Friday, 20 May 2016

တတိယအကြိမ်မြောက် ရခိုင်အမျိုးသားနိ နန့် မြောက်ဦးမြို့ လိုဂိုအမှတ်တံဆိပ်။


၁၃၇၈ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နိသည် ရခိုင်အမျိုးသားနိဖြစ်၏။ ကျောက်ဖြူရခိုင်အမျိုးသားညီလာခံမှ ၁။ ဘုရားသျှင်တော်မြတ် ရခိုင်ပြည်သို့ ကြွရောက်ခြင်းနိ ၂။ မဟာမုဏိရုပ်ရှင်တော်မြတ်အား သွန်းလုပ်ပြီးစီးသည့်နိ ၃။ ဘုရင်မင်းစောမွန် မြောက်ဦးမြို့မြို့အား တည်ထောင်နန်းစိုက်တေ နိ နန့် ၄။ ကျောက်ဖြူရခိုင်အမျိုးသားညီလာခံစတင်ကျင်းပရေ နိ ဆိုပြီးကေ ရခိုင်အမျိုးသားနိသတ်မှတ်ရေးအတွက် အေ ၄ နိကို အဆိုတင်ရွီးချယ်ပနာ မဟာမြတ်မုဏိရုပ်ရှင်တော်မြတ်အား သွန်းလုပ်ပြီးစီးသည်ကဆုန်လပြည့်ကျော် ၁ ရက်နိကို ``ရခိုင်အမျိုးသားနိ´´အဖြစ် ရွီးချယ်သတ်မှတ်ခရေ နိတစ်နိဖြစ်ပါရေ။ ၁၃၇၈ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နိ ဆိုကေ တတိယအကြိမ်မြောက်ဖြစ်လာပါယာ။ ရခိုင်အမျိုးသားနိကို ရခိုင်ပြည် ၁၇ မြို့အပြင် အခြားအခြား ရခိုင်ပြည်ပြင်ပနီရာအသီးသီးရို့မှာလည်း စည်ကားသိုက်မြိုက်ပနာ ကျင်းပလာကတ်စွာကို အားလုံးသိပြီးတွိပြီးဖြစ်ပါရေ။ ယင်းပိုင်နည်းတူ ရခိုင်ပြည် မင်းနီပြည်တော်ဖြစ်ခရေ မြောက်ဦးမြို့မှာလည်း ကျင်းပခပြီးပါဗျာယ်။
ပဌမ အကြိမ်မြောက် ရခိုင်အမျိုးသားနိ ကျင်းပဖို့ခါ မြောက်ဦးမြို့ ရခိုင်အမျိုးသားနိကျင်းပရေး တက်ကြွလှုပ်ရှားပုဂ္ဂိုလ်တိရေ အမျိုးသားနိအမှတ်တံဆိပ်တစ်ခုကို ယာယီအားဖြင့် စဉ်းစားခကတ်ပါရေ။ သေချာသည်က ရခိုင်အမျိုးသားနိရေ ဗုဒ္ဓဘာသာရီစီးကြောင်းနန့်မကင်း။ယင်းအတွက်နန့်လည်း ဗုဒ္ဓဘာသာဝင်အားလုံး၏ အထွဋ်အမြတ် ဗုဒ္ဓသက်ဟိထင်ရှားရှိမှာသွန်းလုပ်ခရေ မဟာမုဏိရုပ်ရှင်တော်မြတ်သွန်းလုပ်ပြီးစီးရေနိကို မှတ်မှတ်ခြင်းပင်။ ယင်းအတွက်ကြောင့် အမှတ်တံဆိပ်သည် အမျိုးသားကိုယ်စားပြုငြိမ်းချမ်းမှု ဗုဒ္ဓနန့်ရခိုင်ရို့၏ အစပ်အဟပ်အငွိ့အသက်ပါ အမှတ်တံဆိပ်ဖြစ်သင့်ဖြစ်ထိုက်သည်လို့ ယူဆကတ်ပြီးကေ အဂု အေပို့စ်ထ်ပါ ပုံကို မြောက်ဦးမြို့ရခိုင်အမျိုးသားနိ ၏ ယာယီအမှတ်ဆံဆိပ်အဖြစ် အသုံးပြုခကတ်ပါရေ။ ကျွန်တော်ကိုယ်တိုင် အဆိုပြုပြီးကေ အားလုံး၏သဘောတူညီမှုနန့် ဆရာဦးမောင်ကျော်ဇော ( နောင်အေး ) အိမ်မှာအတည်ယာယီအတည်ပြုခကတ်ခြင်းဖြစ်ပါရေ။ အေနီရာမှာ သေချာစွာ အမှတ်တံဆိပ်တစ်ခုကား မဖြစ်ဖြစ်အောင်သတ်သတ်မှတ်မှတ် ဟိသင့်ပါရေ။ အမှတ်တံဆိပ်မဟိ အမျိုးသားနိကျင်းပခြင်းကား မြင်မကောင်းကြည့်မကောင်း။
မြောက်ဦးမြို့ရခိုင်အမျိုးသားနိ၏ ယာယီအမှတ်တံဆိပ် အေပို့စ်ထ်ပါ တံဆိပ်အမှတ်အသားရေ မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီး၏တက်လမ်းလှီကား လက်ဝဲဘက် အာနန္ဒစန္ဒြကျောက်စာတိုင်စိုက်ထူထားရေ နီရာဝန်းထဲ ဧရာမကျောက်ပြားချောင်းတစ်ခုမှာ ထင်ထင်ရှားထွင်းထုထားရေ အမှတ်သင်္ကေတဖြစ်ပါရေ။ ထူးထူးခြားခြား ပွင့်ချပ်ပွင့်ဖတ်တိအပြည့်နန့်ကြာပန်းတစ်ပွင့်ကို ခရုသင်းတစ်ခုက တို့ထိထားပါ၏။ အေကျောက်ပြား၏ သက်တမ်းခုနှစ်သက္ကရာဇ်တိတိကျကျကိုကား
ကျွန်တော်မပြောတတ်။ ယေကေလည်း အေကျောက်ပြားတိုင်ကို ခရစ်နှစ် ၁၅၃၅ ခုနှစ် ဘုရင်မင်းဗာကြီးရေ သျှစ်သောင်းပုထိုးတော်ကြီးကို တည်ထားခစဉ်အတွင်း ရှိအစဉ်အဆက်ဘိုးဘီးရို့၏ သမိုင်းအမွှီအနှစ် အနှစ်သာရတိဖြစ်တေ အာနန္ဒစန္ဒြကျောက်စာတိုင်အပါအ၀င် အေအမှတ်တံဆိပ်ပါ ကျောက်ပြားရှည်ကြီးကိုပါ ဝေသာလီကျောက်လှီကားမြို့ဟောင်းကပြောင်းရွှိပြီးကေ သျှစ်သောင်းပုထိုးတော်ကြီး၏ တက်လမ်း မုတ်တံကဲထုတ်တန်းအဖြစ် အမှတ်အသားကို ထင်ထင်ရှားရှားပေါ်လွင်အောင် အသုံးပြုထားခပါရေ။ ဤသည်ပင်လျှင် အေအမှတ်တံဆိပ်ရေ ရခိုင်ရို့အတွက် ဇာလောက်အထိ တန်ဖိုးထားသင့်ရေ အမှတ်တံဆိပ်ဖြစ်ကြောင်းမှာ ပေါ်လွင်နီပါရေ။ ကျောက်ပြားရှည်ကြီးကို ကျောက်စာတိုင်ကြီး၏ထိပ်ဖျားမှာ အနားတစ်ဖက်နန့် တက်လမ်းညာဘက်
ဧရာမရှစ်မြှောက်ကျောက်တိုင်ကြီးထိပ်၌ အနားတစ်ဖက်ကို တင်ပြီးကေ အသုံးပြုထားခပါရေ။ ကံမကောင်းအကြောင်းမလှစွာက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လီတပ်၏ ဗုံးဒါဏ်ကြောင်း ယင်းကျောက်ပြားရှည် ထုတ်တန်းကျိုးပြီးကေ အဂုလက်ဟိနီရာမှာ သိမ်းဆည်းထားခကတ်ခြင်းပင်။ မကောင်းထဲက အကောင်းဆိုပိုင် အမှတ်တံဆိပ် ထင်ထင်ရှားရှားနန့်မပျက်မဆီး။ ကံကောင်းပါရေ။
