ဆရာဂျော်ဂျီဧ့ ယိုင်းယင်ယင်ယိုင်း ကဗျာ
Date. 10.3.2016
Time: 17:00:18:00
DJ
.. Zin Myo
သာလီစွပါ.. MAP Radio FM 102.50 MHz
ရခိုင်တိုင်းရင်းသားဘာသာ အစီအစိုင်ကို အားပီးနားထောင်နီဂတ်တေ ရခိုင်သူ
ရခိုင်သားတိကို ဒေတစ်ပါတ်မှာဆိုကေ ကျနော် ဇင်မျိုး အကူအညီ တောင်းဆိုမှုအရ စာရီးဆရာ
ဂျော်ဂျီ(ရခိုင်ပြည်)မှ စစ်တွေကနီလို့ ပီးပို့လာရေ ရွာဓလိကဗျာချေတစ်ပုဒ်ကို ထုတ်ရွှင့်ပီးလားဖို့ ဖြိုက်ပါရေ။ ကဗျာချေ
နာမေက .. "ယိုင်းယင်ယင်ယိုင်း" လို့ နာမေရပါရေ...။
"ယိုင်းယင်ယင်ယိုင်း"
ငါ့ရင်ခွင်မာထိုင်ဗျာလ်
မေထွီးယေနန့်လေ့ တွိခကတ်တေ..။
ငါ့ရင်ခွင်မာထိုင်ဗျာလ် မာရယုနန့်လေ့ သိခကတ်တေ..။
ငါ့ရင်ခွင်မာထိုင်ဗျာလ် ချတုံးကိုးလံ
တက်ပြန်ကိုလေ့ ခတ်ခကတ်တေ..။
အဂုဒေချိန်... ရပ်ဝီးမြီခြား
လျှာဖျားနန့်ပြောရေဒေသမာ ပျောက်တေလူကပျောက်...။
ပင်လယ်ရပ်ခြား ဟမ်ဘာဂါစားရေဒေသကို
ရောက်တေလူကရောက်...။
ငါ့ကိုမှတ်မိကတ်သိ့ယင့်လား !!!
မင်းရို့အချေခါ... မင်းရို့မောင်နှမတစ်စု
ပျော်ကတ်စီဖို့ ငါ့ရင်ခွင်မာအပြည့်ထည့်ဗျာလ် ဘေးတိုင်တိလှုပ်ပါအောင်
ငါယိုင်းထိုးခဖူးရေ...။
မင်းရို့သားသမီး ငါ့မြီးချေတိ ငါ့ရင်ခွင်မာ
ဝင်ထိုင်ဖို့ ပြန်လာနိုင်ကတ်ဖို့သိလား !!! ဒေရွာမာ အဖက်လုပ်ဖို့လူမဟိရေငါ
အိမ်ပေါက်ဝ နပြင်မာ နုံးချင်းတည်း ဇာအချိန်ထိ နီရဖို့သိ့လေးးး ငါ့အသက်လေ့
ထောက်လာယာယ် မြောက်လီလေ့ဆုတ် နွီသရုပ်လေ့ပေါ်လာယာယ် တလင်းလေ့ကျ လ,လေ့ပလာယာယ်
သင်္ကြန်မတိုင်ခင် အပြီးအပိုင် ပြန်လာကတ်ပါဖိဝေ... မှင်းကျိုးပင်အောက်က
ငါမျှော်နီရေ...
