Saturday, 6 February 2016

ရနောင်းတွင် တရားမ၀င် မြန်မာအလုပ်သမား ၄၃ ဦး ဖမ်းဆီးခံရ

559000001304401
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၄၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လ၀က) နဲ့ နယ်မြေခံ အာဏာပိုင်တွေ ပူးပေါင်း ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ ရနောင်းမြို့နယ်ကနေတဆင့် တခြားဒေသမှာ အလုပ်သွားလုပ်ကြဖို့ ရနောင်းခရိုင် ကလပ်ဘူရီမြို့နယ်က ဆီအုန်းခြံတခြံမှာ ခရီးတထောက်နားနေချိန် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းမန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
အဖမ်းခံရတဲ့သူတွေရဲ့ ပြောပြချက်အရ ဟတ်ရိုင် နဲ့ စူခလာမြို့တွေမှာ အလုပ်သွားလုပ်ဖို့ မြန်မာနဲ့ ထိုင်းပွဲစားတွေကို တယောက် ဘတ်ငွေ ၅၀၀၀ ကနေ၊ ၁၉၀၀၀ ပေးရပြီးတော့ ကော့သောင်းမြို့ကနေ လာကြတာလို့ ဆိုပါတယ်။

559000001304402တရားမ၀င်လာရောက်တဲ့ မြန်မာနိုင်ငံသားတွေကို တရားမ၀င် လာရောက်မှုနဲ့ ရနောင်းမြို့မှာရှိတဲ့ လ၀ကမှာ စစ်ဆေးချက်တွေ ပြုလုပ်ပြီး မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖမ်းခံရသူထဲမှာ အမျိုးသား ၃၈ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပြီး ရခိုင်၊ ရန်ကုန်၊ ကော့သောင်းနဲ့ မော်လမြိုင်မြို့တွေက ဒေသခံတွေ ဖြစ်ကြပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate