ထိုင်းအလုပ်ရှင်မှ အနိုင်ကျင့်မှု ခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို FED နှင့် ALC ပူးပေါင်းကူညီနေ
May 13, 2016 by Robinson- MAP radio
လုပ်အားခတိုးမြင့်ပေးရန်နှင့် ထိုင်းနိုင်ငံအလုပ်သမားဥပဒေအရ အခွင့်အရေးပေးရန်ေ တာင်းဆိုကြတဲ့ NAMOSA လက်အိပ် စက်ရုံက အလုပ်သမားများကို အလုပ်ရှင်က ထိုင်းအာဏာပိုင်ကို အားကိုးပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ ကပ်ပီဘန်းရှိ NAMOSA လက်အိပ်စက်ရုံမှ မြန်မာ
အလုပ်သမား ၇၀ တို့ဟာ လုပ် အားခလစာ နည်းပါးခြင်း၊ အလုပ်မဆင်
ရတဲ့ရက်တွေများခြင်း၊ OTမရှိခြင်းနှင့် လုပ်အားခ ဘတ် ၁၃၀/၁၃၅ သာ
ရရှိကြတာကြောင့် အလုပ်သမားတွေက အချက် ၇ ချက်ဖြင့် တောင်းဆို ခဲ့ကြတာ
ဖြစ်ပါတယ်။
တောင်းဆိုတဲ့အချက် ၇ ချက် ကို အလုပ်ရှင်က လက်မခံသည့်အပြင် အလုပ်သမားများကို စက်ရုံမှ နှင်ထုတ်ပြီး ရဲတွေနဲ့ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခံနေရတာရှိတယ်လို့ ALC
ကိုအောင်အောင်က ပြောပါတယ်။
အလုပ်ရှင်က အလုပ်သမားတွေကို စက်ရုံးမှ နှင်ထုတ်တယ်၊ နှင်ထုတ်ထားခြင်း ခံရတဲ့အလုပ်သမားတွေကို ရဲနဲ့ ဖမ်းခံမယ် ဘာညာ ခြိမ်းခြောက်ပြောဆိုပြီး လက်မှတ် ထိုးခိုင်ခြင်းများ ပြုလုပ်တယ်လို့ ဆိုပါတယ်။
အလုပ်ထုတ်ခံရပြီး ခြိမ်းခြောက်မှု ခံနေရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တို့ အခက်အခဲများကို FEDမှ အစားအသောက်အတွက် ကူညီပေးပြီး ထိုင်းနိုင်ငံအလုပ် သမားဥပဒေအရ အလုပ်သမားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ရရှိနိုင်ဖို့ FED နှင့် ALC တို့ ပေါင်းပြီး ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။
ထိုင်းအစိုးရက ထိုင်းနိုင်ငံ အခြေခံလုပ်ခ လစာ တနေ့ ဘတ် (၃၀၀)နှင် OT တစ်နာရီလျှင် ၅၆ ဘတ် သတ်မှတ်ပြဌာန်းထားပေမယ့် မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေတော့ ဘတ် ၃၀၀ ရရှိသူ အလွန် ရှားပါးနေပါတယ်။
ဓါတ်ပုံ - အောင်အောင် ALC
....တောင်းဆိုတဲ့အချက် ၇ ချက် ကို အလုပ်ရှင်က လက်မခံသည့်အပြင် အလုပ်သမားများကို စက်ရုံမှ နှင်ထုတ်ပြီး ရဲတွေနဲ့ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခံနေရတာရှိတယ်လို့ ALC
ကိုအောင်အောင်က ပြောပါတယ်။
အလုပ်ရှင်က အလုပ်သမားတွေကို စက်ရုံးမှ နှင်ထုတ်တယ်၊ နှင်ထုတ်ထားခြင်း ခံရတဲ့အလုပ်သမားတွေကို ရဲနဲ့ ဖမ်းခံမယ် ဘာညာ ခြိမ်းခြောက်ပြောဆိုပြီး လက်မှတ် ထိုးခိုင်ခြင်းများ ပြုလုပ်တယ်လို့ ဆိုပါတယ်။
အလုပ်ထုတ်ခံရပြီး ခြိမ်းခြောက်မှု ခံနေရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တို့ အခက်အခဲများကို FEDမှ အစားအသောက်အတွက် ကူညီပေးပြီး ထိုင်းနိုင်ငံအလုပ် သမားဥပဒေအရ အလုပ်သမားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ရရှိနိုင်ဖို့ FED နှင့် ALC တို့ ပေါင်းပြီး ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။
ထိုင်းအစိုးရက ထိုင်းနိုင်ငံ အခြေခံလုပ်ခ လစာ တနေ့ ဘတ် (၃၀၀)နှင် OT တစ်နာရီလျှင် ၅၆ ဘတ် သတ်မှတ်ပြဌာန်းထားပေမယ့် မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေတော့ ဘတ် ၃၀၀ ရရှိသူ အလွန် ရှားပါးနေပါတယ်။
ဓါတ်ပုံ - အောင်အောင် ALC

0 comments:
Post a Comment