ကရင့်အနာဂတ်အရေး ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ ဒေါနတောင်ခြေတွင် ၅ ရက်ကြာဆွေးနွေးကြမည်
.
မေ - ၁၅ - ၂၀၁၆
သတင်း - ကရင်အမျိုးသား မီဒီယာ
ကရင်အမျိုးသားများ လက်ရှိမြန်မာအစိုးရနှင့်နို င်ငံရေးဆိုင်ရာကိစ္စရပ်များ
နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် အထောက်အကူပြုနိုင်ရေးအတွက်
ပြည်တွင်းပြည်ပရှိ အလွှာအသီးသီးမှ ကရင်အမျိုးသားများ ဒေါနတောင်ခြေရှိ
လေးဝါးစခန်းတွင် ၅ ရက်ကြာ နှီးနှောဖလှယ်ကြမည်ဖြစ်သည်။
ယခုလ ၁၆ ရက်နေ့မှစတင်ကာ ကျင်းပပြု လုပ်မည့် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ အလွှာအသီးသီးမှ ကရင်အမျိုးသား ၁၀၀ ကျော် တက်ရောက်ကြမည်ဖြစ်သည်။
နှီးနှောဖလှယ်ပွဲတွင် စစ်ရေး နိုင်ငံရေး အပါအ၀င် တမျိုးသားလုံး၏ အနာဂတ်အရေးနှင့်ပတ်သည့် သတ်မှတ်ခေါင်းစဉ်များကို တက်ရောက်လာသူများက ဆွေးနွေးသုံးသပ်ကာ သဘောထားများရယူကြမည်ဖြစ်သည် ။
ဒေါနတောင်ခြေသို့ ရောက်ရှိနေသည့် ကိုယ်စားလှယ်တဦးက " တက်ရောက်ဆွေးနွေးလို့ရရှိလာ တဲ့ အချက်အလက်တွေကို အစိုးရနဲ့ငြိမ်းချမ်းရေဆိုင်ရာလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့ ပင်မအဖွဲ့အစည်းကို အထောက်အကူပေးနိုင်ဘို့အတွက် ဖြစ်တယ် "ဟု ပြောဆိုသည်။
တက်ရောက်ကြမည့် ကိုယ်စားလှယ်များတွင် ကရင့်နိုင်ငံရေးပါတီများ ကရင့်အရေးဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
...
ကရင်အမျိုးသားများ လက်ရှိမြန်မာအစိုးရနှင့်နို
ယခုလ ၁၆ ရက်နေ့မှစတင်ကာ ကျင်းပပြု လုပ်မည့် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ အလွှာအသီးသီးမှ ကရင်အမျိုးသား ၁၀၀ ကျော် တက်ရောက်ကြမည်ဖြစ်သည်။
နှီးနှောဖလှယ်ပွဲတွင် စစ်ရေး နိုင်ငံရေး အပါအ၀င် တမျိုးသားလုံး၏ အနာဂတ်အရေးနှင့်ပတ်သည့် သတ်မှတ်ခေါင်းစဉ်များကို တက်ရောက်လာသူများက ဆွေးနွေးသုံးသပ်ကာ သဘောထားများရယူကြမည်ဖြစ်သည်
ဒေါနတောင်ခြေသို့ ရောက်ရှိနေသည့် ကိုယ်စားလှယ်တဦးက " တက်ရောက်ဆွေးနွေးလို့ရရှိလာ
တက်ရောက်ကြမည့် ကိုယ်စားလှယ်များတွင် ကရင့်နိုင်ငံရေးပါတီများ ကရင့်အရေးဆောင်ရွက်နေကြသည့်



0 comments:
Post a Comment