတ်ကြီးသည်မြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက်မှ မင်းရာဇာကြီးလက်ထက်အထိ မင်းတိုင်ပင်အမတ်ကြီးအဖြစ်ထင်ရှားခဲ့ပြီး ၄င်းနေထိုင် ခဲ့သော အိမ်တော်ရာဝင်းအတွင်း၌ ကောဇာ သက္ကရာဇ်(၉၆၂)ခုနှစ်၊ အေဒီ(၁၆၀၀)ပြည့်နှစ်တွင် မင်းရာဇာကြီးက တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

“ မနက် ၉ နာရီကျော်လောက်မှာ ထီးတော်တင်ပါတယ်။ ပီးရင် ခရိုင်ရုံးကို သွားပြီး မြို့မိ မြို့ဖတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ဒေသခံတွေနဲ့ တွေ့ပါတယ်။ အဓိကတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အဓိကထား ပြောကြားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြောဆိုတာတွေ မရှိပါဘူး” ဟု မြောက်ဦး ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီး၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလာခဲ့ကြသည်ဟု သိရသည်။

ယခု တလော ရခိုင်ပြည်နယ်မှ ရှေးဟောင်း စေတီများတွင် ကြံ့ရေး ခေါင်းဆောင်များ ထီးတော်တင်မှုများ ရှိနေပြီး အလားတူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း သည်လည်း အောက်တိုဘာလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်မှ နာမည်ကြီး ပေါက်တောမြို့နယ်မှ ဆံတော်ရှင် စေတီတော်ကို ထီးတော်တင်ခဲ့ပြီး ယင်းမတိုင်မီကလည်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာ အနီး ရှေးဟောင်း စေတီ တစ်ဆူအား ထီးတော် တင်ခဲ့သည်ဟု သိရသည်။

_____Narinjara News

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate