Wednesday, 11 May 2016

ကုလအဖွဲ့များ ရေရှည်အကျိုးရှိမည့် ကိစ္စရပ်များ ဆောင်ရွက်ပေးရန် ဒေါ်စုပြော

.
DASSK Meet Foreign Embassar 22042016(6
နိုင်ငံအတွက် ရေရှည်အကျိုးရှိမယ့် ကိစ္စရပ်တွေ လုပ်ဆောင်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေကို မေတ္တာရပ်ခံ ပြောကြား လိုက်ပါတယ်။
နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီနေ့လုပ်တဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်စုက ပြောကြားခဲ့တာလို့ အဲ့ဒီဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။
“အမတို့ ၀န်ကြီး ပြောတာက သူတို့လုပ်နေတဲ့ ပရောဂျက်တွေဟာ မြန်မာပြည်သူတွေ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ လိုတယ်။ ပြီးတော့ အခု မြန်မာအစိုးရရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့လည်း ကိုက်ညီဖို့ လိုတယ်။ အဓိက အရေးကြီးဆုံးကတော့ ရေရှည်အတွက်ကိုလည်း အကျိုးရှိဖို့ လိုတယ်။ အဲ့ဒီအတွက်ကို လုပ်ပေးပါဆိုပြီးတော့ သူ မေတ္တာရပ်ခံတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်တွေ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဖွဲ့အစည်း ၂၀ လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲတက်ခဲ့ကြတဲ့ ကုလအေဂျင်စီနဲ့ နိုင်ငံတကာ အဖွဲ့တွေကလည်း သူတို့ အေဂျင်စီအသီးသီးရဲ့ လတ်တလော လုပ်ဆောင်နေမှုတွေကို ရှင်းပြခဲ့ကြပြီး တွေ့ဆုံမှုဟာ ၁ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းရှိ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းပြခဲ့ပြီးလည်း ဖြစ်ပါတယ်။
...

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate