အနိုင်ကျင့်ခံအလုပ်သမား၂ဦးအားမြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေကော်မတီဖြေရှင်း
၂၀၁၆ မေလ ၁၂
ကိုတီး
ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ ထပ်ခန်ရပ်ကွက်တွင် ယမန်နေ့ညဥ့်က
အခန်းပိုင် ရှင်အမျိုးသမီးနှင့် ထိုင်းလမ်းသရဲများ
ဝိုင်းဝန်းရိုက်နှက်ရုံသာမက ပတ်စပို့ကိုပါသိမ်းယူခံခဲ့ရသည့်
အလုပ်သမား၂ဦးကိစ္စအား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီက
ဖြေရှင်းပေးနိုင်ခဲ့သည်။
ထပ်ခန်း၁၆လမ်းအနီးတွင်ရှိသော ၄ထပ်တိုက် အပေါ်ထပ်အခန်းတစ်ခုတွင် ငှါးရမ်းနေထိုင် ကြသော ရခိုင်အလုပ်သမား၂ဦးတို့သည် ပူအိုက်သည်ဟုဆိုကာ အပေါ်လေဟာ ပြင်အထပ်သို့တက်ရောက် ၍ အိပ်စက် ရန်ပြင်ဆင်ခဲ့ကြသည်။ အလုပ်သမားများမှာ မူးယစ်ေ သာက်စားခြင်း၊ ဆူပူအော်ဟစ်ခြင်းများမရှိပဲ လက်ကိုင် ဖုန်းများကို အင်တာနက်များအ သုံးပြုနေ ကြဆဲဖြစ်သည် ဟု ဆိုသည်။
အခန်းပိုင်ရှင်သားနှင့်အခြားတစ်ဦးတို့မူးယစ်၍ ရောက်ရှိလာပြီး ၎င်းတို့ အခန်းသို့ခေါ်ဆောင်ပြီး ရခိုင် အလုပ်သမား ချစ်ထွန်းအောင်နှင့် နိုင်လင်းဦး တို့ကို ရိုက်နှက်ကန်ကျောက်ကြသည်ဟုဆိုသည်။ နိုင်လင်းဦး မှာ တစ်ချက်သာ အကန်ခံခဲ့ရပြီးထွက်ပြေးလွတ်မြောက်ခဲ့သည်။ ရိုက်နှက်အော် ဟစ်သံများကြောင့် အောက် ထပ်တွင်နေသော အခန်းပိုင်ရှင်အမျိုးသမီးက အခြားလူမိုက် ၃ဦး တို့ ကိုခေါ်ယူလာခဲ့ပြီး ထွက်ပြေးဖို့ အခွင့် မသာပဲ ထိုင်း၂ဦးရိုက်နှက်ခြင်းကို ခံနေရသော ချစ်ထွန်းအောင် ဆိုသူမှာ မျက်နှာတစ်ပြင်လုံးအပြင်ခန္ဓာ ကိုယ်အနှံ့ရောင်ကိုင်း နာကျင် ကိုက်ခဲ ခဲ့သည်။
ထိုင်းအမျိုးသား၎ဦးတို့အားရအောင်ရိုက်နှက်ပြီးနောက်အခြားဘက်သို့လှည့်၍ သေနတ် လေး ချက်ပစ်ဖေါက်ခဲ့သည်ဟုလည်းဆိုသည်။ ဒဏ်ရာရရှိခဲ့သူ ချစ်ထွန်းအောင် က “ အနိုင် ကျင့်နှိပ်စက်ကြပြီး ကျနော့်ပတ်စပို့ကို အိမ်ပိုင်ရှင်အမျိုးသမီးက သိမ်းယူသွားခဲ့တယ်။ မနက်ကျ ရင် ဘတ်တစ်ထောင်နဲ့လာရွေးရမယ်လို့ပြောသွားတယ်။ ခေါင်းတွေကိုက် ခဲ့ပြီး မျက်နှာတပြင် လုံးနာနေတာကြောင့် မနက်စာ ထမင်းမစားနိုင်ဘူး။ မျက်လုံးနဲ့ ရင်ခေါင်းထဲကလည်း အောင့်နေပါတယ်” ဟုပြောသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “လိုအပ်တဲ့သတင်းအချက်အလက်တွေစုဆောင်းတယ်။ ကျနော်တို့ အဖွဲ့သားတွေကို စုဆောင်းတယ်။ အရိုက်ခံရတဲ့ အလုပ်သမား၂ဦးကို ကျနော်တို့ခေါ်တယ်။ မြန်မာသံရုံးကအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီအတွင်းရေးမှူးကို သတင်းပို့ တယ်။သူက ထပ်ခမ်းရဲစခန်းမှူးကို ကူညီဆောင်ရွက်ပေးဖို့ ဖုန်းနဲ့ ပြောပေးတယ်။ ကျနော်တို့ ကားတစ်စီး၊ ရဲကကားတစ်စီး၊ ဆိုင်ကယ် ၂စီးနဲ့ ၀ိုင်းရှာကြတယ်။ တစ် ယောက်ကိုမိတယ်။ အလုပ်သမားတွေအခန်းစပေါ်နဲ့ သိမ်းထားတဲ့ပတ်စပို့ကို ပြန်ပေးတယ်။ လက်နက် ကိုင်ဆောင် မှုတွေကတော့ ရဲတို့အပိုင်းပေါ့လေ”ဟုပြောသည်။
ထိုင်းအာဏာပိုင်များဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များတွင် ဘန်ကောက်မြန်မာ သံရုံး၏ အကူအညီမှာ အလုပ်သမား အရေးဆောင်ရွက်ကြသူများအတွက် အင်အားကြီးတစ်ရပ် ဖြစ်ပါသည်။
....
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့ ၏
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကူညီ
တောင်းခံနိုင် ပါသည်။ကျနော်တို့ တတ်စွမ်းသမျှ
ကူညီဆောင်ရွက်ပေးပါမည်။
ဦးအောင်မျိုးသန့်- 08 9652 5696
ဦးကျော်သောင်း- 08 4670 5727
ကိုစိုင်းအေး- 08 0588 5548
ကိုဘခက် - 08 7312 1179
ကိုအောင်ဆန်းဦး- 09 0667 7913
ကိုလွမ်းသူ- 08 6905 2446
ကိုစောမောင်- 09 0661 0849

0 comments:
Post a Comment