မင်္ဂလာပါ အဂု အထက်မှာ စာရီးဆရာ
ဂျော်ဂျီ(ရခိုင်ပြည်) ပို့ပီးလာရေ ကဗျာချေကို ကျနော် နားလည်သလောက် ယှင်းပြအဓိပ္ပာယ်
ဖွင့်ပီးရဖို့ဆိုကေ .. ကျနော်ရို့အချေခါ အိမ်အောက်မှာပဲ ဖြိုက်ဖြိုက်
မှင်းကျိုးပင်အောက်မှာပဲဖြိုက်ဖြိုက် လောင်းအကျိုးကို ပခက်လုပ်ဗနာ
စီးဖူးဂတ်ပါဖို့။ ပခက်ဆိုစာက ကျနော်ရို့ ကျောက်ဖြူစကားပါ။ တချို့မှာ ယိုင်း လို့လည်း
ခေါ်ဂတ်ပါရေ ..။ ယင်းပိုင် ပခက် လုပ်ရေအခါ များသောအားဖြင့် လောင်းအကျိုးနန့်ရာလုပ်ကတ်တေ။ ဟုတ်ပါရေမနား။ အဂု အားပီးနားထောင်နီဂတ်တေ ပရိတ်သတိအထဲမှာ လောင်းအကျိုးကို
ပခက်လုပ်ပနာ စီးဖူးဂတ်ပါဖို့။ လောင်းအကျိုး မဟိရေလူမှာတော့ ပျိုင်ဘောက်နဲ့
လုပ်ဂတ်ပါရေ။ ယေကေ အောက်မှာ ကျနော် ပြန်ဆိုပြပါမေ။ နားထောင့်ကြည့်ပါ… (ငါ့ရင်ခွင်မာထိုင်ဗျာလ်
မေထွီးယေနန့်လေ့ တွိခကတ်တေ..။ ငါ့ရင်ခွင်မာထိုင်ဗျာလ် မာရယုနန့်လေ့ သိခကတ်တေ..။
ငါ့ရင်ခွင်မာထိုင်ဗျာလ် ချတုံးကိုးလံ တက်ပြန်ကိုလေ့ ခတ်ခကတ်တေ..) ယား ဇာပိုင်
အဓိပ္ပါယ် ရပါလဲ..။ ယင်း ပခက်ထက်မှာ စီးနီဂတ်ယင်း အဖိုးသျှင် အဘောင်သျှင်ရို့ပြောပြရေ... (တင်းခွန်ယယတ်
လီသသွတ်နန့် ဇရပ်ကေသာယာ ကျီးဖြူရွာ ဇာမာပါလေး ဇာမာလေး) နန့် နားထောင်ခရရေ
အပြန်အလှန်ကျေးဇူးသိတတ်ကတ်တေ
မေထွီးချေနန့် ကျီးဖြူရွာအကြောင်း။
ပခက်မာထိုင် ဘားဘာ အီယောင်ရို့ရင်ခွင်ကိုမှီဗနာ
နားထောင်ခကတ်တေ ဘီလူးတိကိုနှိမ်နှင်းဗျာလ် ပထမဓညဝတီကို တည်ထောင်ခရေ ရခိုင့်သူရဲကောင်း
ဘုရင်မာရယုအကြောင်း။ လ,ပ ပပြင်မာ အဘေကြီးရို့ ဂိုးကြီးရို့ ပြောပြစွာကို နားထောင်ဗနာ အားကျခရရေ အာရက္ခဒဏ္ဍာရီ အာဇာနီသူရဲကောင်း
သံကိုးမောင်းအကြောင်း။
ယင်းပိုင်နန့် ပခက်စီးနီယင်း ကိုယ်ရို့ရိုးရာ ဝထုချေတိ အရင်က ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနန့်
နီထိုင်ခကတ်တေ ဖိုးဖီးဇူဇာရို့အကြောင်းတိကိုနားထောင်ကတ်ယင်း ကြီးပြင်းပါလတ်တေ
ကိုယ်ရို့မောင်နှမ
သူငယ်ချင်းတတောစွာ အဂုဒေချိန်...
(ရပ်ဝီးမြီခြား
လျှာဖျားနန့်ပြောရေဒေသမာ ပျောက်တေလူကပျောက်...။ ပင်လယ်ရပ်ခြား ဟမ်ဘာဂါစားရေဒေသကို
ရောက်တေလူကရောက်...) မိမိရပ်ရွာမှာ စီးပွားရေးကမကောင်း နီရ ထိုင်ရစာက မကောင်းကေ
လျှာရင်းအာရင်းနန့်ပြောရေ ကိုယ့်ရီမြီကိုပစ်ဗျာလ် ရိုးတဖက်က လျှာဖျားနန့်ပြောရေဒေသမာ ကိုယ်ရောင်ဖျောက်ဗနာပျောက်တေလူက ပျောက်။ ပင်လယ်ရပ်ခြား နိုင်ငံခြားတိရောက်တေ
လူကရောက်။ အဂုကျနော်ရို့လေ့
ထိုင်းနိုင်ငံကို ရောက်နီကတ်ပါရေမနား။ ယေခါ ပခက်က မီးလာရေ... (ငါ့ကိုကား မှတ်မိကတ်သိ့ယင့်လား..
မင်းရို့အချေခါ... မင်းရို့မောင်နှမတစ်စု ပျော်ကတ်စီဖို့
ငါ့ရင်ခွင်မာအပြည့်ထည့်ဗျာလ် ဘေးတိုင်တိလှုပ်ပါအောင် ငါယိုင်းထိုးခဖူးရေ...။
မင်းရို့သားသမီး ငါ့မြီးချေတိ ငါ့ရင်ခွင်မာ ဝင်ထိုင်ဖို့ ပြန်လာနိုင်ကတ်ဖို့သိလား
!!!) နိုင်ငံခြား အသီးသီးနန့် တိုင်းတပါးတိကိုရောက်နီဂတ်တေ အားလုံးသော
ရခိုင်သူ/ရခိုင်သားအပေါင်းရို့ကို အဖိုးပခက်က မီးလာပါဗျာလ်.. နိုင်ငံရီးကမကောင်း
စီးပွားရီးက အဆင်မပြေလို့ ကိုယ့်ရပ်ကိုယ့်မြီကိုပစ်ဗျာလ် စီးပွားရှာ ပညာရှာရှာဖို့ ထွက်လားကတ်ယင်း ရပ်ရွာတိမာ လူငယ်လူလတ်ပိုင်းတိ
မကျန်လိုက်ယာယ်။ ရပ်ဝီးမြီခြားမာ ဘဝသစ်တိထူထောင်လားကတ်ခါ သူရို့ကြီးပြင်းခရေရွာချေစွာ
အချေတိကစပ်သံ စာဖတ်သံတိတိတ်ဗျာလ် ခြောက်သွိတိန်းဆိတ်နီလီယင့်။ ယင်း
ပခက်ဝါကြီးက
ဒေရွာမာ
ငါ့ကို အဖက်လုပ်ဖို့
အချေတောင် မဟိဗျာလ်။ အိမ်ဘေးက နပြင်မှာ ငါ
နုံးချင်းတည်း ဇာအချိန် ဇာလောက်အထိ မင်းရို့ ပြန်လာဖို့စာကို စောင့်ရဖို့သီးလဲ ..။
ငါ့ အသက်ကလည်း ထောက်လာဗျာလ်။ တလင်းသိမ်းလို့ မြောက်လီကဆုတ် တပေါင်းလ နွီရာသီလေ့ရောက်လာဗျာလ်..။ ယေနန့် သင်္ကြန်မတိုင်ခင် ရပ်ဝီးမြီခြားမှာ
နီဂတ်တေ မင်းရို့တိ အပြီးအပိုင် ပြန်လာကတ်ပါဖိ။ မှင်းကျိုးပင်အောက်က နီလို့
ငါမျှော်နီရေ... ဆိုဗျာလ်
ယင်းကဗျာကို အဆုံးသတ်ထားပါရေ။ ယင်းချင့်ကို
အောက်မှာ ထပ်နားထောင်ကြည့်ပါ။
(ဒေရွာမာ အဖက်လုပ်ဖို့လူမဟိရေငါ အိမ်ပေါက်ဝ နပြင်မာ နုံးချင်းတည်း ဇာအချိန်ထိ
နီရဖို့သိ့လေးးး ငါ့အသက်လေ့ ထောက်လာယာယ် မြောက်လီလေ့ဆုတ် နွီသရုပ်လေ့ပေါ်လာယာယ်
တလင်းလေ့ကျ လ,လေ့ပလာယာယ် သင်္ကြန်မတိုင်ခင် အပြီးအပိုင် ပြန်လာကတ်ပါဖိဝေ...
မှင်းကျိုးပင်အောက်က ငါမျှော်နီရေ...) (အမျိုးသီလ နှစ်ဌာနကို ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်လို့ ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ ခေါ်အပ်ရာတည်း) လို့ "သျှင်နာဂိန္ဒမော်ကွန်း"မာ ဖော်ညွှန်းခပါလီရေ။ အမျိုးနန့်သီလကိုစောင့်ထိန်းခကတ်လို့ ဒေလူမျိုးသည် အေလောက်ထိတည်တန့်နိုင်ခပါရေ။ အဂုခေါတ်ကာလမာဆိုပါကေ အမျိုးနန့်သီလ နှစ်ခုတည်းနန့်မရပါဗျာလ်။ (အမျိုး သီလ နန့် ဒေသကိုပါ စောင့်ထိန်းပါမှ ငါရို့ရခိုင်တည်တံ့နိုင်အံ့ ရခိုင်မော်ကွန်းအသစ်တည်း)လို့
ပြန်ဗျာလ် ရီးခြစ် မော်ကွန်းသစ်ထိုးချိန်တန်ဗျာလ်လို့ပြောကြားယင်း ဆရာဂျော်ဂျီ၏
ယိုင်းယင်ယင်ယိုင်း
ကဗျာကို အဆုံးသတ်လိုက်ရပါရေ။
ကိုဇင်မျိုး (Map radio) (မဲဆောက်
ထိုင်းနိုင်ငံ)
===================================================
အသံဖိုင်နားထောင်ဖို့...
===================================================



0 comments:
Post a Comment