Tuesday, 17 May 2016

ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ မူရွင်းကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွား


ကျောက်ဖြူ
မေလ ၁၆ ရက်၊ ၂၀၁၆
မေလ ၁၆ ရက်နေ့ နံနက်(၉)နာရီကျော်ခန့်က ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု မူရွင်းကျေးရွာတွင် ဓားခုတ်ခံရ၍ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။
မေလ ၁၆ ရက်နေ့ နံနက်(၉)နာကျော်အချိန်မှာ 'ခိုင်ဇော်ထွန်း' မိခင်ဖြစ်သူ ဒေါ်ဝေစိန်မ၏နေအိမ်တွင် တင်နိုင်စိုးနှင့် ၄င်းနှင့်တို့နှစ်ယောက်အတူ ရှိနေစဉ်တွင် တစ်ရွာတည်းနေသူ မိုးဇော်က အသင့်ယူဆောင်လာသော ဓားဖြင့်ဝင်ခုတ်ရာ ဦးအောင်စံထွန်း၏သား ခိုင်ဇော်ထွန်း(ခ)၀ါကြီး အသက် (၂၉)နှစ်မှာ အခင်းဖြစ်ပွားသည့်နေရာတွင်သေဆုံးသွားခဲ့ကာ၊ ဦးသံချမ်းမောင်ရဲ့သားဖြစ်သူ တင်နိုင်စိုး(ခ)ကိုက်ကောင်၊(၂၉)နှစ်မှာ ဓားခုတ်ဒဏ်ရာ တစ်ချက်ရရှိသွားကာ ရွာထဲသို့ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဒီနှစ်သင်္ကြန်တုန်းက ဓားခုတ်ခံရ၍သေဆုံးသွားသူ ခိုင်ဇော်ထွန်းမှ ယခုတရားခံဖြစ်သူ မိုးဇော်အား ဓားဖြင့်ခုတ်ခဲ့သော ရန်ငြိုးကြောင့် ပြန်လည်လက်စားချေခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ဇင်ချောင်းရဲစခန်းမှူးရဲအုပ်ခင်မောင်ဝင်းနှင့်တပ်ဖွဲ့ဝင်များကသတင်းရ ရချင်းသွားရောင်စစ်ဆေးကာ၊ရဲလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပြီးတရားခံမိုးဇော် (ခ)မိုးဇလီအားအခင်းဖြစ်သည့်မူရွင်းကျေးရွာတွင်ဖမ်းဆီးလိုက်ပြီးသက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့စခန်းမှတရားလိုဒေါ်ဝေစိန်မ(၅၉နှစ်)၏ တိုင်ကြားချက်အရ(ပ)၃၆၆/၂၀၁၆၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊၃၀၂/၃၂၄အရအမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။
သတင်းအရင်းအမြစ်နှင့်ဓာတ်ပုံ - ရမ္မာဝတီ စောမိုးကျော်
(Reedit and rewritten by ကျောက်ဖြူလူငယ်များမီဒယာ)
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate