Wednesday, 11 May 2016

ဒေါ်စု၏ မွေးနေ့အတွက် လှူဒါန်းမည့် တစ်ကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပမည်

..

ရန်ကုန်၊ မေ ၁၁

ဒေါ်အောင်ဆန်း စုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုကာ Suu’s Solo Photo Showကို မေလ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပမည် ဖြစ်သည်။

“ပွဲကနေ ရလာတဲ့ အကျိုး အမြတ်တွေ အားလုံးကို အခုချိန်မှာ ခက်ခဲနေတဲ့ ဒေသတွေနဲ့ အချို့လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်း သွားမှာ ဖြစ်တယ်။" ဟု Suu’s Solo Photo Show၏ ဓာတ်ပုံဆရာ ကိုစောဖိုးခွားက မဇ္ဈိမကို ပြောသည်။

သွားရောက်လှူဒါန်းမည့် နေရာကိုမူ မရွေးချယ်ရသေးဘဲ မကြာမီ ပြန်လည် ကြေငြာသွားမည်ဟု ၎င်းက ပြောသည်။

ဇွန်လ၁၉ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသည့် တစ်ကိုယ်တော် ဓါတ်ပုံပြပွဲကို မေလ ၁၃-၁၅အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ထိ ရန်ကုန်မြို့၊ နဝဒေးလမ်းရှိ Think Art Gallery ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှ ယခုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်အထိ မှတ်တမ်း ဓါတ်ပုံများ ပါရှိမည် ဖြစ်ပြီး ဓါတ်ပုံ ဆရာ စောဖိုးခွား၏ တစ်ကိုယ်တော် လက်ရာများ ဖြစ်ကြောင်း သိရသည်။

၇၁နှစ်မြောက်မွေးနေ့ ဖြစ်သောကြောင့် ဓါတ်ပုံပေါင်း ၇၁ ပုံဖြင့် ပြသမည်ဟု ၎င်းက ပြောသည်။

ယင်းဓါတ်ပုံများအားလုံးကို ပြသပြီး ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါပြပွဲသို့ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး မေလ ၁၃ရက်နေ့ ဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည်ဖြစ်သည်။

မဇ္ဈိမသတင်း by - ဂျာဆိုင်းပန်

Originally published at - http://mizzimaburmese.com/article/14074
..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate