လိပ်ကျွန်း လူသတ်မှုအယူခံတွင် DNA နှင့် သက်သေကိစ္စများ ဖြည့်သွင်းထား
ရဲလွင်
ရန်ကုန်၊ မေ ၁၆
ရန်ကုန်၊ မေ ၁၆
လာမည့် မေလ ၂၃ ရက်နေ့ တွင်တင်မည့်
လိပ်ကျွန်းအမှုအတွက် အယူခံလွှာတွင် DNA ကိစ္စ၊ သက်သေကိစ္စများကို
ဖြည့်သွင်းထားပြီး အယူခံဝင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း
မြန်မာသံရုံးစုံစမ်းရေးအထူးအဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က
ပေါ်ပြူလာနယူးစ်သို့ပြောသည်။
သေဒဏ်ချမှတ်ခံထားရသော
ထိုင်းလိပ်ကျွန်းလူသတ်မှုမှ မြန်မာလုပ်သားနှစ်ဦးအမှုတွင်အယူခံလွှာတင်ရန်
ထိုင်းအစိုးရက ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှ စတင်ကာ
တစ်လအချိန်ပိုပေးခဲ့ပြီးလာမည့် မေလ ၂၃ ရက်နေ့တွင် အချိန်ပြည့်ပြီဖြစ်ကာ
အယူခံတင်ရတော့မည် ဖြစ်သည်။
အဆိုပါ အယူခံတင်မည့် ကိစ္စနှင့်
ပတ်သက်၍အယူခံလွှာကို အဆင်သင့် ပြင်ဆင်ထားပြီ ဖြစ်ကြောင်းနှင့် အယူခံလွှာတွင်
သေဒဏ်ချမှတ်ခံထားရသော မြန်မာ လုပ်သားနှစ်ဦး ပြဿနာတွင် DNA ရယူခြင်း၊
တိုက်ဆိုင်စစ်ဆေးခြင်း ၊ အဖြေထုတ်ခြင်းစသည့် လုပ်ငန်းများသည်
လျော်ညီမှန်ကန်မှုမရှိကြောင်း၊ လူသတ်လက်နက်အဖြစ် ပေါက်တူးကို
အသုံးပြုခဲ့သည်ဟု သုံးသပ်ထားသော်လည်း ပေါက်တူးပေါ်ရှိ DNA
သည် တရားခံအဖြစ်
စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦး၏ DNA နှင့်မတူညီကြောင်း၊ ထို့ပြင်
တွေ့ရှိသည့် DNA များမှာ အခြားသူ DNA များဖြစ်နေခြင်းကြောင့် တရားခံများက
ပေါက်တူးကိုကိုင် တွယ် အသုံးမပြုခဲ့သည်မှာ ထင်ရှားကြောင်း၊ ယင်းအမှုသည်
မျက်မြင်သက်သေမရှိခဲ့သော်လည်း အမှု၏ အဓိကသက်သေများကို
စစ်ဆေးခြင်းမရှိခဲ့ကြောင်း၊ ဖြောင့် ချက်ရယူရာတွင် ဥပဒေအရ တရားဝင်
စကားပြန်မပါဘဲ နည်းလမ်းလွဲမှားစွာ ဆောင်ရွက်ခဲ့ကြောင်း၊ တိကျခိုင်မာသော
အထောက်အ ထားမပြနိုင်ဘဲ အသတ်ခံရသူ၏ ဖုန်း ဖြစ်ကြောင်းသုံးသပ်ခဲ့ကြောင်း၊
စသည့်အချက်များကို ထည့်သွင်း တင်ပြထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
”ကျွန်တော်တို့ဘက်က အယူခံလွှာအတွက်
အားလုံးအဆင်သင့်ဖြစ်နေပြီ။ အယူခံလွှာကိစ္စအတွက်
ကျန်တဲ့အဖွဲ့အစည်းတွေအားလုံးလည်းတကယ်ကိုပူး ပေါင်းပါဝင်ခဲ့ပါတယ်” ဟု ၎င်းက
ပြောသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ
ဦးစိန်ဌေးကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အယူခံလွှာကို လုံလုံလောက်လောက်
ပြင်ဆင်သုံးသပ်ထားနိုင်ကြောင်း ပြောသည်။
”အယူခံလွှာကတော့..အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်း အားထုတ်ထားပါတယ်။
အယူခံတရားရုံးက ကြည့်ရှုဆုံးဖြတ်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။ အဆိုပါအယူခံလွှာကို
၂၃ ရက်နေ့တွင် အထက်အယူခံတရားရုံးသို့ တင်သွားမည်ဖြစ်ပြီး အယူခံ
လွှာတင်ပြီးချိန်တွင် အယူခံတရား ရုံးဖွဲ့မည်ဟု သိရသည်။
လိပ်ကျွန်း လူသတ်မှုအတွက်
မြန်မာလုပ်သားနှစ်ဦးဖြစ်သူကို ဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ၂ဝ၁၅
ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံတရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး
၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် အယူခံဝင်ရမည့်ကာလ တစ်လပြည့်သော်လည်း
အမှုအယူခံဝင်ရန် အဆင်သင့်မဖြစ်သေးသဖြင့် ရက်တိုးမြှင့် တောင်းဆိုခဲ့ရာ
ထိုင်းတရားရုံးက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
http://popularmyanmar.com/afpopular/?p=18526
....



0 comments:
Post a Comment