Monday, 9 May 2016

စစ်တွေမြို့တွင်းရှိ အင်ဘာလာ ရပ်ကွက်သို့ ပြင်ပမှ ဘင်္ဂါလီများကို ခိုးသွင်းနေဟုဆို

.

စစ်တွေ၊ မေ ၉

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ အင်ဘာလာ (ခ) အောင်မင်္ဂလာ ရပ်ကွက်အတွင်းသို့ ပြင်ပ ဒုက္ခသည် စခန်းများမှ ဘင်္ဂါလီများကို ခိုးသွင်းနေသဖြင့် ယခုအခါ လူဦးရေ အဆမတန် များပြားနေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

မေလ ၈ ရက် ယမန်နေ့က စစ်တွေမြို့ရှိ ပြည်လုံး ချမ်းသာ ဘုရားကြီး ရင်ပြင်တွင်ပြုလုပ် ခဲ့သည့် အစည်းအဝေးတွင် အဆိုပါ အင်ဘာလာ ရပ်ကွက်တွင် လူဦးရေ အဆမတန် များပြားလာမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်နယ် အစိုးရအား ၎င်းရပ်ကွက်ရှိ လူဦးရေကို စိစစ်ပေးရေးအတွက် တောင်းဆို သွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
“မြို့ပေါ်မှာရှိတဲ့ ကျနော်တို့ရခိုင်လူဦးရေက ၆ သောင်းလောက်ပဲရှိတယ်။ အခု အဲဒီ ရပ်ကွက်မှာ ဘင်္ဂါလီဦးရေက ၂ သောင်းရှိနေပြီဆိုတော့ ကျနော်တို့နဲ့ ၃ ချိုး ၁ ချိုးအနေအထားဖြစ်နေပြီလေ။ နောင်မှာ သူတို့တွေနဲ့ တစ်ခုခုဖြစ်ရင် ကျနော်တို့မြို့ခံတွေ အတွက် အင်မတန် စိုးရိမ်စရာတစ်ခုဖြစ်ပါတယ်”ဟု ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ မြို့ခံ ကိုအောင်ဌေးက နိရဉ္စရာသို့ပြောသည်။


စစ်တွေမြို့တွင်းရပ်ကွက်တစ်ခုဖြစ်သော အင်ဘာလာ(အောင်မင်္ဂလာ)ရပ်ကွက်တွင် ယခင် ၂ဝ၁၂ ခုနှစ် အရေးအခင်းမဖြစ်မီက ဘင်္ဂါလီဦးရေ (၄)ထောင်ကျော်ရှိနေရာမှ ယခု ၂ဝ၁၆ ခုနှစ်တွင် ဘင်္ဂါလီဦးရေ (၂)သောင်းကျော်ထိရှိနေပြီဟု သိရှိရသည့်အတွက် မြို့လုံခြုံရေးကို ထိခိုက်လာနိုင်၍ ယခုကဲ့သို့ လူဦးရေကို စိစစ်ရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ကိုအောင်ဌေး က ဆက်လက် ပြောဆိုသည်။

ယခုကဲ့သို့လူဦးရေများပြားလာခြင်းမှာ အရေးအခင်းကြောင့် မြို့ပြင်တွင်ထားရှိသော ယာယီ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီများကို မသမာသူ လုပ်ပိုင်ခွင့်ရှိသူ အချို့မှ အခကြေးငွေ ယူပြီး တရားမဝင် အကြိုအပို့ လုပ်နေရာမှ ယခုလို များပြား လာခြင်း ဖြစ်ကြောင်း စစ်တွေမြို့ခံများက ပြောဆိုသည်။

“အားလုံးကို မြို့ပြင်ထုတ်မပေးနိုင်ရင်တောင်မှ အရင်ရှိနှင့်ပြီးလူဦးရေကို စိစစ်ပေးပြီး လူပိုတွေကို မြို့အပြင်သို့ ထုတ်ပေးစေချင်ပါတယ်”ဟုလည်း စစ်တွေမြို့ခံ ဒေါ်သိန်းရီ က ပြောသည်။

ယခုကဲ့သို့တောင်းဆိုရန် ယမန်နေ့ကပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် အကြမ်း အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရထံ ယခုရက်ပိုင်းအတွင်း တရားဝင်စာတင်တောင်းဆို သွားဦးမည် ဟုလည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ သူများက ပြောသည်။

ယခုကိစ္စကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင် ကွင်းဆင်း စိစစ်ပေးမည် ဟု ပြည်နယ် ဝန်ကြီးချုပ်က ယင်းနေ့နံနက်ပိုင်းတွင် မြို့ပေါ်ဆရာတော်တချို့နှင့်တွေ့ဆုံစဉ် ကတိပြုပြောဆိုသွားခဲ့သည်ဟုလည်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်ကို သတိထား စောင့်ကြည့်ရန်လိုသည်ဟုလည်း မြို့ခံများက ပြောဆိုနေကြသည်။

(ယမန်နေ့က စစ်တွေ လူထု စည်းဝေးပွဲ/ ဓာတ်ပုံ - လေးဝတီ ထွန်းစောခိုင်)

မာန်ယုကျော် (ရွှေဝမြေ)
Arakan State..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate