Sunday, 22 May 2016

မုန်တိုင်းကြောင့် မြန်မာတွင် အပျက်အစီး ကြီးကြီး မားမား မရှိ



ရွန်နူ ဆိုင်ကလုန်း မုန်တိုင်း အဖျား ခတ်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ အတွင်း ကုန်းတွင်း မုန်တိုင်းငယ် တခု ၀င်ခဲ့ပေမယ့် အပျက် အစီး ဆုံးရှုံးမှု ကြီးကြီး မားမား မရှိသလို လူအသေ အပျောက်လည်း မရှိခဲ့ ပါဘူး။

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနရဲ့ စာရင်းတွေအရ ကယား၊ ရှမ်းနဲ့ ပဲခူးတိုင်းတို့အတွင်း အိမ်ခြေ ၅၀ ကျော်လောက် ထိခိုက်ပျက်စီးခဲ့ပြီး လူ ၃၀၀ ကျော် လေဘေးသင့်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဗဟိုချက်နဲ့ နီးခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း မေ ၂၂ ရက် မွန်းလွဲပိုင်းထိ ပျက်စီးဆုံးရှုံးမှု တစုံတရာ မရှိဘူးလို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

“လေတိုက်ပြီး မိုးသည်းသည်းထန်ထန် ရွာသွားတာပဲ ရှိတယ်။ မောင်တောတောင် ကျနော်တို့က ဟိုဟာ ဖြစ်မယ်ထင်တာ၊ မုန်တိုင်းတကယ်ဖြတ်ကျော်ပြီးသွားတော့ အေးအေးဆေးဆေးပဲ၊ ဘာမှ အပျက်အစီးသတင်း မကြားဘူးဗျ။”
ကုန်းတွင်းမုန်တိုင်းငယ်ဖြတ်သွားတဲ့ စစ်ကိုင်းတိုင်းမှာလည်း အေးအေးချမ်းချမ်းပဲလို့ တိုင်းဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောပါတယ်။

“စစ်ကိုင်းမှာ အေးအေးချမ်းချမ်းပါပဲဗျာ။ လေတအားကြီးပြင်းတာတောင် မရှိဘူး၊ကျနော်တို့ဆီမှာ ခုချိန်ထိလည်း ဘာမှ သတင်းမရောက်ပါဘူး၊ aဒသတွေကလည်း အဲ့ဒါမျိုး လေပြင်းတိုက်လို့ ပျက်တာဆိုတာမျိုး ဆက်မလာကြပါဘူး။”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ အင်တာနက်စာမျက်နှာမှာလည်း

“ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အေးချမ်းလျက်ရှိသည်။ ချင်းပြည်နယ် ဖလမ်းမြို့တွင် လေးခန်းတွဲ ကျန်းမာရေးဝန်ထမ်း နေအိမ် မြေပြိုဘေး လုံခြုံမှုမရှိ၍ ပြောင်းရွှေ့ထား၊ မတူပီတွင် လိုင်လင်းတီး မြို့ကွက်သစ် အထကကျောင်း ပျက်စီးမှုရှိ၊ မင်းတပ်တွင် ဆိုင်ကယ်တစ်စီး ပျက်စီး လူအထိအခိုက်မရှိ၊ ပလက်ဝတွင် မော်တော်ယာဉ်လိုင်းများ ရပ်ဆိုင်းထား၊ အခြားအဆောက်အဦ လူအထိအခိုက်မရှိဟု ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးထံမှ သတင်းရရှိပါသည်။” လို့ ရေးသားဖော်ပြထားပါတယ်။

မေလ ၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်းတိုင်းအရှိန်ကြောင့် မြန်မာပြည်ဒေသအနှံ့အပြားမှာ မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး ဒေသအချို့မှာ မိုးသက်လေပြင်းကျခဲ့ပါတယ်။

ဒီဗွီဘီ by ရွှေအောင်

Originally published at - http://burmese.dvb.no/archives/151159
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate