ရခိုင်စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များအတွက် အကူအညီများ လိုအပ်နေ
ကျော်မင်း (စစ်တွေ) ၊ မေ ၈ ရက် . Mizzima - News in Burmese
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၁၈၀၀ အထိ ရှိလာပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်ဒုက္ခသည် ၂၂ ဦးပါရှိလာပါတယ်။ သူတို့တွေအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေနဲ့ စားသောက်စရာတွေကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ရခိုင်ဒေသခံတွေက ကူညီမှုတွေပြုလုပ်နေပေမဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အဟာရလုံလောက်မယ့် အစားအစာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အမိုးအကာ ပြည့်စုံတဲ့ နေထိုင်ရန် အဆောက်အဦတွေမှာ လိုအပ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်ဒုက္ခသည်တွေက မဇ္ဈိမကို ပြောကြားလိုက်ပါတယ်။
ကျော်မင်း (စစ်တွေ) က ရိုက်ကူးပေးပို့ထားတာပါ။....


0 comments:
Post a Comment