၃ နှစ်အတွင်း ကလေးစစ်သား ၇၀၀ ခန့် နုတ်ထွက်ခွင့်ရ
အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့တပ်မတော်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ကလေးငယ်တွေကို တပ်သားအဖြစ် စုဆောင်းတာ၊ အသုံးပြုတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ကုလအဖွဲ့က ဆိုပါတယ်။
နုတ်ထွက်ခွင့်ရရှိခဲ့တဲ့ ကလေးတွေအတွက် မြန်မာနိုင်ငံ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ပြည်တွင်း မိတ်ဖက် အဖွဲ့အစည်းတွေက မိသားစုပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ အထောက်အပံ့တွေ ပံ့ပိုးပေးခဲ့ကြပါတယ်။
၂ဝ၁၂ ခုနှစ် ဇွန်လကစလို့ ကလေးတွေကို တပ်သားအဖြစ် စုဆောင်းတာနဲ့ အသုံးပြု တာကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့အကြား ပူးတွဲလုပ်ငန်းဆောင်ရွက်မှု စီမံချက်ကို
သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။


0 comments:
Post a Comment