ရှေးဟောင်းကိုးသောင်းပုထိုးတော်ကြီးကို ထိန်းသိမ်းတာလား၊ ဖျက်ဆီးတာလား သူငါ (မြောက်ဦး)
ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမှ ကိုးသောင်းဘုရားပုထိုးတော်အား ယခုအခါ ဆေးသုတ်နေကြောင်း သိရသည်။
ယခုပုံသည် မတ်လ ၉ ရက်နေ့က သွားရောက်ပြီး နိရဉ္စရာ သတင်းဌာနက မှတ်တမ်းတင် ရိုက်ယူထားသော ဓာတ်ပုံ ဖြစ်ပါသည်။
ကိုးသောင်းပုထိုးတော်ကြီး ပြုပြင်ရာတွင် ရှေးမူ ရှေးဟန်လက်ရာများနှင့်
ကွဲလွဲနေသည့် အတွက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်တန့်သွားခဲ့ပြီးနောက်
ရှေးလက်ရာများနှင့် ကွဲလွဲစွာ ပြုပြင်ထားသည့် နေရာများအား ပြန်လည်
ဖြိုဖျက်ရမည့် အစား ယခုလို ဆေးသုတ်နေသဖြင့် သမိုင်းတန်ဖိုးကျဆင်းသွားမည်ကို
စိုးရိမ်မှုများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။
“ ပြုပြင်
မွန်းမံရာတွင် ရှေးမူ ရှေးဟန်များနှင့် ကွဲလွဲနေပါက ပြုပြင်ရာ မရောက်ဘဲ
ဖျက်ဆီးရာ ရောက်ကြောင်း” မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဒုဥက္ကဌ ဦးသန်းမြင့်က ပြောသည်။ရခိုင်ရှေးဟောင်းအနုပညာလက်ရာများအား ပြန်လည် ပြုပြင် ထိန်းသိမ်းရာတွင် စနစ်တကျဖြစ်ရေး၊ ရေရှည် တည်တံ့ရေးနှ င့် ရှေးရခိုင်အနုပညာ ဗိသုကာ လက်ရာများ အတိုင်း ပြန်လည် ပြုပြင်ရေး တို့မှာ တတ်သိနားလည်သူ ရှေးဟောင်း သုတေသန ပညာရှင်များနှင့် ညှိနိုင်းတိုင်ပင်ပြီး ပြုပြင်မှသာ
ထိရောက် အောင်မြင်နိုင်မည် ဖြစ်ပါသည်။
သို့အတွက် ရခိုင်ရှေးဟောင်း
အနုပညာလက်ရာများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အတွက် နိုင်ငံတော်
အစိုးရ အနေဖြင့် ဖြစ်စေ၊ ရခိုင်အသင်းအဖွဲ့အစည်းများ မှ ဖြစ်စေ ပြည်တွင်း
ပြည်ပမှ တတ်သိနားလည်သူ ရှေးဟောင်း သုတေသန ပညာရှင်များကို ဖိတ်ခေါ်ပြီး
နှီးနှော ဖလှယ်ပွဲ တစ်ခု အမြန် ပြုလုပ်ရန် လိုအပ်နေပေသည်။ထိုသို့မဟုတ်ပါ နိုင်ငံတော် အစိုးရမှ မည်မျှပင် ငွေကြေးထောက်ပံ့ ပါစေ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ အကျိုးမရှိ ဖြစ်ကာ ခုတ်ရာတခြား၊ ချရာတစ်ခြား ဖြစ်နေမည်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။
Photo@Ni Doe
#NarinjaraNews



0 comments:
Post a Comment