Friday, 13 May 2016

ကလေးစစ်သား ကာကွယ်တားဆီးရေးအတွက် ၁၂ ဦးပါ ကော်မတီဖွဲ့စည်း

child-soldiers
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အတွက် ကာကွယ်ရေးဝန်ကြီး ခေါင်းဆောင်မယ့် ၁၂ ဦးပါကော်မတီကို နိုင်ငံတော်သမ္မတက မေလ ၁၁ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီမှာ ကော်မတီဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် စစ်ဥပဒေချုပ်ရုံး ဒုတိယစစ်ဥပဒေချုပ်နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့ကတာဝန်ယူမှာပါ။

အဖွဲ့ဝင်တွေအဖြစ်တော့ စစ်ဥပဒေချုပ်၊ နိုင်ငံခြားရေးနဲ့ ပြည်ထဲရေး ဒုဝန်ကြီးတွေ ဒုရှေ့နေချုပ်၊ တွဲဖက်စစ်ရေးချုပ်၊ ပြန်ကြားရေး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တို့ရဲ့ အမြဲတမ်းအတွင်းဝန်တွေလည်း ပါဝင်ပါတယ်။
ဒီကော်မတီဟာ တပ်မတော်စစ်သား စုဆောင်းရေးတပ်တွေ၊ တပ်ဌာနချုပ်တွေနဲ့ လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့တွေ အနေနဲ့ တပ်သားသစ်တွေ စုဆောင်းရာမှာ သတ်မှတ်ထားတဲ့ အမိန့် ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိအောင် ကြပ်မတ်စိစစ်ဖို့နဲ့ အသက် (၁၈) နှစ် မပြည့်သူတွေ၊ ဆန္ဒမရှိသူတွေကို စိစစ်တွေ့ရှိပါက မိဘအုပ်ထိန်းသူထံ ပြန်လွှဲပြောင်းအပ်နှံ ဖို့နဲ့ အတင်းအကြပ် ခေါ်ယူစစ်မှုထမ်းခိုင်းရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ စတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရတပ်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာပါ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက အစဉ်တစိုက် ဝေဖန်ပြောကြားနေတာပါ။
မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးမပြုဖို့ ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုး ခဲ့ပြီးနောက် လက်ရှိအချိန်ထိ အရွယ်မရောက်သေးတဲ့ ကလေးစစ်သည် ရှစ်ရာနီးပါးကို တပ်မတော်ကနေ နှုတ်ထွက်ခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate