ရခိုင့်ဂန္ဘီရပညာသျှင် ရခိုင့်ဝံသ ရက္ခိတဓဇ သျှင်မြဝါ
မောင်္ဂလာပါ အေနိမှာ ထိုင်းနိုင်ငံ
မဲဆောက်မြို့ MAP Radio FM 102.50 MHz က ရခိုင့်ဂန္ဘီရပညာသျှင်
ရခိုင့်ဝံသ ရက္ခိတဓဇ သျှင်မြဝါ ဆိုရေ သမိုင်းအကြောင်းကို လွှင့်လားဖို့
ဖြိုက်ပါရေDate : 11.2.2016 Time :17:00:18:00 DJ . . Zin Myo မြောက်ဦးနန်းစံ၊
ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သောသျှင်မြဝါအားရည်မှန်းလျှက်
ထိုဆရာမြတ် ၏အရိုးကို မြီအောက်ဌာပနာထားတော်မူလျှက် တောင်ထွဋ္ဋ်တခုပေါ်၌
ကြီးစွာသောစေတီကြီးတဆူကို တည် ထားတော်မူသည်။
ထိုဆရာကြီးဦးမြဝါ၏ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကိုဌာပနာ ထည့်ကာ
တည်ထားခသဖြင့် ထိုတောင်ကို ကနိထိတိုင် မြဝါတောင် ဟုလည်းကောင်း၊
မြဝါစေတီဟုလည်းကောင်းခေါ် တွင်သည်။ ဆရာကြီးသျှင်မြဝါမှာ
ရသေ့ယောဂီတဦးဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုး
မင်းနွယ် မှ ပုဂ္ဂိုလ်တဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီ
မြို့တော်၌ လည်းကောင်း၊ မိဂ တာဝုန် တောဟိ ဆရာဗိဿနိုးထံတွင်လည်းကောင်း၊
နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော်
မိမိရခိုင်ပြည်ကြီးသို့ပြန်လာကာမြောက်ဦးမြို့၏မြောက်ဘက်တောင်ညိုကျောင်း တိုက် ဝယ် (နမန္တာ
ဓားကျမ်း) ကြီးကို ပြုစုရွီးသားခ သော ပုဂ္ဂိုလ် ထူးတဦးဖြစ်သည်။
သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ
(ဆင်ကဲကြီး ဦးအောင်ထင် နှင့် စောသန္တာ) ရို့၏သမီးတော် (ဇေယျခေမာ)
ပင်ဖြစ်သည်။ သျှင်မြ၀ါ၏ မွီးဖွား သက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့်
ကြသားပတီးနိ၊ မိုးထက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင် တော်မူသည်။
ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏ အစ်မတော်
(စေနန္ဒီ) နှင့် (မင်းရာဇာ) ရို့မှ သက္ကရာဇ် (၈၅၄) ခုနှစ်
ဝါခေါင်လပြည့်ကျော်
(၃) ရက် စနီနိတွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့်
(သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကိုတော်စပ်သည်။
မဟာပညာကျော်အမတ်၏ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀)
ခုနှစ် တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊
မဟာပညာကျော်ရို့မှာ ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည်
ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေ ယျ) ဆရာ
တော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသ သို့
လား ရောက် ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့်
မဟာပညာကျော်ရို့မှာကား ပညာသင် ကြားကြပြီးနောက်
ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာ လတ်ကတ်သည်။ သျှင်မြဝါမှာမူကား
မပြန်နိုင်သိမ့်ဘဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောဟိသီရိဗိဿနိုး
ရသေ့ကြီး ထံတွင် ရသေ့ဘဝအဖြစ်ဝင်ရောက်ကာ ထက်မံလျှက် ပညာသင်ကြားနီလီသည်။
သျှင် မြဝါ မှာ အင်းအိုင် မန္တာန်နှင့် အမျိုးမျိုးသော
လောကီပညာရပ်များကိုတတ်မြောက်ကာ ရသေ့ အဝတ် ဖြင့် ရခိုင်ပြည် မြောက်ဦး
မြို့တော်သို့ ပြန်ရောက်လာသည်။ မြို့တော်သို့ပြန်ရောက်ပြီးသည်နောက်
တနိသောအခါနန်းတော်ညီလာခံသို့ ဝင်လီပြီးသော် မင်းဗာဘုရင် အား
လက်ကိုင်တုတ်တော်ဖြင့်ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိမ္မလော၊
ငါကား အမှန် မိမ္မ မြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာလားသည်။
ဘုရင်မင်းမြတ်သည်လည်းအရှက်ရ၍ အမတ် အပေါင်းနှင့်တိုင်ပင်လတ်သော်
မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ ဆိုလို ရင်းစကား
အကြောင်းရင်းကား ယောက်ျားပီပီ ဘီးလောင်း တော်များလက်ထက်က သူရတန်မင်းအား
ပီးအပ် ခရသည့် ဘင်္ဂလားနယ်ကို ပြည်လည်တိုက်ခိုက် သိမ်းယူထိုက်ကြောင်း
မဟာပညာကျော် အမတ် ကြီးက လျှောက်တင်လီသော် မင်းကြီးလည်း အားရတော်မူ၍
မဟာပညာကျော်အား စစ်အင်္ဂါရပ်များ ကိုစီမံစီ ကာ
ကုန်းတပ်ရီတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း
တံတိုင်း၊ကျုံးမြောင်းခိုင်စွာ တည် ဆောက် ပြီးစီးစီပြီးသော် ရီတပ်
ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလ ပညာ
ဟိအား ကြည်း တပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။ ထိုအခါ
သျှင်မြဝါလည်းဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစီကာ စီမံပီးလီသဖြင့် လူတဦး
တယောက် မျှ မသီကုန်ဘဲ ဘင်္ဂလား၏စစ်ကို အလွယ်တကူအောင်နိုင်တော်မူသည်။
ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ဘင်္ဂလားမင်း၏သမီးတော် (ပဲသီတာ)
အားဆက်သလီသဖြင့် အနောက် မိဖုရားအဖြစ်မြှောက်စားတော်မူကာ
စစ်ကိုတန့်ထားရာနီရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌
ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း
ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော် စိဘုရား)
စေတီတော်တဆူတည်တော်မူသည်ဟူ၏။ မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင်
စေတီပုထိုးကျိုးပျက်စီးများမှရရှိသော ဘုရား ရဟန္တာ ရို့၏
ဓာတ်တော်သျှစ်သောင်းကို ရွှေငွေပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော် ၌
ထည့်လျှက် ရခိုင်ပြည်မြောက်ဦးနန်းတော်သို့ ဆောင်ယူလာလတ်ပြီးလျှင်
နန်းတော်အတွင်း ဘုရား နန်းပြဿဒ် ဆောင် ဖြင့် ကိုးကွယ်ထားဟိသည်။ မကြာမှီ
ဓာတ်တော်များကွန့်မြူး၍ နန်းမီး လောင် သကဲ့သို့ လူများစွာရို့သည်
အဝီးကမြင်ကတ်ရ၍ ဟိုးဟိုးကျော်ကျော်ဖြစ်ကုန်သည်။ သို့နှင့် ဆရာ ကြီး
သျှင်မြဝါ၏အစီအမံဖြင့် နန်းတော် မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ်
သျှစ်သောင်း သော ဓာတ်မွီတော်ရို့အားဌာပနာ၍ ကြီးစွာ
သောပုထိုးတော်ကြီးတဆူတည်တော်မူ၍ ရန်အောင်ဇေယျ(ခေါ်)
သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ် တွင် သည်။ ဆရာကြီးသျှင်မြဝါသည်
မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာရည်ရွယ်လျှက် အတိတ်
နိမိတ်ခန်းရို့အားတွက်ချက်၍ ဓာတ်လားဓာတ်လာသင့်စီပြီးသော်
အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတီးနံတခု အလောလောလိုနီသဖြင့်
ရှာဖွေကကြန့်ကြာ မည်ဖြစ် သောကြောင့် ငါပင်လျှင် (ကြသ ပတီးသားတည်း) ဟုဆိုကာ
မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန် ချာ တိုင် တွင်
ရစ် ပတ်စီပြီးသော် ငါ့အား (သီဆုံးသည့်နီရာ၌ပင် မြှပ်ကုန် လော့) ဟု
မိန့်မှာလျှက် သီဆုံးလားသည်။ ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ
ငါ၏ဆရာကို ခွီး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင် ကျင်းပပြီး
ရထားပန်းယာဉ်ဆွဲလျှက် သင်းဂြိုဟ်လီသောကြောင့် ရခိုင်ပြည်သည်
ယိမ်းယိုင်ပျက်စီး ခြင်းသို့ ရောက်ရသည်ဟု ဆိုစမှတ်ပြုလတ်သည်။
ဆရာကြီးသျှင်မြဝါသီဆုံးလားသောနီရာမှာ (မြို့ကွန်ချာတိုင်စိုက်ထူရာ
မြင့်မြတ်သောမြီ၊ ယခုအခါ ရွှေဂူ တောင်ရွာထဲတွင်ဟိသည်။ ထိုနီရာတွင်
သျှင်မြဝါစီမံထားသော အင်းတချပ်ထားဟိသည်။ ၎င်းအပြင် သျှင်မြ ဝါ၏ရုပ်ထုကိုလည်း
ထုထစ်ထားဟိသည်။ ထိုနီရာ၏မြောက်ဘက်တောင်ထိပ်တွင်
သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။ သိစီချင်ရေ
စေတနာနဲ့ပြန်ပြီးကေတင်ပီးလိုက်ပါရေ အမျိုးရို့.....#{ဦးမြဝါ}# ဦး
ဦးစံထွန်းတောက် ထီးနန်းရောက်လို့ နိမိတ်တဘောင် ပေါ်ထွန်းပြောင်လို့
သာဂီနွယ်ဖွား ရခိုင်သားရို့ နိုးကြား (သတိ) အမြဲဟိ မြ မြရောင်စိမ်းလန်း
ခိုင်ပြည်ဝှမ်းမှာ ရိုးတောင်ပတ်ဝိုင်း ပြည်တံတိုင်းကို ဝင်ရောက်ကျူးကျော်
ငါမလိုဟု ကိုယ်စီ (အသိ) အမြဲဟိ ဝါ ဝါဒအယူ စိတ်ချင်းတူဖို့ ရခိုင်ရွှီနန်း
ဘုံကြငှန်းကို ချစ်တေ မနော ဆန္ဒဇောနန့် အူကိုရစ်ပတ် သက်ပီးဆပ်တေ ငါ့ပိုင်
(သတ္တိ) အားလုံးဟိ (Credit-ရခိုင်သမိုင်း&ရခိုင်သားလက်ကျန်) အဝီးရောက်
ရခိုင်သားသျှေ ၇.၇.၂၀၁၅ နိ့ခင်းဖက် - ၁:၃၀
http://eaglesamui.blogspot.com/
အသံနားထောင်ဖို့ ...........
=======================================================
=======================================================



0 comments:
Post a Comment