Monday, 25 January 2016

ထိုင်းနယ်စပ် မြို့နယ်များကို ရေဖြန့်ဝေပေးရန် သောင်းရင်းမြစ်ရေ စုပ်ယူရေး မြန်မာ ကန့်ကွက်


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နဲ့ အနီးအနားမြို့နယ်တွေကို ရေဖြန့်ဝေပေးဖို့ သောင်းရင်းမြစ်ထဲက ရေစုပ်ယူရေးမှာ မြန်မာဘက်က ကန့်ကွက်တာကြောင့် ထိုင်းအစိုးရ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
သောင်းရင်းမြစ်ရေ ခန်းခြောက်လာမှုကြောင့် ရေပိုက်ခေါင်းတွေထဲမှာ ပိတ်ဆို့နေတဲ့ သဲတွေကို ထိုင်းအစိုးရက ဖယ်ရှားဖို့ပြုလုပ်မှာကို မြန်မာတာဝန်ရှိသူတွေက ကန့်ကွက်ထားတယ်လို့ ထိုင်းအင်းနယူး အင်တာနက် စာမျက်နှာမှာ ဇန်န၀ါရီလ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။
‘ရေပိုက်ခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ သဲတွေကို ဖယ်ထုတ်ဖို့ မြန်မာ အစိုးရက တားမြစ်ထားတဲ့ အတွက် ရေစုပ်ယူဖို့ အခက်အခဲဖြစ်နေတယ်”လို့ တော့ခ် ခရိုင်အတွင်း အစိုးရ ရေဖြန့်ဝေပေးနေတဲ့ တာဝန်ရှိသူ စူဆက်က ဆိုပါတယ်။

အင်းနယူးသတင်းအရ သဲတွေကို ဖယ်ရှားလိုက်ရင် ရေလမ်းကြောင်း ပြောင်းလဲသွားနိုင်တဲ့ အတွက် မြန်မာ အစိုးရက ခွင့်မပြုတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သောင်းရင်းမြစ်ထဲက ရေရယူနိုင်ဖို့ တော့ခ် ခရိုင် အုပ်ချုပ်ရေးမှူးမှ တဆင့် မြ၀တီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။
ထိုင်းအစိုးရက သောင်းရင်းမြစ်ထဲကရေကို ပိုက်ခေါင်းအကြီးတွေနဲ့ စုပ်ယူပြီး ပြန်လည် သန့်စင်ကာ တော့ခ်ခရိုင် အတွင်းရှိ မဲဆောက်မြို့နဲ့ အနီးအနား မြို့နယ်တွေကို ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ တုန်းက သောင်းရင်းမြစ် ကမ်းပါးတလျှောက် ထိုင်းဘက်ခြမ်းက ကမ်းထိန်းတမံတွေ ဆောက်လုပ်မှုကြောင့် မြန်မာအစိုးရက ကန့်ကွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကိုပိတ်ခဲ့ဖူးပါတယ်။
ကိုးကား – သတင်းနှင့်ဓာတ်ပုံ – innnews
http://www.zayyathuya.com/2016/01/blog-post_656.html

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate