Sunday, 24 April 2016

ရခိုင်စစ်ပြေး၁၄၀၀ကျော်အတွက် အရေးပေါ်အစားအစာ ထောက်ပံ့ကူညီ ရန်တောင်းဆို

 

ရခိုင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်  ၁၄၀၀ ကျော်အတွက် အစားအစာနဲ့ ရွက်ဖျင်တဲများ အရေးပေါ်လိုအပ်နေပြီး၊ ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးကြဖို့ ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
ပြည်နယ်တွင်းရှိ ပါတီကိုယ်စားလှယ်များထံမှရရှိတဲ့ စာရင်းတွေအရ တိုက်ပွဲ တွေကြောင့် ထွက်ပြေးလာရသူပေါင်း ၁၄၀၀ ကျော်ရှိနေပြီး အစားအစာ အဓိက လိုအပ်နေတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“ပုဏ္ဏားကျွန်းမှာ ၇၀၀ လောက်ရှိတယ်။ ရသေ့တောင်မှာ ၄၀၀ ကျော်၊ ဘူးသီးတောင်မှာ ၃၀၀ ဆိုတော့ ၁၄၀၀ ကျော်တယ်ခင်ဗျ။ အကုန်လုံးလေ၊ လောလောဆယ်မှာတော့ စားရေး သောက်ရေးပဲ အဓိကပါ။ တိုက်ပွဲက ဖြစ်နေတုန်း။ မနေ့ညကပဲ ဘူးသီးတောင်နဲ့ ရသေ့တောင် နယ်အစပ် သြောဓမတောင်တန်းမှာ ဆက်ဖြစ်တယ်။”
စစ်ပြေးဒုက္ခသည်တွေကို တိုက်ပွဲနဲ့ဝေးတဲ့ အနီးနားကျေးရွာက ဘုန်းတော်ကြီးကျောင်း တို့မှာ နေရာချထားပေးပါတယ်။

ရခိုင်ပါတီက စစ်ပွဲကြောင့် မဆိုင်သူတွေ ဒုက္ခမဖြစ်စေလိုဘဲ ပေါ်တာဆွဲတာမျိုး မလုပ် ကြဖို့ တောင်းဆိုလိုက်ပြီး၊ ပြည်နယ်အစိုးရအနေနဲ့ အဖြစ်မှန်ကို သတင်းထုတ်ပေးဖို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော် အေအေတို့ကြား အခုလ ၁၆ ရက်ကစလို့ တိုက်ပွဲများဖြစ်ပွားနေပြီး၊ စစ်ဘေးရှောင်သူဦးရေလည်း တနေ့တခြား တိုးပွား များပြားလာနေတာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ တိုက်ပွဲ၊ စစ်ဘေးဒုက္ခသည်အရေးတို့နဲ့ ပတ်သက်လို့ ခုချိန်ထိ သတင်းတစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးဘဲ ဧပြီ ၂၅ ရက်မှာတော့ အစိုးရအနေနဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်ကူညီမယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate