Friday, 20 May 2016

ရခိုင်ဆားဈေးကွက် ပျက်၍ ထောင်ချီသော ဆားလုပ်သားများ အလုပ် လက်မဲ့ဖြစ်

ဧရာဝတီတိုင်း အတွင်း ဆားလုပ်ငန်း လုပ်ကိုင်နေသော အလုပ်သမား အချို့ (ဓာတ်ပုံ − စိုင်းဇော်)
လွန်ခဲ့သည့် ခြောက်နှစ် ကျော်မှ စတင်ကာ ရခိုင်ဆား ဈေးကွက် ပျက်နေ၍ ဆားထုတ် လုပ်ငန်း များတွင် လုပ်ကိုင် နေကြသည့် အခြေခံ အလုပ်သမား ထောင်ချီကာ အလုပ် လက်မဲ့ ဖြစ်နေကြောင်း သတင်း ရရှိသည်။ရခိုင်ဒေသထွက် ဆားများကို ၀ယ်ယူ ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် အရည်အသွေးကောင်းမွန် သည့် ဆားထုတ်စက်ရုံ တည် ဆောက်ကာ ဆားထုတ်လုပ်လိုက် ၍ ရခိုင်ဆားဈေးကွက် ပျက်ခဲ့ ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။‘‘ဆားဈေးကွက်ပျက်ပြီး ဆားထုတ်လုပ်တဲ့သူတွေ လုပ်ငန်းရပ်ဆိုင်းထားရတော့ ဆားထုတ် လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင် နေတဲ့ အခြေခံ အလုပ်သမားတွေ လည်း
အကုန်လုံးအလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ သူတို့တွေ အ လုပ်ပြန်ရဖို့အတွက် အရည်အ သွေး ကောင်းမွန်တဲ့ ဆားထုတ် စက်ရုံတည်ဆောက်ပေးဖို့ လိုပါ တယ်’’ဟု ဦးသန်းဝင်းက ဆိုသည်။ရခိုင်ပြည်နယ်တွင် နေလှန်း ဆားများကို အများဆုံးထုတ်လုပ် နေသော်လည်း အရည်အသွေးမ ကောင်းမွန်၍ ဆားဈေးကွက် ပျောက်နေရကြောင်း ဆားထုတ်လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။ဈေးကွက် ပျက်နေခြင်း ကြောင့် အဆင်မပြေဖြစ်နေသည့် ဆားလုပ်ငန်းရှင်များနှင့် ဆား တောင်သူများအတွက် ပြည်နယ် အစိုးရ၊ ပြည်ထောင်စုအစိုးရအ နေဖြင့် အရည်အသွေး ကောင်းမွန်သည့် ဆားထုတ်စက်ရုံ တည် ဆောက်ပေးရန် လိုလားနေကြ ကြောင်း သိရသည်။By - မောင်ကံOriginally published at - http://www.7daydaily.com/story/65278

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate