Tuesday, 17 May 2016

လိပ်ကျွန်းလူသတ်မှု အယူခံဝင်ဖို့ အဆင်သင့်ဖြစ်ပြီ

စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ မူရင်းအမှုတွဲနဲ့ အယူခံဝင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင်မှာဖြစ်ခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အယူခံဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အချိန်ယူ လေ့လာရေးသားခဲ့တဲ့အယူခံလွှာ ပြီးစီးသွားလို့လာမယ့် မေလ ၂၃ ရက်နေ့မှာ ကောစမွီ ခရိုင်တရားရုံးကို စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ မူရင်းအမှုတွဲနဲ့ အယူခံဝင်မှာဖြစ်ပါတယ်။

play

အယူခံလွှာကို ထိုင်းရှေ့နေများကောင်စီအဖွဲ့က ငါးလ လောက်အချိန်ယူ ရေးသားခဲ့ရပြီးအယူခံလွှာမှာ မြန်မာအစိုးရကစေလွှတ်တဲ့ ပညာရှင်သုံးဦးရဲ့ သုံးသပ်ချက်တွေပါဝင်တယ်လို့ သိရပါတယ်။ အယူခံလျှောက်ထားမယ့်နေ့မှာ ထိုင်းရှေ့နေ ကောင်စီ အမှုလိုက်အဖွဲ့နဲ့အတူ မြန်မာလုပ်သားနှစ်ဦးရဲ့ မိခင်တွေလည်း လိုက်ပါကြမယ်လို့ သိရပါတယ်။
play

လူသတ်မှုမှာ သက်သေမခိုင်လုံဘဲ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ နှစ်ဦး လွှတ်မြောက်ရေး အတွက် ဒီအယူခံလွှာက အလွန်အရေးကြီးပြီး အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ဦးစိန်ဌေးက ပြောပါတယ်။
၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာလူငယ်နှစ်ဦးကို ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှာ သေဒဏ်စီရင်ခဲ့တာပါ။
Source : 7DayDaily
Photos : Bangkok Post,BBC
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate