Thursday, 28 April 2016

ထိုင်းနိုင်ငံတွင် ဖမ်းဆီးတရားဆွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်လွှတ်မြောက်လာ

ဧပြီ ၂၆  - မဲဆောက်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် အထောက်အထားမရှိသည့် မြန်မာအမျိုးသမီး ၃ ဦးကို ခေါ်ဆောင်လာသူ မသိန်းရွှေအား ဖမ်းဆီး ငွေးညစ်ခံရရာကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သော အဖွဲ့အစည်းများ ကူညီခြင်းကြောင့် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း သိရှိရပါတယ်။

  ဖြစ်စဉ်မှာ လက်မှတ်မရှိတဲ့ အမျိုးသမီး ၃ ဦးတို့ကို မသိန်းရွှေက မြ၀တီမှတဆင့် မဲဆောက်မြို့သို့ ခေါ်ဆောင် လာပြီး မယ်ပရပ်ကွက်ရှိ စာရမစ်စက်ရုံ ခေါ် ပုဂံလုံးအလုပ်ရုံသို့ အလုပ်သွင်းပေးရန် သွားနေကြစဉ် ညနေ ၆
နာရီဝန်းကျင် မယ်ပ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးတယ်လို့ ဆိုပါတယ်။  ဖမ်းဆီးခံထားရတဲ့ မသိန်းရွှေကို ထိုင်းနိုင်ငံတွင် တရားဝင်လက်မှတ်ကိုင်ဆောင်ထားပေးမယ့် မည်သည့် လက်မှတ်အထောက်အထားမှ မရှိတဲ့အမျိုးသမီး ၃ ဦးတို့ကို ထိုင်းနိုင်ငံတွင် ခေါ်ဆောင်လာမှုကြောင့် လူကုန်ကူးမှုဖြင့် ထိုင်းရဲက တရားဆွဲဆိုထားပြီး  အမျိုးသမီး ၃ ဦးကိုလည်း နိုင်ငံခိုးဝင်လာမှုဖြင့် တရားဆွဲ ဆိုထားလိုက်ပါတယ်။  ဖမ်းဆီးတရားဆွဲဆိုခံရတဲ့ သူတို့ကို မဲဆောက် ၂ ထပ်ချုပ်မှာ ထိန်းသိမ်းထားပြီး သူတို့ကို ထိုင်းရဲက ခြိမ်းခြောက်ခြင်း၊ ငွေညစ်ခြင်း စသဖြင့် လုပ်ဆောင်ခဲ့ကြောင်း မသိန်းရွေက ပြောပါတယ်။

 “စတင်ဖမ်းဆီးတဲ့နေ့မှာ ဘတ်ငွေ ၁၀၀၀၀ ပေးလျှင် ပြန်လွှတ်ပေးမယ်လို့ ထိုင်းရဲက ကမ်းလှမ်းပါတယ်။  မပေးနိုင်ဘူးလို့ ငြင်းဆိုတဲ့အခါ ဘတ် ၇၀၀၀ ပေးမယ်လို့ ထပ်ပြောပါတယ်။ ၇၀၀၀ လည်း မပေးနိုင်တော့ အဲ့ဒီညမှာ ကျမတို့ကို အချုပ်ခန်းထဲတခုမှာ ခေါ်သွားလိုက်တယ်။ မနက်ရောက်တော့ ၂၀၀၀၀ ဘတ်ပေးလျင် လွတ်ပေးမယ်လို့ ပြောတယ်။ မပေးနိုင်လျှင် ထောင်ဒဏ် ၅ နှစ်အထိ ကျမည်ဟု ပြောပါတယ်” 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများကို ဆက်သွယ်အကူအညီ တောင်းခံရာကနေ မဲဆောက်ဒေသရှိ ရခိုင်များဖိုလ်ရမ်၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်သားနှင့်လူငယ်များအစည်းအရုံး (AASYC)၊ ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး (AGYO)၊ ရခိုင်အလုပ်သမားလှုပ်ရှားရေးမှု(ALC)၊ ပညာရေးနှင့် ဖွင့်ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း (FED)တို့က ကူညီဖြေရှင်းပေးခဲ့တာကြောင့် တပြားတချပ်မှ မကုန်တော့ဘဲ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးတရားဆွဲခြင်းခံရသည်ကနေ ပြန်လည်လွှတ်မြောက်လာသူ အသက် ၂၂ နှစ် မသိန်းရွေနှင့် အမျိုးသမီး ၃ ဦးတို့ တရွားချင်းသားဖြစ်ကြောင်း သိရပါသည်။
 

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate