မြ၀တီဆေးရုံရောက် မင်းကိုနိုင်
မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ စိုးရိမ်စိတ်ဖြင့် သတင်းမေးကြသူများအရေးပေါ်ကားဖြင့် လိုက်ပါပို့ဆောင်ပေးသော ကလျာဏမိတ္တ(ကိုတင့်)တို့
အဖွဲ့ အားလုံးကို ကျေးဇူးတင်စွာ အကြောင်းပြန်ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်သည် ဗိုက်အောင့်ဝေဒနာ ခံစားနေရသ ဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
မေလ ၂၈ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသစ် ဖွင့်ပွဲ အခမ်း အနား ကို တက်ရောက်ခဲ့သော ကိုမင်းကိုနိုင်သည် ဆေးခန်းဖွင့်ပွဲအခမ်းအနား၌ ဗိုက်အောင့်ဝေဒနာခံစားရ၍ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဆက်လက်၍ ကရင်ပြည်နယ် မြ၀တီရှိ မေတ္တာမွန် ဆေးရုံ တွင်ဆေးကုသမှုခံယူနေကြောင်း ကိုမင်းကိုနိုင်နှင့်လိုက်ပါသွားသူ ကိုသိန်း(ဒသနိက) ပြောသည်။
ကိုမင်းကိုနိုင်သည် အစာအိမ်နှင့်အူလမ်းကြောင်း ရောင်နေသောကြောင့် ပိုးသတ်ဆေးထိုးထားရပြီး အူအတက်ရောင်လာပါက လိုအပ်လျှင် ခွဲစိတ်ကုသရမည် ဖြစ်ပြီး စောင့်ကြည့်ရန်လိုအပ်သည်ဟုဆိုသည်။ ခွဲစိတ်ရန် မလိုအပ်ပါကလည်း အနားယူရန် ဆရာဝန်ကြီးမှ ညွှန်ကြားထားကြောင်း နှင့် လတ်တလောတွင် အရည်နည်းနည်းသာ သောက်ခွင့်ရသည်ဟု ကို မင်းကိုနိုင်အား အနီးကပ်ပြုစုနေသူ ကိုသိန်း(ဒသနိက)ကပြောသည်။
ဓာတ်ပုံ - ကိုသိန်း(ဒသနိက)
၂၉.၅.၂၀၁၆
.
Credit ....Thein Htein

http://www.dawnmanhon.com/2016/05/blog-post_413.html
....

0 comments:
Post a Comment