Tuesday, 29 March 2016

ထိန်းသိမ်းရဖို့တာဝန်



အမြဲတမ်း ပြောင်းလဲလို့ နီပါရေ။ ငြင်းလို့မရပါ။ ခေတ်နဲ့အညီ လူတိစွာလည်း အမျိုးမျိုးပြောင်းလဲ ဖန်တီးလာဂတ်ခဲ့ကြတယ်။ ယင်းချင်းကိုတော့ လက်ခံပါရေ။ ပုတ်သိုးနီရေ ၀ါဒတိကို ၊ အသုံးမကျရေ အတွေးအမြင်တိကို ဖယ်ရှား ပလိုက်ဂတ်ပါ။ ယေဒါလေ့ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုကိုတော့ ဆွဲမထည့်ကတ်ပါကေ့။. အဂုခေတ် ဆယ်ကျော်သက် ရခိုင်သူ၊ ရခိုင်သားချေတိကိုကြည့်ပါ။ အနောက်တိုင်းယဉ်ကျေးမှုထဲမှာ နစ်မြုပ်နိန်ကတ်တေ။ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးနိန်ကတ်တေ။ကိုယ်ရို့ယဉ်ကျေးမှုနန့် ဆန့်ကျင်နိန်ကတ်တေ။ ပစ်စလက်ခတ် မိန့်ထားကတ်တေ ဆိုးစော်က ရခိုင့်ဆယ်ကျော်သက်ကလိန့်မေချေတိပါ။ ပြောပုံ၊ ဆိုပုံ၊ နိန်ပုံ၊ ထိုင်ပုံ၊ ၀တ်ပုံ၊ စားပုံတိက အချိုးအစားမကျ။ ကိုးရီးယား၊ ကိုးရီးယားနန့် ကိုးရီးယားမင်းသား၊ မင်းသမီးတိကိုလိုက်တု၊ အ၀တ်အစားဒီဇိုင်းအသစ်ထွင်။ ထိုကကွဲ၊ ဒေကပြဲ၊ အစိပ်စိပ်အမြွာမြွာခွဲဗျာလ် ၀တ်နိန်ကတ်တေ အ၀တ်အစားတိ။ မမြင်အပ်သင့်ရေ အရာတိကို မြင်နိန်ရစော်က တစ်မျိုးကြီး။ မြင်ရေမျက်စိကို ဖောက်ထုတ်ပစ်လိုက်ချင်ရေ။ ယင်းလောက်ထိ ရခိုင်သား ဆယ်ကျော်သက် ကလေချေတိကိုလည်း သတိထားကြည့်ကတ်ပါ။ ၀တ်စားထားပုံတိက ရခိုင့်ယဉ်ကျေးမှုနန့် တဇိချေလည်းမကိုက်။ အကြောင်ကြောင်အကျားကျား အင်္ကျီတိကို ဘောင်းဘီရှည် ပွရောင်းရောင်းနန့် တွဲဝတ်။ ဆံပင်ပုံစံတိကိုအမျိုးမျိုးလုပ်။ စတိုင်ထုတ်ဗျာလ် သရုပ်ပျက်နိန်ကတ်တေ။ ရခိုင့်ယဉ်ကျေးမှုနန့် မဆီလျော်ကေလည်း ငါ...ရခိုင်ပြည်မွီး၊ ရခိုင်သွီး လို့ အထင်ကြီးနိန်ကတ်တေ။ ရခိုင်သားကား ရခိုင်သားပါရာ။ ရီမရော။ တိုင်းတစ်ပါးယဉ်ကျေးမှု ရောထားစော်လို့ရာ ပြောလိုက်ချင်ပါယင့်။ ယောက်ျားဖြစ်လို့ ကလိန့်မေချေတိထက်တော့ခါ မဆိုးပါ။ အမြင်တော်ပါယင့်။ ဆိုးစော်တော့ခါ ဆိုးစော်ပါဗျာလ်ယေ။ ယင်းပိုင် အနောက်တိုင်းယဉ်ကျေးမှုထဲမှာ မြုပ်ပနာ ဘ၀ပျက်စီးလားခရရေ ဆယ်ကျော်သက် ကလေချေ၊ ရခိုင်သားချေတိက အများကြီး။ ယင်းတွက်နန့် သိတတ်ရေသူတိက ကိုယ်ရို့သူငယ်ချင်း၊ အပေါင်းအသင်းတိ အဂုပိုင် ခြီလှမ်းမှားနိန်ကတ်စော်တိကိုမြင်ကေ ကြည့်မနိန်ကတ်ပါကေ့။ သူရို့ဘ၀ကို တည့်မတ်ပီးကတ်ပါ။ လမ်းကောင်းကို ရောက်အောင် တင်ပီးကတ်ပါ။ဒေပိုင်ရာ တက်သစ်စ ဆယ်ကျော်သက်အရွယ် ရခိုင့်လှပျိုဖြူကလိန့်မေချေတိနန့် ရခိုင်သားချေတိစော် ကိုယ်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုနန့် ဖီလာဆန့်ကျင်နိန်ရေ တိုင်းတစ်ပါးယဉ်ကျေးမှုတိကို ဆက်ပြီးကေ လက်ခံနိန်ကတ်ဖို့သိဆိုကေ များမကြာရေ အနာဂတ်မှာ သမာသမတ်ကျကတ်ပါဖို့လားချင့်။ ရခိုင့်ရိုးရာ၊ ရခိုင့်ယဉ်ကျေးမှု၊ ရခိုင်လူမျိုးတိစော် အစရှာမရ ပျောက်ပျက်လားလီပါဖို့ဗျာလ်။ စိုင်းစားကြည့်ကတ်ပါ။ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုလို့ လူမျိုးပျောက် ဆိုရေ စကားပုံလည်း ဟိရေမဟုတ်ပါလား။ ကိုယ်ရို့အနိန်အထိုင်မတတ်လို့ ကိုယ်ရို့ရခိုင်မျိုးလူမျိုး ပျောက်ပျက်လားရရေဆိုစော် လူကြားလို့မကောင်းပါ။ရခိုင့်ရိုးရာ၊ ယဉ်ကျေးမှု၊ ရခိုင့်သုခုမအနုပညာတိ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရဖို့စော်က ရခိုင်တစ်မျိုးသားလုံးနန့် ဆိုင်ပါရေ။ အထူးသဖြင့် တက်သစ်စ ရခိုင်သူ၊ ရခိုင်သားချေရို့ပါ။ ယင်းပိုင်ရာမဟုတ်ဆိုပါကေ မ၀ီးရေအနာဂတ်မှာ ရခိုင်သူ၊ ရခိုင်သားတိ တန်ဖိုးထားကတ်တေ ရခိုင်လူမျိုး၊ ရခိုင့်ရိုးရာ၊ ရခိုင့်ယဉ်ကျေးမှု၊ ရခိုင့်စာပီတိစော် မြန်မာ့မြေပုံက အပြီးအပိုင် ထွက်လားလီရပါဖို့နန်းရာ။ ယေအခါ ကမ္ဘာသူ၊ ကမ္ဘာသားတိက ဘဇောင်ပိုင် ထင်ကြေးပီးကတ်ဖို့လဲ။ သမိုင်းရွီးဆရာတိကကား ဇာပိုင် ဝေဖန်ကတ်ဖို့လဲ။ ယင်းတွက်နန့် အမျိုးကိုချစ်ပါ။ ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။ အနောက်တိုင်းယဉ်ကျေးမှုကို CRAZY မဖြစ်ကတ်ပါကေ့။ ခေတ်အဆက်ဆက် နာမည်ကောင်းနန့် ထင်ရှားလာရေ ရခိုင့်ယဉ်ကျေးမှုစော် မြန်မာ့သမိုင်း နံပါတ် ( ၁ ) နီရာမှာ ပါဝင်လာနိုင်အောင် ဘဇောင်ပိုင်လုပ်ကေ ကောင်းဖို့လဲဆိုစော်ကို ဒေစာပိုဒ်ကို ဖတ်ပြီးကေ တချက်ချေ စိုင်းစားကြည့်ကတ်ပါ။ ဆွေးနွေးကြည့်ကတ်ပါ။ ဝေဖန်အကြံပြုကတ်ပါ။တပါတည်း ပြေလိုက်ပါဖို့ဗျာလ်။ လူကြီးမိဘရို့ကိုလည်း ရခိုင့်ယဉ်ကျေးမှု ဆက်ပြီးကေ ရှင်သန်နိုင်ဖို့အတွက် ကိုယ်ရို့သားချေ၊ သမီးချေတိကို ဆုံးမသွန်သင်ပီးစီချင်ပါရေ။ ရခိုင်ကိုချစ်တေ၊ ရခိုင်ကိုတန်ဖိုးထားရေဆိုကေ ကိုယ်ရို့ရခိုင်သက်တမ်း ရှည်ကြာနိန်နိုင်လာဖို့အရေး စိုင်းစားဗျာလ် ၀ိုင်းဝန်းလုပ်ဆောင်ကတ်ရပါဖို့။ ကိုယ်ရို့ရခိုင်ပြည်နန့် ရခိုင်သူ၊ ရခိုင်သားတိတိုး တက်ရာ တိုးတက်ကြောင်းတိကိုလည်း တစ်ဒေါင့်တစ်နိန်ရာကနိန်ဗျာလ် ကြိုးပမ်းကတ်ရပါဖို့နန်းရာ။ မဟုတ်ပါလားယေ။
 ( မှတ်ချက် ။ ။ ၂၀၀၉ ခုနှစ်၊ ဧပြီလထုတ်၊ ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ - ၃၊ အမှတ် - ၄ မှာ ပုံနှိပ်ဖော်ပြပြီး)ရခိုင်သူ/ရခိုင်သားများ မှ
•*♥*•
မာန်ယုကျော် ( ရွှေဝမြေ )•*♥*•.ရဲ့ဘလော်ဂါမှာ တင်ပြထားစာကို ကူးယူ ဖေါက်သည် ချပီးရခြင်းဖြိုက်ပါရေ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate