နှစ်ရက်သာ အသက်ရှင်တော့မည့် ၁၆ လအရွယ်သမီးငယ်ကို လက်ထပ်သည့် ဖခင်
သမီးငယ်ကလေး၏ အမည်မှာ ပေါ်ပီမိုင်ဖြစ်ပြီး သမီးဖြစ်သူလက်ထပ်ပါက ခမ်းခမ်းနားနားလက်ထပ်ပွဲကျင်းပပေးမည်ဟု အင်ဒီဘားနတ်က ကတိပြုခဲ့ဖူးသည်။
ယင်းနောက်ပိုင်းတွင် ပေါ်ပီမိုင်၌ ခွဲစိတ်ကုသ၍ မရနိုင်သော ဦးနှောက်ကျိတ်ကင်ဆာဖြစ်နေသည်ကို သိရှိခဲ့ရပြီး ရက်ပိုင်းသာ အသက်ရှင်သန်နိုင်တော့မည်ဖြစ်ကြောင်း သိလာကြရသည်။
ရက်ပိုင်းအတွင်း သမီးငယ်သေဆုံးတော့မည့် အခြေအနေကို သိရှိလာသော ဖခင်သည် သူ၏ကတိအတိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မင်္ဂလာပွဲကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လက်ထပ်ပွဲအခမ်းအနားတွင် ပေါ်ပီမိုင်သည် လက်ထပ်ဝတ်စုံဝတ်ဆင်ထားပြီး မိခင်ဖြစ်သူ ဆမ်မီဘားနတ်၊ အကိုနှစ်ယောက်ဖြစ်သူ ရိုင်လီ (၆ နှစ်)၊ ဂျန်ဆန်ဂျေး (၄ နှစ်) တို့ ခြံရံလိုက်ပါကြသည်။
လက်ထပ်ပွဲအခမ်းအနားကျင်းပစဉ်အတွင်း ပေါ်ပီမိုင်းသည် ဖခင်၏ လက်အတွင်း အိပ်ပျော်သွားခဲ့ရှာသည်။
ဖခင်ဖြစ်သူ အင်ဒီက ပြောကြားရာတွင် သမီးငယ်ပေါ်ပီကို သူမအိပ်မက်ထားသော လက်ထပ်ပွဲ တစ်နေ့တွင် အထမြောက်ရမည်ဟု ကတိပေးထားကြောင်း၊ အဆိုပါလက်ထပ်ပွဲသည် ယခုလိုဖြစ်လာမည်ဟု မိမိအနေဖြင့် မည်သည့်အခါကမျှ မတွေးတောခဲ့ဖူးကြောင်း၊ မိမိတို့၏ နှလုံးသားများ ထာဝရကွဲကြေကြရတော့မည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် သမီးဖြစ်သူမင်းသမီးကလေးကို ပေးထားခဲ့သည့် ကတိတည်လိုကြောင်း၊ ၎င်းစိတ်ကူးပုံဖော်ခဲ့သည့် လက်ထပ်ပွဲမှာ ယခုကဲ့သို့မဟုတ်ကြောင်း၊ မည်သို့ဖြစ်စေ သမီးငယ်ကလေးသည် သူမ၏ ဖြတ်သန်းရသော ဘ၀တာကလေးတွင် လက်ထပ်ပွဲနေ့ကို တွေ့ကြုံဖူးသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။
Phothutaw


0 comments:
Post a Comment