Wednesday, 27 January 2016

အေအးဒဏ္ေၾကာင့္ ထိုင္းေျမာက္ပိုင္း ၈ဦးေသဆံုး

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း၊ အေရွ႕ပိုင္း ႏွင့္ အလယ္ပိုင္းတို႔မွာ အေအးဓာတ္ေတြ ခံစားရျခင္း ျဖစ္ပါတယ္။ ဇန္နဝါရီလ ၂၄ ရက္ မွစ၍ အပူခ်ိန္ တဟုန္ထိုး က်ဆင္းျခင္းေၾကာင့္ ထိုင္းႏိုင္ငံေျမာက္ပိုင္း လိယ္ (เลย) ခရိုင္တြင္ အပူခ်ိန္ ၉ မွ ၁၁ Degree Celsius အထိရွိၿပီး ေတာင္တန္းေဒသမွာေတာ့ ၁.၂ Degree ျဖစ္ပါတယ္။ သတၱဝါေနထိုင္ရာေတာပိုင္းမွာေတာ့ -၁ Degree မွ်သာရွိပါတယ္။
 မြက္ဒါဟန္(มุกดาหาร)ခရိုင္မွာ အပူခ်ိန္ ၁၁ Degree ရွိၿပီး ေလေအးတိုက္ျခင္းႏွင့္ မိုးရြာျခင္းေၾကာင့္ ျပည္သူလူထုမ်ား မီးလံုျခင္းျဖင့္ အေအးဓါတ္ကိုေျဖၾကပါတယ္။ ဒီလိုရာသီဥတုရုတ္တရက္ေျပာင္းလဲျခင္းေၾကာင့္ လူအမ်ားေနမေကာင္းျဖစ္ၾကပါတယ္။ အခု ဖ်ားနာသူ စုစုေပါင္း ၆၀၀ ဦး ကေလးႏွင့္သက္ႀကီးပိုင္းမ်ားအပါအဝင္ ၿမိဳ႕နယ္ေဆးရံုမွာ ေဆးကုသမႈခံယူေနၾကပါတယ္။ ေသဆံုးသူလည္း ၈ဦးရွိၿပီျဖစ္ပါတယ္။ ပထမေသဆံုးသူမွာ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုးေရာဂါရွိေသာ အသက္ ၅၉ ႏွစ္ Ms.ဝါရာဖြန္ (วราพร)သည္ အေအးဓါတ္ေၾကာင့္ shock ျဖစ္ၿပီးေသဆံုးခဲ့ပါတယ္။ ဒုတိယတစ္ဦးမွာ အသက္ ၆၁ႏွစ္၊ Mr. နာဝင္း(นาวิน) သူငယ္ခ်င္းမ်ားနဲ႔အရက္ေသာက္ၿပီးမီးလံုပါတယ္။ သူငယ္ခ်င္းမ်ားအိမ္ျပန္သြားၾကေသာ္လည္း တေယာက္တည္း အရက္ဆက္ေသာက္ေနၿပီး မီးပံုနားမွာမူးလဲၿပီး ေသဆံုးခဲ့ပါတယ္။ တတိယတစ္ဦးမွာေတာ့ Ms. ကၽြန္ (จร) အသက္ ၅၇ ႏွစ္
တဲအိမ္ထဲမွာေသဆံုးပါတယ္။ ေနာက္ဆံုးတစ္ဦးကေတာ့ ပစၥည္းေဟာင္းေကာက္ေရာင္းတဲ့ အသက္ ၅၃ ႏွစ္ Mr. ပရာစုပ္ (ประสบ) ဘုန္းႀကီးေက်ာင္းေဘးရွိတဲအိမ္တစ္အိမ္ထဲမွာ ေသဆံုးပါတယ္။ ဆင္းမယ္ (เชียงใหม่) ခရိုင္မွာ မေန႔ ဇန္နဝါရီ ၂၅ ရက္ေန႔မွာ မိုးသီးရြာက်ျခင္းေၾကာင့္ အိမ္ေျခ ၁၀၀ ေက်ာ္ပ်က္ဆီးခဲ့ပါတယ္။ ဆင္းမယ္ရဲ့အပူခ်ိန္မွာ ၁၄ Degree Celsius ျဖစ္ပါတယ္။ ခ်ိဳင္ယနတ္ (ชัยนาท) ခရိုင္မွာ ၁၃ Degree ရွိၿပီး သက္ႀကီးသူ အသက္ ၇၂ ႏွစ္ တစ္ဦးေသဆံုးခဲ့ပါတယ္။ ေသဆံုးသူတြင္ဘာေရာဂါမရွိပါ ဒါေပမဲ့ အရက္အျမဲေသာက္ေၾကာင္း အေအးဒဏ္ေၾကာင့္ shock ၿပီး ေသဆံုးႏိုင္ေၾကာင္း ေသဆံုးသူရဲ့မိသားစုမွဆိုပါတယ္။ ႏွလံုးေရာဂါ ႏွင့္ ေသြးတိုးေရာဂါရွိတဲ့ အသက္ႀကီးသူေနာက္တစ္ဦး အသက္ ၆၈ ႏွစ္ မွာ အေအးဒဏ္ေၾကာင့္ေသဆံုးေၾကာင္းသိရပါတယ္။

 ႏွလံုးေရာဂါရွိသူ အသက္ ၃၈ ႏွစ္ လူလတ္ပိုင္းတစ္ဦးသည္လည္း အေအးဒဏ္ေၾကာင့္ shock ၿပီး သတိေမ့သြားေသာေၾကာင့္ မိသားစုမွ ေဆးရံုပို႔ရန္ ျပင္ဆင္ေသာ္လည္း အခ်ိန္မမီပဲ ေသဆံုးခဲ့ပါတယ္။ ဆီးခ်ိဳ ႏွင့္ ေသြးတိုးေရာဂါရွိသူ အသက္ ၆၃ ႏွစ္ ထိုင္းတပ္မေတာ္ေလ ဗိုလ္မွဴးႀကီးသည္လည္း အေအးဒဏ္ေၾကာင့္ေသဆံုးခဲ့ေၾကာင္းသိရပါတယ္။
ရုပ္သံၾကည့္ရန္...............
===========================================================


===========================================================
MTF Channel
https://www.facebook.com/mtftv
................


ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်း နှင့် အလယ်ပိုင်းတို့မှာ အအေးဓာတ်တွေ ခံစားရခြင်း ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၄ ရက် မှစ၍ အပူချိန် တဟုန်ထိုး ကျဆင်းခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း လိယ် (เลย) ခရိုင်တွင် အပူချိန် ၉ မှ ၁၁ Degree Celsius အထိရှိပြီး တောင်တန်းဒေသမှာတော့ ၁.၂ Degree ဖြစ်ပါတယ်။ သတ္တဝါနေထိုင်ရာတောပိုင်းမှာတော့ -၁ Degree မျှသာရှိပါတယ်။

 မွက်ဒါဟန်(มุกดาหาร)ခရိုင်မှာ အပူချိန် ၁၁ Degree ရှိပြီး လေအေးတိုက်ခြင်းနှင့် မိုးရွာခြင်းကြောင့် ပြည်သူလူထုများ မီးလုံခြင်းဖြင့် အအေးဓါတ်ကိုဖြေကြပါတယ်။ ဒီလိုရာသီဥတုရုတ်တရက်ပြောင်းလဲခြင်းကြောင့် လူအများနေမကောင်းဖြစ်ကြပါတယ်။ အခု ဖျားနာသူ စုစုပေါင်း ၆၀၀ ဦး ကလေးနှင့်သက်ကြီးပိုင်းများအပါအဝင် မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။ သေဆုံးသူလည်း ၈ဦးရှိပြီဖြစ်ပါတယ်။ ပထမသေဆုံးသူမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသော အသက် ၅၉ နှစ် Ms.ဝါရာဖွန် (วราพร)သည် အအေးဓါတ်ကြောင့် shock ဖြစ်ပြီးသေဆုံးခဲ့ပါတယ်။ ဒုတိယတစ်ဦးမှာ အသက် ၆၁နှစ်၊ Mr. နာဝင်း(นาวิน) သူငယ်ချင်းများနဲ့အရက်သောက်ပြီးမီးလုံပါတယ်။ သူငယ်ချင်းများအိမ်ပြန်သွားကြသော်လည်း တယောက်တည်း အရက်ဆက်သောက်နေပြီး မီးပုံနားမှာမူးလဲပြီး သေဆုံးခဲ့ပါတယ်။ တတိယတစ်ဦးမှာတော့ Ms. ကျွန် (จร) အသက် ၅၇ နှစ် တဲအိမ်ထဲမှာသေဆုံးပါတယ်။ နောက်ဆုံးတစ်ဦးကတော့ ပစ္စည်းဟောင်းကောက်ရောင်းတဲ့ အသက် ၅၃ နှစ် Mr. ပရာစုပ် (ประสบ) ဘုန်းကြီးကျောင်းဘေးရှိတဲအိမ်တစ်အိမ်ထဲမှာ သေဆုံးပါတယ်။ ဆင်းမယ် (เชียงใหม่) ခရိုင်မှာ မနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ မိုးသီးရွာကျခြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော်ပျက်ဆီးခဲ့ပါတယ်။ ဆင်းမယ်ရဲ့အပူချိန်မှာ ၁၄ Degree Celsius ဖြစ်ပါတယ်။ ချိုင်ယနတ် (ชัยนาท) ခရိုင်မှာ ၁၃ Degree ရှိပြီး သက်ကြီးသူ အသက် ရ၂ နှစ် တစ်ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွင်ဘာရောဂါမရှိပါ ဒါပေမဲ့ အရက်အမြဲသောက်ကြောင်း အအေးဒဏ်ကြောင့် shock ပြီး သေဆုံးနိုင်ကြောင်း သေဆုံးသူရဲ့မိသားစုမှဆိုပါတယ်။ နှလုံးရောဂါ နှင့် သွေးတိုးရောဂါရှိတဲ့ အသက်ကြီးသူနောက်တစ်ဦး အသက် ၆၈ နှစ် မှာ အအေးဒဏ်ကြောင့်သေဆုံးကြောင်းသိရပါတယ်။

 နှလုံးရောဂါရှိသူ အသက် ၃၈ နှစ် လူလတ်ပိုင်းတစ်ဦးသည်လည်း အအေးဒဏ်ကြောင့် shock ပြီး သတိမေ့သွားသောကြောင့် မိသားစုမှ ဆေးရုံပို့ရန် ပြင်ဆင်သော်လည်း အချိန်မမီပဲ သေဆုံးခဲ့ပါတယ်။ ဆီးချို နှင့် သွေးတိုးရောဂါရှိသူ အသက် ၆၃ နှစ် ထိုင်းတပ်မတော်လေ ဗိုလ်မှူးကြီးသည်လည်း အအေးဒဏ်ကြောင့်သေဆုံးခဲ့ကြောင်းသိရပါတယ်။

MTF Channel
https://www.facebook.com/mtftv

0 comments:

Post a Comment

Follow on Blogger

ရခိုင္ မ်ဳိးဆက္သစ္ လူငယ္မ်ား အစည္းအရံုး (ထိုင္းနိုင္ငံေရာက္ ျမန္မာ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းဥပေဒႏွင့္အညီ အေထြေထြ ကူညီေပးေရး ေစတနာ့ဝန္ထမ္း ကြန္ယက္) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO ​

ထိုင္းျမန္မာတိုင္းရင္းေပါင္းေပါင္းစံုရိုးရာယဥ္ေက်းမႈမႈပြဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ္အမ်ားဆံုး

အုပ္စုအလိုက္ ပိုစ့္မ်ား

ဆရာေတာ္ အသွ်င္ဥတၱမ

http://www.agyo.org/2015/01/blog-post.html

ဆရာၾကီး ဦးသာထြန္း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက္ ပိုစ့္မ်ား

Translate