Sunday, 14 February 2016

အမှန်တရားပေါ်လာသည်အထိ ဇွဲတင်းထားမယ် ဆိုတဲ့ ၀င်းနဲ့ဇော်



ဒီအပတ် တနင်္လာနေ့နဲ့ အင်္ဂါ နေ့မှာ သဇင် နဲ့ အတူ ကိုကျော်မျိုး တို့
ထောင် ၀င်စာ သွားတွေ့ပါတယ်။
ဇော်လင်းကို တရက် ၀င်းဇော်ထွန်းကို တရက် သွားတွေ့ပေးခဲ့ပါတယ်။
ထုံးစံအတိုင်း ကိုယ့်အတွက် စိတ်မပူပဲ ကော့စမွေက တောင် လာကြည့်ပေးတဲ့
သဇင့်ကို စိတ်ပူ ကျေးဇူး တင်စကား ၀င်းဇော်ထွန်းက အရင် ပြောပါတယ်။
ထောင်ပြောင်းစဉ်က ကြို တင် မသိရတဲ့အတွက် အမြန် ထလိုက် ခဲ့ရလို့
ဖတ်စရာ စာအုပ်တွေ နခေါန်ထောင်မှာ ကျန်ခဲ့တယ်လို့ ၀င်းဇော်ထွန်းဆီက သိရပါတယ်။
၂ ယောက်လုံးကတော့ မိဘတွေ ကိုစိတ်မပူဘို့ နဲ့ သူတို့ ကျမ်းကျမ်းမာမာ
ရှိကြကြောင်း အမှာ စကား ပါးလိုက်ပါတယ်။
ဇော်လင်းအကို ဇော်ဝင်းရေ မင်းညီက မင်းဘယ်မှ မသွားပဲ
မင်းအမေနားမှာပဲ နေပေးပါလို့ မှာ လိုက်ပါတယ်။

ဇော်လင်းက ထိုင်းရောက် မြန်မာ အလုပ်သမားတွေ ကို ဘယ်သွားသွား ဘယ်လာလာအထူး သတိထားကြပါဘို့နဲ့ ထိုင်းကိုလာဘို့ ကြံရွယ်သူများကိုလည်း
ထိုင်းကိုလာမယ်ဆိုရင် အစစအရာ သတိထားနေကြဘို့ မှာ လိုက်ပါတယ်။
ဇော်လင်းအသားကတော့ ဖြူ နေပြီး ၀င်းဇော်ထွန်း အသားကတော့ အားကစားလုပ် ခြင်းခတ်လွန်းလို့ ညို နေပါတယ် လို့ သဇင်က ပြောပါတယ်။
ခုခံအဖွဲ့က စာတင်ထားလို့ သံကြိုးများ လည်း ဖြုတ်ခွင့် ရပါပြီ။
မျှော်လင့်ထားတာထက် ပိုအဆင်ပြေပါတယ်လို့ ပဲ ပြောချင်တာကလွဲရင်
ထောင်က သိပ်ကောင်းတာပဲ ဆိုတဲ့ အပိုစကားတွေနဲ့
ထောင်ထဲမှာ နေရတာ ဒီလို ဒီလို အဆင်မပြေပါဘူးဆိုတဲ့ စကားတွေဟာ
ကလေး ၂ ယောက်တွက် ဘယ်စကားကမှ အကျိုးမရှိမှာ ဖြစ်လို့
ဝင်းနဲ့ဇော်က ထောင် အခြေနေ ရင်ဖွင့်လာရင်တောင် ပို့စ်တင်မှာ မဟုတ်တဲ့
အကြောင်း အားလုံးသိအောင် ပြောလိုပါတယ်။
(အပြင်မှာတောင် ထိုင်းရဲ တွေ ညစ်နေတဲ့ မြန်မာ အလုပ်သမားတွေဘ၀ က မလွယ်ကူတာ
ထောင်က သိပ်ကောင်းလွန်းပါတယ် ဆိုတဲ့စကားက ကျနော်တို့အတွက် ဟာ သပါ။)
လောလောဆယ်ထိတော့ ၀င်းနဲ့ဇော် တို့ နေတဲ့ထောင်က အရင်လိုလူအခွင့်ရေး ချိုးဖောက်မှုတွေ မရှိတော့တာ ၀မ်းသာစ၇ာပါ။
( သဇင်နဲ့အတူ ကူညီပေးတဲ့ ၀င်းနဲ့ဇော် အမျိုး ကို ကျော်မျိုးအားလည်း ကျေးဇူးတင်ပါတယ်။)
credit toလင်းယုန်မာန်(CSI MM

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate