Friday, 12 February 2016

တောင်ကိုဖြို၍ မြေတူးရာမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရှေးဟောင်း စေတီသုံးဆူ ပြိုပျက်မည့် အနေထားသို့ ရောက်ရှိနေ

Narinjara News Burmese Online 24 X 7


 Pagoda Photo
နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ရှေးဟောင်းစေတီသုံးဆူမှာ တောင်ကိုဖြိုပြီး မြေတူးရာမှ လုံးဝ ပြိုပျက်သွားမည့် အနေ အထားသို့ ရောက်ရှိနေကြောင်း ဘင်္ဂလာဒေ့ရှ်မှ နာမည်ကြီး သတင်းစာတစ်စောင် ဖြစ်သော ပြောထောင့်အာလောင် သတင်းစာတွင် သတင်း ဖော်ပြသည်။
ယင်းစေတီ သုံးဆူမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ  တက်ကနက်မြို့နယ်  နီလာကျေးရွာအနီးတွင် တည်ရှိပြီး ရှေးဟောင်း အမွေအနှစ်များ ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြသည်။
စေတီ သုံးဆူတွင် တစ်ဆူ အမြင့်မှာ ပေ ၂၀၊ နောက်တစ်ဆူမှာ ၂၅  နှင့် အကြီးဆုံး အဆူမှာ ၃၅ ပေ အမြင့်ရှိကြောင်း သိရသည်။
၎င်းစေတီအနီးရှိ အစိုးရ အထက်တန်းကျောင်းတည်ဆောက်ရာတွ
င် လိုအပ်သော မြေကို ယင်းတောင်ကို ဖြိုပြီး တူးဖော်ရာမှ တူးယူရာမှ စေတီတော်များမှာ ပျက်စီး ပျောက်ကွယ် သွားမည့် အနေအထားသို့ ရောက်ရှိနေကြောင်း ရခိုင်ဗုဒ
ဘာသာဝင်များက ပြောကြားသည်ဟု ဆိုသည်။
နတ်မြစ်ကမ်းခြေ အနောက်ဘက်တွင်  ယခင်က ငန်းတော်ဓာတ် စေတီအပါအ၀င် ရှေးဟောင်း စေတီအများအပြား တည်ရှိခဲ့သော်လည်း မသမာသူ ဘာသာမတူသူများ၏ လက်ချက်ဖြင့် အများအပြား ပြိုပျက်သွားခဲ့ရပြီး ယခု စေတီတော်သုံးဆူမှာ နောက်ဆုံး လက်ကျန်စေတီတော်များ ဖြစ်ကြသည်ဟု သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate