Tuesday, 9 February 2016

အမျိုးသားနေ့တွင် ကရင်အလံလွှင့်ထူထားရန်နှင့် ရိုးရာဝတ်စုံဝတ်ဆင်ရန် ကေအဲန်ယူတိုက်တွန်း

DSC08141

ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ- ကအေိုငျစီ - KIC News

ယခု ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက်ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အနယ်နယ် အရပ်ရပ်ရှိ ကရင်အမျိုးသားများနေထိုင်သည့် အိမ်တိုင်းတွင် ကရင့်အမျိုးသားအလံ လွှင့်ထူခြင်းနှင့် ကရင်ရိုးရာဝတ်စုံကို ထိုနေ့ တစ်နေ့လုံး ဝတ်ဆင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုဌာနချုပ်က ဖော်ဖော်ဝါရီလ ၆ရက်နေ့တွင် စာထုတ် ပြန်ကာ တိုက်တွန်းလိုက်သည်။
ထိုသို့ တိုက်တွန်းရခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ကရင်အမျိုးသားနေ့ဆို တာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထဲ မဟုတ်ဘဲ ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်တဲ့အတွက် ရောက်ရာဒေသ ကရင်တွေ ရှိတဲ့နေရာမှာလည်း အားလုံးနိုးနိုးကြားကြားရှိပြီး သတိထားနိုင်ဖို့ နိုးဆော်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့်အတွက် အစိုးရက ခွင့်ပြုပါက တနိုင်ငံလုံးရှိ ကရင်အမျိုးသားများကို စုရုံးပြီး ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို လိုက်လံဟောပြောလိုသော်လည်း မလုပ် ဆောင်နိုင်သေးသည့်အပေါ် အိမ်တိုင်း အလံလွှင့်ထူခြင်းနှင့် ရိုးရာဝတ်စုံဝတ်ဆင်ခြင်း နိုးကြားမှုသင်္ကေတကို ပြသစေလို၍ တိုက် တွန်းခြင်းဖြစ်သည်ဟုလည်း
ပဒိုစောသောသီဘွဲက ဆက်ပြောသည်။
ထို့အပြင် ကရင်အမျိုးသားနေု့ ကျင်းပနိုင်ရန်အတွက် ဆိုင်ရာ ကေအဲန်ယူ နိုင်ငံခြားရေးရာဌာနများ(KNU Representative)၊ ပြည်တွင်းရှိ ကရင့်ရေးရာကော်မတီ(KAC)နှင့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)တို့မှလည်း ကရင်လူထုများနှင့် ဆက်သွယ်ဆော်သြပေးရန် ကေအဲန်ယူက တိုက်တွန်းသည်ဟု ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ပြည်တွင်းအခြေစိုက် ကရင့်ရေးရာကော်မတီအနေဖြင့် ကရင်ဖြူမျိုးနွယ်စုများ နေထိုင်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့အနီးတ ဝိုက် တွင် ကရင်အမျိုးသားနေ့ကို ကေအဲန်ယူ၊ တောင်ငူခရိုင်နှင့် ပူးပေါင်းကာ သွားရောက်ကျင်းပရန်ရှိသည်ဟု ကရင့်ရေးရာ ကော်မတီ-KAC အတွင်းရေးမှူး စောကျော်စွာက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ကေအဲန်ယူက ကရင်အမျိုးသားနေ့ ကျင်းပခွင့်ရပြီး အသိပေးလှုံ့ဆော်တဲ့သဘော။ နောက်ပြီး သက်ဆိုင်ရာ ခရိုင်တွေနဲ့ လိုအပ် ရင် လက်တွဲလို့ ရအောင် ခရိုင်အသီးသီးတွေကို အသိပေးလိုက်တာ။ အခုဆိုရင် သူ့ဒေသနဲ့သူ အရင် ကရင်အမျိုးသားနေ့ မကျင်းပဖူးတဲ့နေရာတွေမှာလည်း ကျင်းပတာတွေရှိပြီ။ ကရင်အမျိုးသားနေ့ ဘာကြောင့် ဖြစ်ပေါ်လာသလဲ။ အဲ့နေ့မှာ တောင်း ဆိုချက် လေးချက်က ဘာတွေဖြစ်တယ်ဆိုတာ ကရင်လူငယ်တွေ သိထားသင့်တယ်”ဟု ၎င်းက ပြောသည်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကရင်ပြည်နှင့် တန်းတူအခွင့်အရေးရရှိရန် တစ်နိုင်ငံလုံးရှိ ကရင်လူမျိုး လေးသိန်းကျော် က ကရင်ပြည်ချက်ချင်းပေး၊ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းနေ့ကို အစွဲပြုပြီး ၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်မှ၂၅ရက်နေ့အထိ ဖာပွန်မြို့နယ်တွင် ကျင်းပသည့် ကော်သူးလေပြည် လုံးဆိုင်ရာ ကွန်ဂရက်၌ ဖေဖော်ဝါရီ (၁၁)ရက်နေ့ကို ကရင်အမျိုးသားနေ့ဟု သတ်မှတ် ကျင်းပရန်၊ မြစ်ဝကျွန်းပေါ်အမှတ်(၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုသည်ကို မြစ်ဝကျွန်းပေါ်အမှတ် (၁) တပ်မမှူး ဗိုလ်ချုပ်ကော်ထူးက ထောက်ခံ၍ ကွန်ဂရက် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တညီတညွှတ်တည်း အတည်ပြုလိုက်ရာ ကရင်အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ် သည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate