ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လုပ်ရှားမူ ပြုလုပ်သောသွားမြို့နယ် များနှင့် လက်မှတ်အရေအတွက်
၁။ စစ်တွေ
၂။ ပုဏ္ဏားကျွန်း
၃။ ကျောက်တော်
၎။ မြောက်ဦး
၅။ ရသေ့တောင်
၆။ ဘူးသီးတောင်
၇။ မောင်တော
၈။ ပေါက်တော
၉။ ကျောက်ဖြူ
၁၀။ မာန်အောင်
၁၁။ မြေပုံ
၁၂။ အမ်း
၁၃။ တောင်ဂုတ်
၁၄။ သံတွဲ
၁၅။ ရန်ကုန်
မြို့များမှ လက်မှတ်အရေအတွက် စုစုပေါင်း ၉၂၀၀၀ ( ၉သောင်း၂ထောင်) ကို ကောက်ခံရရှိပါတယ် ။ မိမိတို့ Campaign လုပ်ရှားသူများအနေဖြင့် လက်မှတ်အရေအတွက် စုစုပေါင်း တသိန်း အနည်းဆုံး မျော်မှန်းထားတဲ့ အတွက် လက်မှတ် ကောက်ခံရက်အား ဇန်နဝါရီ ၂၅ ရက်ထိ ထပ်တိုးပြီး လက်မှတ်မကောက်ခံ ရသေးသော မြို့နယ် ကျေးရွာ များတွင် ဆက်လက်ကောက်ခံသွားပါမည် ။ ဇန်နဝါရီ လ နောက်ဆုံးအပတ်တွင် ဝင်းနှင့် ဇော် လွတ်မြောက်ရေးအတွက် ကောက်ခံရရှိထားသော လက်မှတ်များအား အောက်ပါအစီစဉ်အတိုင်း ပေးပို့သွားပါမည် ၊
၁၊ သမ္မတ ရုံး ( နေပြည်တော် ) မိတ္တူ
၂၊ ထိုင်းဘုရင်မင်းမြတ် ( ရန်ကုန် ထိုင်းသံရုံမှတဆင့်) မူရင်း
၃၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ( ရန်ကုန် ထိုင်းသံရုံးမှတဆင့်)မိတ္တူ
၎၊ ဗြိတိသျှ ၀န်ကြီး (ရန်ကုန်ဗြိတိန်သံရုံး) မှ တဆင့် မိတ္တူ တို့အားပေးပို့သွားပါမည်။
Signature Campaign ဖြစ်မြောက်အောင်မြင်အောင် ငွေအားဖြင့်အကူအညီပေးကြသော အလှူရှင်များနှင့် ပြည်သူများ သိစေရန် ငွေစာရင်း ရှင်းတမ်းအား ပွင့်လင့်မြင်သာမူ့ရှိစေရန် ထုတ်ပြန်ကြေငြာသွားပါမည်။
လက်မှတ်ကောက်ခံ မူ အခြေအနေနဲ့ လက်မှတ်ကောက်ခံမူ့ အရေအတွက်စာရင်း အား Press Release တစ်စောင်ထုတ်ပြီး အများပြည်သူ သိရှိစေရန် ဖြန့်ချီသွားပါမည်။
Signature Campaign ဖြစ်မြောက်အောင် အောင်မြင်အောင် အဘက်ဘက်မှ ပူးပေါင်းပါဝင် ကြသော ပြည်သူလူထု အား မိမိ တို့ Campaign လုပ်ရှားသူများမှ အထူးကျေးဇူးတင်ရှိပါတယ် ။
Campaign လုပ်ရှားသူများအဖွဲ့ ။

0 comments:
Post a Comment