အဖြစ်နိုင်ဆုံး ခန့်မှန်း ကျောက်ပြားရှည်သက္ကရာဇ်နှစ်တိကတော့ခါ ၁။ ဓည၀တီသူရိယစက္ကမင်းသာသနာပြုရေ ခုနှစ် ၂။ ခရစ်နှစ် ၃၂၇ မဟာတိုဉ်းစန္ဒြား ခေါ် ဒွင်းစန္ဒြားမင်းကြီး ဝေသာလီကျောက်လှီကားမြို့ကိုတည်ရေ ခုနှစ် ( သို့မဟုတ် ) အာနန္ဒစန္ဒြမင်းသာသနာပြု ကျောက်အက္ခရာတင်နှစ်တိဖြစ်နိုင်ပါရေ ( ကျွန်တော်၏ သုံးသပ်ချက်သာ)။ အေအမှတ်တံဆိပ်ကို ရခိုင်အမျိုးသားနိအတွက် မြောက်ဦးမြို့မှ တစ်မျိုးသားလုံးတံဆိပ်တူမသတ်မှတ်သရွှိ ယာယီသုံးနီခြင်းမှာ အကြောင်းဟိပါသည်။ ရခိုင်လူမျိုးရို့သည် အခြားခြားသော ရှိဦးလူတိပမာ ဗုဒ္ဓမြတ်စွာမပွင့်ပေါ်ခင်က ဗြဟ္မဏအယူဝါဒကိုလက်ကိုင်ထားခကတ်ပါရေ။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ရခိုင်ဓည၀တီပြည့်သျှင် ဘုရင်စန္ဓသူရိယ( စန္ဓ = လမင်း + သူရိယ = နီမင်း )မင်းတရားကြီး၏ စိတ်မနောပင့်ဖိတ်ချက်အရ ဗုဒ္ဓရှင်တော်ရေ ရဟန္တာ ၅၀၀ ဖြင့် ဒေသစာရီကြွချီခပြီးကေ သေလာဂီရိမောရပဗ္ဗတတောင်ထိပ်မှာရပ်တန့်ခပြီးကေ ဓည၀တီနန်းတော်သို့ ကြွရောက်တော်မူ၍ တရားဓမ္မရီအီးတိုက်ကျွေးလျှက် ရခိုင်ပြည်သူအပေါင်း သောတာပန် သကတာကမ် အနာကမ် ရဟန္တာအသီးသီးတည်ပနာ မဟာမြတ်မုဏိရုပ်ရှင်တော်မြတ်ကိုပင် သွန်းလုပ်ခ၏။ ယင်းအချိန်ကပင်စလို့ ရခိုင်လူမျိုးရို.သည် ဗြဟ္မအယူဝါဒ မှ ထေရ၀ါဒဗုဒ္ဓအယူဝါဒကို လက်ခံယုံကြည်ကိုးကွယ်တော်မူခကတ်ပါရေ။ ဤသည်ပင်လျှင် ရခိုင်ရို့သည် ဗုဒ္ဓဘာသာအတွက် စံပြလူမျိုးတစ်မျိုးအဖြစ် သမိုင်းမှတ်တိုင်စိုက်လိုက်ခြင်းပင်။
ဗြဟ္မအယူဝါဒ ခရုသွင်း အမှတ်သင်္ကေတမှသည် ဗုဒ္ဓအယူဝါဒ ကြာပွင့်ကြာပန်းကို ဗုဒ္ဓကိုယ်တိုင်ပန်ဆင်ပီးခံခရရေ လူမျိုးတစ်မျိုး။ ယင်းအတွက်ကြောင့် အေအမှတ်သင်္ကေတပါ ကျောက်ပြားရှည်သည် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးရို.၏ ထူးခြားသော သက်သီသာဓက သမိုင်းပြယုဒ်တစ်ခု ထူးခြားသော အနှစ်သာရတစ်ခုဖြစ်၏။ ယင်းအတွက်ကြောင့်လည်း ဘုရင်မင်းဘာကြီးကိုယ်တိုင် အေကျောက်ပြားရှည်ကို အထွဋ်အမြတ်ထားပြောင်းရွှိထားခခြင်းဖြစ်၏။
ရခိုင်ရို. ခရုသင်း မှ ကြာပန်းဆင်သည့် သင်္ကေတ။ ဗြဟ္မဏ မှ ဗုဒ္ဓသို့ ။ ခရုသင်း မှသည် ကြာပန်း သို့ဖြစ်ပါကြောင်းနန့် ဤကျောက်ပြားရှည်သည် ဗုဒ္ဓအယူ ရခိုင်လူမျိုးရို.အတွက်ထူးခြားတန်ဖိုးကြီးသောသမိုင်းသက်သီတစ်ခုဖြစ်တေအတွက် မြောက်ဦးမြို့ ရခိုင်အမျိုးသားနိ၏ အမှတ်သင်္ကေတအဖြစ် အသုံးပြုထားခြင်းဖြစ်ပါကြောင်းးး
အားလုံးကို လေးစားလျှက်
မြောက်ဦးမြို့ ရခိုင်အမျိုးသားနိ ကျင်းပရေးကော်မတီကိုယ်စား
Twan Ne Wong....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate