Wednesday, 24 February 2016

မေလတ်ဖြူ (နှင့်) ချီသမင်

အခါတပါးတွင် တော်မြိုင်ကြီးတခုအတွင်း၌ ချီသမင်တကောင်နှင့် ကျီးကန်းငှက်တကောင်သည် အဆွီခင်ပွန်းဖြစ်လျှက်နီ၏။ တောအုပ်ကြီးနှင့်မနီးမ၀ီးသော ကျောက်ထရံကြီးအခုအတွင်းတွင် ဂူခေါင်းဖောက်လျှက် ခဲဝါအိုကြီးတကောင်လည်းဟိ၏။ ထိုခဲဝါအိုကြီးသည် ချီသမင်ငယ်နှင့် ကျီးကန်းငှက် မိတ်ဆွီဖြစ်လျှက်ဟိသည်ကို မနာလို ၀န်တိုဖြစ်လျှက်ဟိ၏။ တနိသောအခါ တောင်ကြောင်းမျှောင်လျှက် ချောင်းကမ်းနဖူး တလင်းပြင်၌ ချီသမင်ငယ်သည် အစာရှာစားလျှက်ဟိစဉ် ခဲဝါအိုကြီးလာလျှက်ပြောသည်မှာ အသင်နှင့် အကျွန်ုပ်သည် ခြီလေးချောင်းသတ္တ၀ါများဖြစ်ပါသည်။ မိတ်ဆွီဖွဲ့လျှင် အသင်နှင့် အကျွန်ုပ်သာလျှင် မိတ်ဆွီဖြစ်သင့်သည်။ ထိုကျီးကန်းမှာမူကား ခြီနှစ်ချောင်းသတ္တ၀ါရာဖြစ်ပါ၏။ ထို့ကြောင့် အဆွီခင်ပွန်းမဖွဲ့သင့်ပါဟုဆို၏။ အကျွန်ုပ်နှင့်မိတ်ဆွီဖြစ်လျှင်မူကား အသင်ချီသမင်မှာ နုနုဖျားဖျားစပါးကောက်ယင်များကို ၀စွာ စားရလိမ့်မည်မချွတ်ဖြစ်သည်ဟုဆို၏။ ချီသမင်ငယ်လည်း ခဲဝါအိုကြီးစကားကိုယုံမှားလျှက် လိုက်သည်တွင် လယ်ကွင်ပြင်၌ အသင့်ထောင်ထားသော ညွှတ်ကွင်းတွင်မိလီ၏။ ထိုအခါ ချီသမင်ငယ်မှာ ခဲဝါအိုကြီးအား ကူပါကယ်ပါပြောလီ၏။ ခဲဝါအိုကြီးပြောသည်မှာ အကျွန်ုပ်သည် အမဲသားမစားသော
ဟိန္ဒူ ဗြဟ္မာကြီးဖြစ်ပါ၏။ ထို့ကြောင့် အသင့်လိုင်ဖင်းတွင် ချိုင်နှောင်ထားသော နွားသရီကြိုးကို ကိုက်ဖြတ်၍မရနိုင်ပါဟုဆို၏။ ထိုအခါ ပြိုင်းပင်ကြီးဘောင်းဖျားထက်၌နားလျှက်ဟိသော ကျီးကန်းငှက်က အဆွီချီသမင် ဖီးဒုက္ခရောက်လျှက်ဟိသည်ကို တွိမြင်သောအခါ လျှင်စွာ ပျံ၍လာလျှက်
ချီသမင်ငယ်အားပြောသည်မှာ ခင်ပွန်ုးမိတ်ဆွီ ချီသမင်ငယ် ကြောက်ရွံ့ခြင်းမဖြစ်ပါနှင့်။ အကျွန်ုပ်ဟိပါသည်။ ဦးစွာ ယင်ရဲမနှင့် မိတ်ဆွီဖွဲ့ပါဟုဆို၏။ ထိုအခါ ယင်ရဲမလည်း လျှင်စွာပျံ၍လာလျှက် ချီသမင်ငယ်၏ဦးခေါင်း၊ နှာခေါင်း၊ မျက်စိနားတ၀ိုက်တွင် ဖြူစွာဥလီသည်တည်း။ ကျီးကန်းငှက်လည်း ယင်ရဲဥကို နှုတ်သီးတောက်ဟန်ပြုလျှက် ချီသမင်ငယ်လည်း သီကွန်ဆောင်လျှက်နီ၏။ ယာသျှင်သခင်ရောက်လာသောအခါ ချီသမင်ငယ်မှာ သီပြီဟုထင်သည်နှင့် လိုင်ဖင်းက သားရီကြိုးကွင်းကိုချွတ်လျှက် တောစပ်နားသို့ နွယ်ပင်ဖြတ်လှီးရန် ဒါးတလက်နှင့်လားလီ၏။ ယာသျှင်သခင်ကြီး တောစပ်နားသို့ရောက်သောအခါ ကျီးကန်းငှက်က အာအာမြည်သံပြုသော် ချီသမင်ငယ်သည် လျှင်စွာ ထွက်ပြီးလွတ်မြောက်ရလီ၏။ ယာသျှင်သခင်ကြီးပြန်လာသောအခါ ချီသမင်ငယ် ထွက်ပြီးသည်ကိုမြင်သဖြင့် ဒါးနှင့်လှမ်းပေါက်သော် ခြုံထဲတွင်ပုန်းနီသော ခဲဝါအိုကြီးဦးခေါင်းကို ကျမှန်သဖြင့် သီလီ၏။ ထိုနည်းလျှင်တမူဟိ မေလတ်ဖြူမှာ ဖျက်သူနှင့်ရာတွိပြီး နှလုံးကြီကွဲရလီ၏။
(ရခိုင်ရိုးရာ ပုံဝတ္ထု)
အသံ နားထောင်ဖို့..........

======================================================= 
=======================================================

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate