Saturday, 30 January 2016

အပေါ်ပိုင်းဗလာဖြင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦး ပါရီတံတားပေါ်မှ ကြိုးဆွဲချပုံ ပြသ (ရုပ်သံ)

နိုင်ငံတကာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အုပ်စုထဲက အပေါ်ပိုင်း ဗလာကျင်းထားတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ အုပ်စုဝင် တဦးဟာ ဇန်န၀ါရီ ၂၈ ရက်နေ့က ပြင်သစ်မြို့တော် ပါရီ တံတားပေါ်ကနေ ကြိုးဆွဲချတဲ့ပုံ တန်းလန်း ချိတ်ဆွဲပြခဲ့ပါတယ်။
အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီ ပြင်သစ်မြို့တော် လာရောက်လည်ပတ်မှုကို ဆန္ဒပြတာလို့ ဆိုပါတယ်။
သူ့ရင်ဘတ်မှာ အီရန်အလံကို ဆေးခြယ်ထားပြီး သူ့ခေါင်းပေါ်က တံတားပေါ်မှာတော့ လွတ်လပ်ခြင်းကို ကွပ်မျက်သူ ရောင်ဟာနီကို ကြိုဆိုပါတယ်လို့ ရေးထားတဲ့ စာတန်းကို ချိတ်ဆွဲထားပါတယ်။
အီရန်မှာ နှစ်တိုင်း လူအယောက် ၈၀၀ ကျော် သေဒဏ်ပေးခံနေရတယ်ဆိုတဲ့ အချက်ကို အများပြည်သူကို အသိပေးတဲ့အနေနဲ့ ဒီလို အခင်းအကျင်းကို ပြသတာလို့ ဖီးမန်းဖရန့်စ်အဖွဲ့ ပြောခွင့်ရက ရှင်းပြပါတယ်။
အီရန်မှာ သေဒဏ်ပေးခံရတဲ့ လူတွေထဲ အမျိုးသမီးတွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ လိင်တူချင်း
စိတ်ဝင်စားသူတွေနဲ့ အတွေးအခေါ် လွတ်လပ်သူတွေက ထိပ်တန်းမှာ ပါနေတယ်။
ပြင်သစ်သမ္မတက အီရန်ကို အဲဘတ်စ်လေယာဉ် ရောင်းဖို့အတွက် စာချုပ်လက်မှတ်ထိုးဖို့ လုပ်နေတယ်၊ ဒါဟာ လူ့အခွင့်အရေးကို ပြင်သစ်သမ္မတက အရေးမစိုက်ဘဲ စီးပွားရေးကိုပဲ အရေးစိုက်တယ်ဆိုတာ ပြတာပဲလို့ သူက ဆက်ပြောပါတယ်။
အီရန်ဟာ ပြင်သစ်ကနေ အဲဘတ်စ်လေယာဉ် အစီး ၁၀၀ ကျော် ဝယ်ယူရေး သဘောတူညီချက်အတွက် နောက်ဆုံးအဆင့် အချောသတ်နေပါပြီ။
အီရန်သမ္မတက သူ့နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ လမ်းဖွင့်ပေးထားတယ်လို့ ပြင်သစ် စီးပွားရေးခေါင်းဆောင်တွေကို ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ပြင်သစ်ဟာ အီရန်နဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် နယ်ပယ်တွေမှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးမယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။
အီရန်သမ္မတဟာ အီရန်-ပြင်သစ် ဖိုရမ်မှာ ပြင်သစ် စီးပွားရေးခေါင်းဆောင်တွေကို ဇန်န၀ါရီ ၂၈ ရက်နေ့က မိန့်ခွန်းပြောခဲ့ပါတယ်။
DVB 
ကြည့်ရန်...........
===============================================

===============================================

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate