Sunday, 22 May 2016

မြန်မာဒုက္ခသည် တစ်သိန်းကျော်အား နေရပ်ပြန်ပို့ရန် ထိုင်းစစ်တပ် ကြိုးပမ်းနေ








ထိုင်း စစ်တပ်သည် နိုင်ငံတွင်း ရောက် မြန်မာ ဒုက္ခသည် တစ်သိန်း ကျော်အား နိုင်ငံရင်းသို့ ပြန်ပို့နိုင်ရေး ကြိုးစား လုံးပမ်းလျက် ရှိသည်ဟု ပြောသည်။ဒုက္ခသည် များ၏ အခြေ အနေကို ဖြေရှင်းရန် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အမိန့်ထုတ် လိုက်ပြီးနောက် နယ်စပ် ကိစ္စရပ် များအား ဖြေရှင်းလျက် ရှိရာတွင် တစ်ချို့သော ပြဿနာများနှင့် ကြုံတွေ့နေ ရကြောင်း အမှတ် ၉ ခြေလျင် တပ်ရင်း တပ်မမှူး သမ်မန်နွန်ဝတ်သေးက ပြောသည်။တတိယနိုင်ငံတစ်နိုင်ငံသို့ သွားရောက်နေထိုင်နိုင်ရေး ကြိုးစားကြခြင်းမရှိသည့် မြန်မာဒုက္ခသည်အများစုက နိုင်ငံရင်းမြန်မာနိုင်ငံသို့လည်း မပြန်လိုဘဲ ရှိနေကြောင်း ဗိုလ်ချုပ် သမ်မန်နွန်က ပြောသည်။၎င်းတို့က အစိုးရသစ်၏ မူဝါများအပေါ် စောင့်ကြည့်လျက်ရှိနေခြင်းလည်း ဖြစ်သည်။"ဘာပဲပြောပြောပါ။ နိုင်ငံရေးအခြေအနေလည်း ကောင်းလာပြီး အစိုးရသစ်ကလည်း တာဝန်ယူထားချိန်ဆိုတော့ ဒုက္ခသည်အများစုက နေရပ်မြန်မာနိုင်ငံကို ပြန်လိုလာကြမှာလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။" ဟု ၎င်းက ပြောသည်။ဒုက္ခသည်များ နေရပ်ပြန်ပို့ခြင်းအရေးကိစ္စများတွင် လူ့အခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်းစိတ်ချရရေးတို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ OHCHR က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။နေရပ်ရင်း ပြန်ပို့မှုများတွင် လုံခြုံဘေးကင်းရေးကို စံထားပြီး ဒုက္ခသည်များ၏ ဆန္ဒကိုလည်း အဓိကထားပြီးမှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း OHCHR က ပြောသည်။ ဒုက္ခသည်များအား နေရပ်ပြန်ပို့သည့်အရေးတွင် မြန်မာအစိုးရဖက်က လက်ခံအတည်ပြုမှု ရှိထားရမည်ဖြစ်ပြီး ၎င်းဒုက္ခသည်များအား ထားရှိမည့် နေရာဝန်းကျင်ကိုလည်း လက်ခံနိုင်စရာရှိမရှိ တရားဝင်စစ်ဆေးရမည်လည်းဖြစ်သည်။ဒုက္ခသည်များ နေရပ်ပြန်ပို့မည့်အရေးတွင် နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိုင်းစစ်တပ်အနေဖြင့် ထူထောင်ထားပါကြောင်း ဗိုလ်ချုပ် သမ်မန်နွန်က ပြောသည်။ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် တစ်သိန်းကျော်ထက်မနည်းအတွက် ဒုက္ခသည်စခန်းပေါင်း ကိုးခုဖွင့်လှစ်ထားရကာ တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျခံသုံးစွဲနေရသည်။ဒုက္ခသည်စခန်းများအနက် ဆန်ခလာဘူရီခရိုင်ရှိ ဘန်တွန်ယန်း ဒုက္ခသည်စခန်းတွင် ၁၉၉၇ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် KNU တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာဒုက္ခသည် ၂၀၀၀ ကျော်ထက်မနည်း ယခုထိ ခိုလှုံနေထိုင်လျက်ရှိနေဆဲဖြစ်သည်။တတိယတစ်နိုင်ငံသို့ နေထိုင်ခွင့်ရရေး ဒုက္ခသည်အများစုက လိုလားတောင်းဆိုကြသော်လည်း ကရင်ဒုက္ခသည်များက နိုင်ငံရင်းမြန်မာနိုင်ငံသို့ ပြန်လိုစိတ် မရှိကြကြောင်း ကုလသမဂ္ဂအေဂျင်စီ OHCHR ၏ မှတ်တမ်းများတွင် ဖော်ပြသည်။ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ၂၀၁၂ ခုနှစ်ကစပြီး ဖော်ဆောင်လာခဲ့ခြင်းဖြစ်သော်လည်း တိုးတက်မှုအခြေအနေက အနည်းအကျဉ်းသာရှိကြောင်း သမ်မန်နွန်က ပြောသည်။ယင်လပ်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်အတွင်းက ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချန်အိုချာက ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို အသေအချာအလေးထား ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို အခက်အခဲဖြစ်စေသည့် အဓိကအရေးကြီးသည့် အကြောင်းအချက်က ထိုင်းနိုင်ငံ၏ အစီအစဉ်အပေါ် အပြည့်အဝအထောက်အကူမဖြစ်သည့် OHCHR ၏ သဘောထားရပ်တည်ချက်ကြောင့်ဖြစ်ကြောင်း ထိုင်းစစ်တပ်ရင်းမြစ်တစ်ရပ်က ဆိုသည်။ဒုက္ခသည်များအား အတင်းအကြပ်နေရပ်ပြန်ပို့ရန် လုပ်ဆောင်ခဲ့ပါက လူ့အခွင့်အရေးချိုးဖောက်သည်ဟု အပြင်းအထန်ဝေဖန်ခံရမည့် အခြေအနေကိုလည်း ထိုင်းနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။မဇ္ဈိမသတင်း by - ဘန်ကောက်ပို့စ်Originally published at - http://mizzimaburmese.com/article/14446
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate