Tuesday, 3 November 2015

ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ


၁။ ဥက္ကဋ္ဌ - ဦးအောင်ကျော်ဇော။

၂။ ပါတီဝင်အရေအတွက် - ခုနစ်ရာ။

၃။ မဲဆန္ဒနယ်- မောင်တောမြောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း သုံးနေရာဝင်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ- ဒိုင်းနက်လူမျိုးများ အခြားမျိုးနွယ်စုတိုင်းရင်းသားများနည်းတူ အခွင့်အလမ်းများရရှိရေးအတွက် နိုင်ငံရေးပါတီတစ်ခုရှိသင့်ကြောင်း မိမိတို့အမျိုးသားများ တညီတညွတ်တည်းဆုံးဖြတ်ကြ၍ ဤပါတီကိုထောင်ရခြင်းဖြစ်သည်။

၅။ ပါတီဆောင်ပုဒ်- ဒိုင်းနက်လူမျိုးများတိုးတက်ရန် ဒိုင်းနက်အမျိုးသားများ တာဝန်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - သင့်တင့်သော ပညာအရည်အချင်းရှိပြီး လူမျိုးအပေါ် သစ္စာရှိကာ စိတ်ရင်းစေတနာကောင်းသူ။

၇။ ပါတီရန်ပုံငွေ− သီးသန့်မရှိပါ။

၈။ ပါတီနောက်ခံသမိုင်း- ဒေသအသီးသီးတွင် ရောက်ရှိနေသော ဒိုင်းနက်လူမျိုးများ၏ ဘဝအခြေအနေမှာ အင်မတန်နိမ့်ကျနေသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် ဒိုင်းနက်လူမျိုးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ တွင် ပါတီစတင်တည်ထောင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ


လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲရောက်ရှိပါက နောင်တော်ပါတီကြီးများနဲ့ ညှိနှိုင်းဆောင်ရွက်ပါမယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာ အမျိုးသားရေးကိစ္စဖြစ် လို့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၊ မျိုးနွယ်စုများနဲ့ တစ်သဘောတည်း အတိုင်း ထပ်တူကျအောင် တတ်စွမ်းသမျှ ကူညီနိုင်မယ်လို့ မျှော်လင့်ပါ တယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ပြည်သူများရဲ့ ဝင်ငွေ၊ ထွက်ငွေမျှတအောင် အသိပညာရှင်၊ အတတ်ပညာရှင်များရဲ့ အကူအညီကိုယူပြီး ဆောင်ရွက်သွားပါမယ်။

ပြည်သူတွေက ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
နောက်ဆုံးပါတီလည်းဖြစ်၊ မဖွံ့ဖြိုးမတိုးတက်တဲ့ လူမျိုးစုငယ်လည်းဖြစ်တဲ့အားလျော်စွာ လူမျိုးစုငယ်များကို နိုင်ငံရေးထဲမှာ ရှိစေသင့်တယ် ဆိုတဲ့အသိနဲ့ ဒိုင်းနက်ပါတီကို ရှေ့ဆက်နိုင်ငံရေးမှာ ဆက်လက်ရပ်တည် နိုင်အောင် မဲပေးသင့်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး (စစ်ရေးအမြင်)၊ လူမျိုးရေး၊ နိုင်ငံတကာအမြင် စတဲ့အမြင်ငါးမြင်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ချင်ပါတယ်။

ဥက္ကဋ္ဌ ဦးအောင်ကျော်ဇော၏ ကိုယ်ရေးအကျဉ်း။
အသက်- (၅၉)နှစ်။
ပညာအရည်အချင်း- ဆယ်တန်းအောင်။
လက်ရှိအလုပ်အကိုင်- ရဲ (အငြိမ်းစား)။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- အတန်အသင့်ရှိ။
စံပြပုဂ္ဂိုလ်- ဦးဥတ္တမ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဦးသာထွန်း။
ဆက်သွယ်ရန် လိပ်စာ- အမှတ် (၅၉၃)၊ မင်းစောမွန်လမ်း၊ သပြေကုန်း ရပ်ကွက်၊ ဘူးသီးတောင်မြို့။

http://www.7daydaily.com/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate