Wednesday, 27 January 2016

သေဒဏ်ကျမြန်မာနစ်ဦး အကျဉ်းထောင်တွင် မတော်တရော် ဆက်ဆံခံရဟု ရှေ့နေပြော

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့ မြန်မာ ၂ ဦး အကျဉ်းထောင်ထဲမှာ မတော်တရော် ဆက်ဆံခံရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
သေဒဏ်ကျခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ခြေချင်း၊ လက်ထိတ်တွေ ခတ်ထားပြီး အခန်းထဲမှာ ၂၄ နာရီ နေရတယ်လို့ ရှေ့နေတွေကို ကိုးကားပြီး ထိုင်း ခေါင်စွတ်သတင်းက ရေးပါတယ်။
သူတို့အခြေအနေက ကောင်းသလို တီဗွီကြည့်လို့ရပေမယ့် ၂၄ နာရီ ခြေချင်းနဲ့ လက်ထိတ်တွေ ခတ်ခံထားရတယ်လို့ ရှေ့နေ နာခေါင် ချောင်ပူချတ်က ပြောပါတယ်။
လုံခြုံရေးကို အကြောင်းပြပေမယ့် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဆက်ဆံတာဟာ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ဒါကို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။
သေဒဏ်ချခံထားရတဲ့သူ ၂ ဦးကို နခွန်ဆီသန်မရတ် ခရိုင်က အကျဉ်းထောင်မှာ ထားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့အတွက် မိသားစုနဲ့ ထောက်ခံသူတွေကပေးတဲ့ ငွေကြေးတွေကို အကျဉ်းထောင် အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
သူတို့အတွက် ငွေတွေ အပ်ထားပေမယ့် မရောက်ဘူးလို့လည်း ရှေ့နေဖြစ်သူက ပြောပါတယ်။
ရှေ့နေတွေကတော့ သူတို့ ၂ ဦးအတွက် အယူခံလျှောက်ထားဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆက်သွယ်သွားလာရေး လွယ်ကူစေဖို့အတွက် သူတို့ ၂ ဦးကို ဘန်ကောက်က အကျဉ်းထောင်ကို ပြောင်းရွှေ့ဖို့ တောင်းဆိုမယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate