Saturday, 27 February 2016

ချင်းယူနိုက်တက်အသင်း အဆောင်နှင့် လေ့ကျင့်ရေးကွင်း ပြဿနာ ကြုံနေရ

လေ့ကျင့်ရေးကွင်းအဟောင်းတွင်လေ့ကျင့်နေသော ချင်းယူနိုက်တက်အသင်းသားများ။ (ဓာတ်ပုံ- ချင်းယူနိုက်တက်)
ဖေဖော်ဝါရီ ၂၇ ၊ ရန်ကုန်။          ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ချင်းယူနိုက်တက်အသင်းသည် ကစားသမားများနေထိုင်သည့် အဆောင်နှင့် လေ့ကျင့်ရေးကွင်း ကို ပြန်လည်အပ်နှံလိုက်ရသည့်အတွက် လက်ရှိအချိန်တွင် နေထိုင်မှု၊ လေ့ကျင့်မှု အခက်အခဲများဖြင့် ကြုံတွေ့နေရသည် ဟု ချင်းယူနိုက်တက်အသင်းစီအီးအို ဦးဒိုခန်ခုပ်က ပြောသည်။
ချင်းယူနိုက်တက်အသင်းသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ အင်းစိန်မြို့နယ် သံမဏိစက်ရုံဝင်းအတွင်း၌ နေထိုင်လေ့ကျင့်မှု ပြုလုပ်လျက်ရှိသော်လည်း ကွင်းအားထပ်မံငှားရမ်းရန် အဆင်မပြေဖြစ်ကာ အဆောင်မှ ဖယ်ရှားပေးခဲ့ရသည်။
“ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက ကျွန်တော်တို့အသင်း အခုနေတဲ့
အဆောင်နဲ့လေ့ကျင့်ရေးကွင်းကို ပြန်အပ်လိုက်ရပါပြီ။ သူတို့ဘက်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ဆက်မငှားနိုင်တော့ကြောင်း စာပို့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း နေရာရှာတာ အဆင်မပြေလို့ ဆက်ငှားဖို့ ကြိုးစားတာပါ။ လတ်တလောတော့ အသင်းပိုင်ရှင်ခြံထဲကို   ပြောင်းနေ နေပါတယ်။ ကွင်းမရှိတော့ လေ့ကျင့်အခက်အခဲဖြစ်နေပါတယ်။ ဟော်ရဇွန်နဲ့ပွဲဆို မလေ့ကျင့်ဖြစ်ပဲ အဲဒီ့နေ့မှ ကန်ရတာပါ။ ဥက္ကဌကို အကူအညီတောင်းပြီး ကွင်းငှားလို့ရအောင်တော့ အမြန်ဆုံး ကြိုးပမ်းသွားမှာပါ ” ဟု ဦးဒိုခန်ခုပ်က ပြောသည်။
ချင်းယူနိုက်တက်အသင်းမှာ အသင်းစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက လေ့ကျင့်ရေးကွင်းအခက်အခဲရှိနေပြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းကွင်းကိုလည်း ငှားရမ်းအသုံးပြုခဲ့ဖူးသည်။
ချင်းယူနိုက်တက်အသင်းမှာ ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၈ ပွဲကစားပြီးချိန်၌ နှစ်ပွဲနိုင် နှစ်ပွဲသရေ လေးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ခုနစ်မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ကိုးနေရာတွင် ရပ်တည်လျက်ရှိသည်။
http://mizzimaburmese.com/article/11731

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate