Wednesday, 2 March 2016

မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅၀၀ ဆန္ဒပြ တောင်းဆိုထားသည့် ရပိုင်ခွင့် ပြန်ရ

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်း ခရိုင် မဟာချိုင်ရှိ Golden Prize Canning ကုမ္ပဏီ ငါးစည်သွပ်ဗူး လုပ်ငန်း စက်ရုံမှာ ခေါင်းပုံဖြတ် ခံထားရတဲ့ အလုပ် သမားပေါင်း ၁၅၀၀ ရဲ့ ရပိုင်ခွင့် တွေကို ပြန်ရပြီ ဖြစ်ပါတယ်။ဆမွတ်ဆာခွန်း ခရိုင်ဝန် ဦးဆောင်ပြီး ခရိုင် အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံး၊ နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေပါ ပါဝင်တဲ့ တာဝန် ရှိသူဟာ ဖေဖော်ဝါရီ ၂၉ ရက်က ည ၁၂ နာရီ အထိ အလုပ်ရှင်နဲ့ ညှိနှိုင်းပေး ခဲ့ရာမှာ နောက်ဆုံးတော့ အလုပ်သမား ဘက်က ၆၅ ရာခိုင်နှုန်းနဲ့ ပြေလည်မှု ရခဲ့တယ်လို့ မဟာချိုင် အခြေစိုက်ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ကွန်ရက် အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။“ခရိုင်ဝန် ကိုယ်တိုင် အဲဒီစက်ရုံကို ရောက်လာတယ်။ ဌာနဆိုင်ရာ အဖွဲ့ အစည်းက လူတွေရော၊ ရပိုင်ခွင့် တောင်းဆိုတဲ့ အလုပ်သမား တွေရော ဘယ်သူမှ မပြန်ဘဲ စောင့်ပြီး ညှိနှိုင်း ကြတာ နောက်ဆုံးတော့ ရပိုင်ခွင့် ရာနှုန်းပြည့် မယူတော့ဘဲ ၆၅ ရာခိုင်နှုန်းပဲ ယူတော့မယ် ဆိုတော့ ပြေလည် သွားကြပါတယ်။မြန်မာအလုပ်သမားက ၁၅၀၀၊ ထိုင်း အလုပ်သမားက ၂၅၀ ရှိတယ်။ ရပိုင်ခွင့် ကတော့ တယောက်နဲ့ တယောက်မတူ ဘူးပေါ့။ အားလုံး အတွက် ဆိုရင် ကျနော်ထင်တယ် စုစုပေါင်းတော့ ဘတ်သန်းပေါင်း ၈၀ ကျော် လောက်တော့ ပြန်ရမယ် ထင်တယ်ဗျ။”သဘောတူချက် ရပြီးတာနဲ့ စက်ရုံပိုင်ရှင်ဟာ မနေ့ည ကတည်းက အလုပ်သမား တချို့ကို စတင်ငွေ ပေးလျော်နေပြီး ဒီကနေ့လည်း တဖွဲဖွဲနဲ့ ထုတ်ပေး နေတုန်းဘဲလို့ သူက ဆက်ပြော ပါတယ်။အခုလို ရပိုင်ခွင့်တွေ ပြန်ရတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ကနေ အလုပ် လာလုပ်တဲ့ အလုပ်သမား တဦးဖြစ်သူ မချိုချိုမာက သူ့ခံစားချက်ကို ခုလိုပြောပြ ပါတယ်။“ကျမဒီမှာ လုပ်နေတာ ဆယ်နှစ်လောက် ရှိပြီ။ လုပ်အားခ ရဖို့ရှိတာက ဘတ် ၉ သောင်းကျော်၊ အခု ၅ သောင်းကျော် ပြန်ရတယ်။ အပြည့် မရပေမယ့် ကျေနပ်ပါတယ်။ ၀မ်းလည်း သာတယ်။ မရဘူးလို့ ထင်နေတာလေ။ ကျမတို့ကို ပြန်တောင်းဆို ပေးတဲ့ အလုပ်သမား ခေါင်းဆောင်တွေ တော်တယ် လို့ပဲ ပြောချင်တယ်။”ဒါ့အပြင် အလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့ ထားဝယ်သား ကိုသန်းဇော်ထိုက် ကလည်း “ကျနော် ဒီစက်ရုံမှာ လုပ်လာတာ ၁၂ နှစ်ရှိပြီ။ ကျနော်ရဖို့ ရှိတာက ဘတ် ၁ သိန်းကျော်၊ သဘောတူချက် အရ အခုက ၆၁၄၀၀ ဘတ်ပြန်ရတယ်။ ကျေနပ်ပါတယ်။ဒါပေမယ့် တချို့က မကျေနပ်ဘူး။ လက်မှတ် မထိုးသေးတဲ့ လူတွေရှိတယ်။ အဲဒါပြေလည်အောင် အလုပ်ရှင်ကို ပြန်ပြောပေး ရအုံးမယ် ခင်ဗျ”လို့ ပြောပါတယ်။အခုလို ရပိုင်ခွင့်တွေပြန်ပေး တာမြင်တော့ ပုတ်ပြတ်နဲ့ ငှားထားတဲ့ အလုပ်သမားတွေ ကလည်း သူတို့ရဲ့ ရပိုင်ခွင့်တွေ ပြန်တောင်းပေးဖို့ လာရောက် တိုင်တန်း ထားကြောင်း၊ ထိုင်းအလုပ်သမား ဥပဒေ အရ ပုတ်ပြတ်နဲ့ ငှားရမ်း ပေမယ့်လည်း လုပ်အားခက အနိမ့်ဆုံး လစာထက် လျော့နည်း နေရင် ပြည့်အောင် ပြန်ဖြည့်ပေး ရမယ်လို့ ဆိုထားကြောင်း ဦးအောင်ကျော်က ပြောပါတယ်။Golden Prize Canning Co.ltd က အလုပ်သမားတွေဟာ လုပ်အားခ အပြည့် မရခြင်း၊ အချိန်ပို လုပ်ခမရခြင်း၊ နားရက် မရှိခြင်း၊ လူမှုဖူလှုံရေး ရံပုံငွေထဲ ပါဝင်ခွင့်မရခြင်း အစရှိတဲ့ ရပိုင်ခွင့်တွေ မရခဲ့တာ ဆယ်နှစ်ကျော် ကြာခဲ့ပေမယ့်လည်း ထိုင်းအလုပ်သမား ကာကွယ်ရေး ဥပဒေ အရ ၂ နှစ်တာ ကာလအထိဘဲ နောက်ပြန်ဆုတ် ရပိုင်ခွင့် ပြန်ရတာ ဖြစ်ပါတယ်။အခုလို ရပိုင်ခွင့်တွေ ပြန်ရတာဟာ အလုပ်သမားတွေ အနေနဲ့ မိမိ ၀တ္တရားနဲ့ ရပိုင်ခွင့်၊ အလုပ်သမား အခွင့်အရေး၊ အလုပ်သမား ဥပဒေတွေ နားလည်ပြီး စည်းစည်း လုံးလုံးနဲ့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်တောင်းဆို ခဲ့ကြတာကြောင့် ပြေလည်မှု ရခဲ့တာဖြစ်ကြောင်း၊ တခြား စက်ရုံက အလုပ်သမား တွေလည်း အတုယူ သင့်ကြောင်း ဦးအောင်ကျော်က ပြောသွား ပါတယ်။ဒီဗွီဘီ by နန်းမြနဒီOriginally published at - http://burmese.dvb.no/archives/137759

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate