Saturday, 6 February 2016

ရခိုင်ပန်းချီဆရာသုံးဦးရဲ့ ပန်းချီပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်

12695937_1232120466802054_1013058903_n
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၅
ရခိုင်ပန်းချီဆရာ သုံးဦး ရေးဆွဲထားသော ပန်းချီပြပွဲ တစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ (၃) ရက်တိုင်တိုင် ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
ရခိုင်ပန်းချီဆရာများ ဖြစ်ကြသော ကောင်းကျော်ခိုင်၊ ရွှေသိန်း၊ သန်းကျော်ဌေး တို့၏ ပန်းချီကားပေါင်း (၃၀) ခန့်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် န၀ဒေးလမ်း? အမှတ် (၂၃) ရှိ Think Gallery တွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ပြသွားမည်ဟု သိရသည်။
 “ အဓိက ပန်းချီတွေကတော့ ရခိုင်နောက်ခံ ပန်းချီကားတွေများပါတယ်။ ရခိုင်ရနံ့ အငွေ့အသက်တွေ ပါတဲ့ ပန်းချီကားတွေပါ။ Acrylic ဆေးနဲ့ သုံးပြီးရေးဆွဲထားတဲ့ ကားတွေပါ။ ရည်ရွယ်ချက်ကတော့ ရခိုင်ပန်းချီဆရာသုံးဦးရဲ့ ပန်းချီကားတွေကို တစ်စုတည်း နေရာ တစ်ခုမှာ ပြသလိုတဲ့ ရည်ရွယ်ချက်ပါ” ဟု ပန်းချီဆရာ ကိုကောင်းကျော်ခိုင်က နိရဉ္စရာသို့ ပြောကြားသည်။

IMG_15174184401007
ပန်းချီပြပွဲတွင် ပန်းချီကားများကိုလည်း ရောင်းချသွားမည် ဖြစ်ပြီး ပန်းချီကားတစ်ချပ်၏ ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁၀၀၀ မှ ၅၀၀၀ အကြားရှိသည်ဟု ဆိုသည်။
ရခိုင်ပန်းချီဆရာ သုံးဦး၏ ပန်းချီပြပွဲသို့ ရခိုင်ညီအစ်ကို မောင်နှမများသာမက ပန်းချီကို ချစ်မြတ်နိုးသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများကိုလည်း ဖိတ်ခေါ်လိုပါကြောင်း ကိုကောင်းကျော်ခိုင်က ပြောကြားသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate